(၂၀၂၄) ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့ တက်ရောက်ချီးမြှင့်ခဲ့ပါသည်။
(၂၀၂၄) ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီးတို့က နှစ်သစ်ကူးပွဲတော်အခမ်းအနားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်ကို စတင်ကျင်းပခဲ့ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော် နှစ်သစ်ဆုမွန်ကောင်းစကားပြောကြားရာတွင်-
-
၂၀၂၄ ခုနှစ်သည် တရုတ်ရိုးရာအရ နဂါးနှစ်ဖြစ်ပါကြောင်း၊ နဂါးနှစ်သည် တရုတ်လူမျိုးတို့၏ ၁၂ နှစ်တွင် တစ်ကြိမ်သာ ကျရောက်သည့်အတွက် ကံကောင်းခြင်း၊ ကြွယ်ဝချမ်းသာခြင်း၊ ဘုန်းကံကြီးမားခြင်း၊ ဩဇာကြီးခြင်း၊ စီးပွားလာဘ်လာဘများ တိုးပွားခြင်းတို့ကို ကိုယ်စားပြုသည့်နှစ်ဟု သတ်မှတ်ယူဆကြပြီး ကြီးကျယ် ခမ်းနားသည့်ပွဲများနှင့် အရေးကြီးသည့် ဆုံးဖြတ်ချက်များကို ယခုနဂါးနှစ်အတွင်း ကျင်းပလေ့ရှိကြောင်း။
-
တရုတ်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေးကိုကြည့်ပါက မြန်မာနိုင်ငံ၏ ပျူခေတ်တွင် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တရုတ်နိုင်ငံကို သွားရောက်ခဲ့သည့် သမိုင်းမှတ်တမ်းအထောက်အထားများ တွေ့ရှိရကြောင်း၊ အဆိုပါအချက်များသည် ပျူခေတ်မတိုင်မီကတည်းက တရုတ်-မြန်မာ ဆက်ဆံရေးခိုင်မာခဲ့သည်ကို အထင်အရှား တွေ့ရှိရခြင်း ဖြစ်ကြောင်း။
-
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁ နှစ်နှင့် ၉ လခန့်အကြာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့ကြောင်း၊ ထိုသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော် ထူထောင်ခဲ့သည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံး အသိအမှတ်ပြုခဲ့သကဲ့သို့ အဆိုပါအချိန်ကတည်းက တရုတ်တစ်နိုင်ငံတည်းဆိုသည့်မူဝါဒကိုသာ ကိုင်စွဲပြီး ယနေ့အချိန်အထိ ရပ်တည်လျက်ရှိသည့်ခိုင်မာသော အိမ်နီးချင်းနိုင်ငံတစ်ခုပင်ဖြစ်ကြောင်း။
-
တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဟူသည့် ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သည့် နိုင်ငံဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့်လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်းဆွေမွန်ပီသမှုအတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း။
-
မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းလုံခြုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ၊ မူးယစ်ဆေးဝါး တရားမဝင်ထုတ်လုပ်ရောင်းဝယ်မှုများ၊ လူကုန်ကူးမှုများ၊ Online လောင်းကစားမှုများနှင့် Online လိမ်လည်မှုများကို နှိမ်နင်းရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းစဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိကြောင်း။
-
တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်ကြောင်း။
-
မိမိတို့နှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော် ရှိရင်းစွဲ သံယောဇဉ်တရား၊ မေတ္တာတရားများကို အဖိုးတန်အမွေကောင်းများအဖြစ် လက်ခံကျင့်သုံးပြီး အေးချမ်းသာယာသည့် လူမှုအသိုက်အဝန်းတစ်ခုကို လက်တွဲထူထောင်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားခဲ့။
မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးက နှစ်သစ်ဆုတောင်း စကား ပြောကြားရာတွင်-
-
