(၅၉) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ ညီလာခံ၊ အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲနှင့် (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ တက်ရောက်

        (၅၉) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ ညီလာခံ၊ အဆင့်မြင့်အရာရှိကြီးများဆွေးနွေးပွဲ(59th SEACEN Governors’ Conference / High Level Seminar) နှင့် (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့၌ ကျင်းပရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါသည်။

(၅၉) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ ညီလာခံကို “စီးပွားရေးလေဆန်ခရီးနှင့် ခေတ်မီနည်းပညာရပ်များနှင့် ငွေရေးကြေးရေးကဏ္ဍတွင် အားလုံးပါဝင်နိုင်ခြင်းတို့အပေါ် အမြင်နှင့်စိန်ခေါ်မှုများ” (Navigating Economic Hea-dwinds and Advancing Finan-cial Inclusion: Perspective and Challenges) ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများက ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြပါသည်။

အရှေ့တောင်အာရှဗဟိုဘဏ်ဥက္ကဋ္ဌများ၏ စကားဝိုင်းဆွေးနွေးပွဲများအနေဖြင့် ဆွေးနွေးပွဲအပိုင်း (၁) ကို ငွေဖောင်းပွမှုကိုဖြစ်ပေါ်စေသည့် အဓိကအကြောင်းအရာများနှင့် ငွေဖောင်းပွမှုနှုန်းဆိုင်ရာ ရည်မှန်းလျာထားချက်များ ရရှိစေရန် ဗဟိုဘဏ်နှင့် ငွေကြေးအာဏာပိုင်များက ဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့်စိန်ခေါ်မှုများ၊ စကားဝိုင်းဆွေးနွေးပွဲအပိုင်း (၂) ကို အတိုးနှုန်းများကို ကာလကြာရှည်စွာမြှင့်တင်ထားမှု၏ သက်ရောက်မှုများနှင့် စိန်ခေါ်မှုများနှင့် စကားဝိုင်းဆွေးနွေးပွဲ အပိုင်း (၃) ကို ငွေရေးကြေးရေးကဏ္ဍတွင် အားလုံးပါဝင်လာနိုင်ရေး ဒစ်ဂျစ်တယ်အခြေခံအဆောက်အအုံ၏အခန်းကဏ္ဍ     စသည့်ခေါင်းစဉ်များဖြင့် ကျင်းပခဲ့ပြီး တက်ရောက်လာကြသည့် ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အဆင့်မြင့်အရာရှိကြီးများက တင်ပြဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အတွေ့အကြုံနှင့် ဗဟုသုတများကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ပါသည်။

(၄၃) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌ နှင့် Bilateral Meeting ပြုလုပ်၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကုန်သွယ်မှုပြုလုပ်ရာတွင် အိန္ဒိယရူပီးနှင့် မြန်မာကျပ်တို့ တိုက်ရိုက်အသုံးပြုရေးနှင့် နှစ်နိုင်ငံအကြား ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ -၂-၂၀၂၄)

 

  • (၄၃) ကြိမ်မြောက် အရှေ့တောင်အာရှဗဟိုဘဏ်များအဖွဲ့ဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေးတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌက အိန္ဒိယနိုင်ငံဗဟိုဘဏ်ဥက္ကဋ္ဌနှင့် Bilateral Meeting ပြုလုပ်၍ မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ကုန်သွယ်မှုပြုလုပ်ရာတွင် အိန္ဒိယရူပီးနှင့် မြန်မာကျပ်တို့ တိုက်ရိုက်အသုံးပြုရေးနှင့် နှစ်နိုင်ငံအကြား ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့။

Add new comment