နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားများအား ချောင်းသာကမ်းခြေသို့ အပန်းဖြေခရီးပို့ဆောင်

        နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၊ ဆေးခန်းများတွင် တက်ရောက်ကုသ၍ ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားအရာရှိ၊ စစ်သည်များအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာကမ်းခြေသို့ ဖေဖော်ဝါရီလ ၁၆ ရက်တွင် ပို့ဆောင်ပေးခဲ့ရာ မွန်းလွဲပိုင်းတွင် ပုသိမ်မြို့သို့ရောက်ရှိ၍ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုခဲ့ပြီး မြတ်ကျောင်းတော်ပုသိမ်ထီးလုပ်ငန်းအား သွားရောက်ကြည့်ရှုလေ့လာခဲ့ပါသည်။

ညနေပိုင်းတွင် ချောင်းသာကမ်းခြေသို့ရောက်ရှိခဲ့ပြီး အနောက်တောင်တိုင်းစစ် ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများက ကြိုဆို၍ ဒေသထွက်စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံကာ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၂-၂၀၂၄)

 

  • နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်စဉ် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ကောင်းမွန်လာသည့် တပ်မတော်သားများအား တပ်မတော်အကြီးအကဲ၏ လမ်းညွှန်မှုအရ အနားယူအပန်းဖြေခရီးစဉ်အဖြစ် ချောင်းသာကမ်းခြေသို့ ပို့ဆောင်ပေးခဲ့။

Add new comment