ယခုကဲ့သို့ (၂၀၂၄) ခုနှစ် ရွှေနဂါးတရုတ် နှစ်သစ်ကူးပွဲတော်သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ အဖွဲ့ဝင်များနှင့်အတူ တက်ရောက်ချီးမြှင့်ပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ဧည့်သည်တော်များအားလုံး နှစ်သစ်အခါသမယတွင် နဂါးကဲ့သို့ တင့်တယ်ခြင်း၊ အားမာန်ပြည့်ဝခြင်းတို့ဖြင့် တိုးတက်ကြပါစေရန် ဆုမွန်ကောင်းတောင်းကြောင်း၊ ပြီးခဲ့သည့် နှစ်များအတွင်း တရုတ်-မြန်မာနှစ်နိုင်ငံအကြား ကဏ္ဍအသီးသီး၌ အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ယုံကြည်မှုများနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ကြောင်း၊
-
နှစ်သစ်တွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံရှိ ပြည်သူများအနေဖြင့် ငြိမ်းချမ်းခြင်း၊ ချစ်ခင်ခြင်း၊ အပြန်အလှန်လေးစားခြင်းတို့ဖြင့် ပြည့်ဝပြီး နှစ်နိုင်ငံအကျိုးအတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲပါစေကြောင်းနှင့် တရုတ်-မြန်မာ လူသားမျိုးနွယ်များ တိုးတက်မှုအတွက် အတူတကွ ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်းဖြင့် ဆုမွန်ကောင်းစကားပြောကြားခဲ့။
အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရုတ်ရိုးရာယဉ်ကျေးမှု ပြခန်းများနှင့် အစားအသောက်ပြခန်းများကို လှည့်လည်ကြည့်ရှုခြင်း၊ တရုတ်ရိုးရာနှစ်သစ်ကူးအထိမ်းအမှတ် ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခြင်း၊ တရုတ်-မြန်မာချစ်ကြည်ရေးတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် တရုတ်နိုင်ငံမှလာရောက်သည့် တရုတ်ရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ မြဝတီယဉ်ကျေးမှုအဖွဲ့နှင့် အနုပညာရှင်များ၊ ချစ်ကြည်ရေးစားပွဲတင်တင်းနစ်အားကစားအဖွဲ့ဝင်များကို ချီးမြှင့်ငွေများနှင့် အမှတ်တရ လက်ဆောင်ပန်းခြင်းများ ပေးအပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၂-၂၀၂၄)
-
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး ၁ နှစ်နှင့် ၉ လခန့်အကြာတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ထူထောင်ခဲ့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်ထူထောင်ခဲ့သည့်အပေါ် မြန်မာနိုင်ငံအနေဖြင့် ပထမဦးဆုံးအသိအမှတ်ပြုခဲ့သကဲ့သို့ အဆိုပါအချိန်ကတည်းက တရုတ်တစ်နိုင်ငံတည်းဆိုသည့်မူဝါဒကိုသာ ကိုင်စွဲပြီး ယနေ့အချိန်အထိ ရပ်တည်လျက်ရှိသည့်ခိုင်မာသော အိမ်နီးချင်းနိုင်ငံတစ်ခုပင်ဖြစ်။
-
တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက် အိမ်နီးချင်းကောင်းဟူသည့် ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့် ရပ်တည်ပေးခဲ့သည့် နိုင်ငံဖြစ်၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးရာကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့်လမ်းကြောင်းအတိုင်း ရပ်တည်ပေးလျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် တရုတ်လူမျိုးတို့၏ မိတ်ကောင်းဆွေမွန်ပီသမှုအတွက် အထူးပင်ကျေးဇူးတင်ရှိ။
-
မိမိတို့နှစ်နိုင်ငံသည် ဆွေမျိုးပေါက်ဖော် ရှိရင်းစွဲ သံယောဇဉ်တရား၊ မေတ္တာတရားများကို အဖိုးတန်အမွေကောင်းများအဖြစ် လက်ခံကျင့်သုံးပြီး အေးချမ်းသာယာသည့် လူမှုအသိုက်အဝန်းတစ်ခုကို လက်တွဲထူထောင်သွားကြရန် တိုက်တွန်းပြောကြားလို။
-
နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲပါစေကြောင်းနှင့် တရုတ်-မြန်မာ လူသားမျိုးနွယ်များ တိုးတက်မှုအတွက် အတူတကွ ကြိုးပမ်းသွားကြမည်ဖြစ်ကြောင်းဖြင့် ဆုမွန်ကောင်းစကားပြောကြားခဲ့။
Add new comment