အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ မြန်မာနိုင်ငံဆိုင်ရာ Chief of Mission Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၂၃ ရက်တွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် IOM တို့အကြား MoU ရေးထိုးရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ဝန်ကြီး ဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ် များနှင့် ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့် ရှောက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိ သူများ၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (International Organization for Migration- IOM) ၏ Chief of Mission Mr. Dragan Aleksoski နှင့် ကိုယ်စားလှယ်အဖွဲ့တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၄-၈-၂၀၂၃)
- တွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီးဌာန အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် IOM တို့အကြား MoU ရေးထိုးရေး ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များ၊ ဝန်ကြီး ဌာနနှင့် IOM တို့အကြား နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး၍ အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ် များနှင့် ပြည်ပရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်ပတ်သက်၍ ကူညီစောင့် ရှောက်ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့။
Add new comment