တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် ပြင်ဦးလွင်သတင်းတို့မှ တင်ထား သော တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ရွာများတွင် ပေါ်တာဆွဲနေဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ပြည်သူများ နေ့စဉ်လူမှုဘဝတွင် လုံခြုံအေးချမ်းစွာ နေထိုင်သွားလာလှုပ်ရှားနိုင်စေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော စစ်မှုထမ်းနိုင်သည့် တစ်နိုင်ငံလုံးလူငယ်စာရင်းကို တပ်မတော်က အရေးပေါ်တောင်းခံနေပြီး လူငယ်များထွက်မပြေးရန် လက်မှတ်ထိုးဝန်ခံကတိပြုခိုင်းနေဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအတုဖြစ်ပြီး အဆိုပါကဲ့သို့သောလုပ်ရပ်မျိုး တပ်မတော်က ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များအား စစ်ဆေးမှုပြုလုပ်ပြီး ဖမ်းဆီးနေဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများက ပြည်သူများနှင့်ရောနှော၍ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်မှုမရှိစေရန် လို အပ်သော လုံခြုံရေးစစ်ဆေးမှုဆောင်ရွက်ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ DVB TV News မှ တင်ထားသော တပ်မတော်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့မဈေး မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အကြမ်းဖက်သမားများက လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြို့မဈေးပေါ်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သောကြောင့် မြို့မဈေးမီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ မြေလတ်အသံမှ တင်ထားသော မုံရွာမြို့ပေါ်ရပ်ကွက်များနှင့် စက်ရုံအချို့တွင် စစ်မှုထမ်းဆောင်ရန် လူစာရင်းများကောက်ခံလျက်ရှိဟူသော သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ သန်းခေါင်စာရင်းဆိုင်ရာ အချက်အလက်ကောက်ခံမှုများကို တာဝန်ရှိသက်ဆိုင်ရာဝန်ကြီးဌာနနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခြင်းသာဖြစ်ကြောင်း သိရှိရ။
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက အများပြည်သူထိတ်လန့်တုန်လှုပ်ချောက်ချားစေရန် ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ညဘက်တွင် ပေါ်တာဆွဲနေသည့်မဟုတ်မမှန်သတင်းများ၊ အကြမ်းဖက်သမားအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို ပြည်သူများအား သတင်းအမှောင်ချပြီး တစ်ဖက်သတ်စွပ်စွဲ ရေးသားချက်များဖြင့် လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၂-၂၀၂၄)
- တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့ရွာများတွင် ပေါ်တာဆွဲနေဟူသည့် သတင်းသည် သတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ဧည့်စာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်နေခြင်းသာဖြစ်။
- စစ်မှုထမ်းနိုင်သည့် တစ်နိုင်ငံလုံး လူငယ်စာရင်းကို တပ်မတော်က အရေးပေါ် တောင်းခံနေပြီး လူငယ်များထွက်မပြေးရန် လက်မှတ်ထိုးဝန်ခံကတိပြုခိုင်းနေဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအတုဖြစ်ပြီး အဆိုပါကဲ့သို့သောလုပ်ရပ်မျိုး တပ်မတော်က ဆောင်ရွက်ခဲ့ခြင်းမရှိ။
- ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လူငယ်များအား စစ်ဆေးမှုပြုလုပ်ပြီး ဖမ်းဆီးနေဟူသည့်သတင်းသည် သတင်းအမှားဖြစ်။
- တပ်မတော်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့မဈေး မီးလောင်ပျက်စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- မုံရွာမြို့ပေါ်ရပ်ကွက်များနှင့် စက်ရုံအချို့တွင် စစ်မှုထမ်းဆောင်ရန် လူစာရင်းများ ကောက်ခံလျက်ရှိဟူသောသတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
Add new comment