ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်များမှ ကောက်နုတ်ချက်များ

         ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အချို့သော အကြမ်းဖက်အဖွဲ့များက သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်နေသောကြောင့် ပြည်သူလူထုကြားထဲတွင် ဝေဖန်မှုများနှင့်  စိုးရိမ်ပူပန်မှုများ မြှင့်တက်လျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထုတစ်ရပ်လုံး၊ တိုင်းရင်းသားမိဘပြည်သူ များအားလုံး ပိုမိုသိရှိနားလည်သဘောပေါက်စေရန် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖေါ်ဝါရီလ ၁၃ ရက်မှ ၁၉ ရက်အတွင်းတွင် အောက်ပါအတိုင်းထုတ်ပြန်ပြောကြားခဲ့ပါသည်။

ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် ပြောကြားချက်များမှာ-

  • ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်းသည် ပြည်တွင်း၊ ပြည်ပဘေးအန္တရာယ်ထက် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည့်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း။

  • နိုင်ငံတကာတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အမျိုးသားစစ်မှုထမ်းစနစ် National Service တို့နှင့်ပတ်သက်၍ အမျိုးမျိုးပြဋ္ဌာန်းပြီး လုပ်ဆောင်ခြင်းများ ရှိကြောင်း။

  • မြန်မာနိုင်ငံတွင် အိမ်နီးချင်း ၅ နိုင်ငံရှိပြီး အထက်ပါဥပဒေမပြဋ္ဌာန်းထားသည့် နိုင်ငံ ၂ နိုင်ငံရှိကြောင်း၊ ကျန် ၃ နိုင်ငံတွင် ၎င်းဥပဒေပြဋ္ဌာန်းပြီးဖြစ်သော်လည်း လက်တွေ့မလုပ်ဆောင်သည့် နိုင်ငံ ၁ နိုင်ငံ၊ Partianly ဆောင်ရွက်နေသည့်နိုင်ငံတစ်နိုင်ငံနှင့် လက်တွေ့အပြည့်အဝ လုပ်ဆောင်နေသည့် နိုင်ငံ ၁ နိုင်ငံရှိကြောင်း။

  • ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ယခုပြဋ္ဌာန်းလိုက်သည့်  ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးသာ အကျုံးဝင်ပြီး   ၎င်းတို့အနေဖြင့် တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်ရမည် မဟုတ်ကြောင်း။

  • အကျုံးဝင်သည့် လူဦးရေ ၁၃ သန်းတွင် အမျိုးသမီးတွေကို ထည့်မတွက်ပဲ အမျိုးသားတွေကိုသာ ထည့်တွက်မည်ဆိုပါက  ၆ ဒသမ ၃ သန်း၏ တစ်ရာခိုင်နှုန်းဆိုလျှင် ခြောက်သောင်းသုံးထောင်၊ နှစ်ရာခိုင်နှုန်းဆိုလျှင် တစ်သိန်းနှစ်သောင်း၊ ၁၀ ရာခိုင်နှုန်းဆိုလျှင် လူဦးရေ ၆ သိန်းရှိမည်ဖြစ်ကြောင်း၊  ကျွန်တော်တို့အနေဖြင့် ဒီလောက် လူဦးရေမလိုနိုင်ကြောင်း။

  • မြန်မာနိုင်ငံတွင် ရပ်ကွက်၊ ကျေးရွာပေါင်း ၆ သောင်းရှိကြောင်းနှင့် ရပ်ကွက်တစ်ခုတွင် စစ်မှုထမ်းဆောင်ရန်နှင့်  ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာအကြောင်းမရှိကြောင်း။

  • လေ့ကျင့်ရေးပိုင်းတွင် အဆင့်အလိုက် စစ်သည်များနှင့် တန်းတူလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး ရသင့်ရထိုက်သည့် လစာ၊ ရိက္ခာ၊ ခံစားခွင့်အားလုံးကို နိုင်ငံတော်ဘတ်ဂျက်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။

  • ပုဒ်မ ၂၂ အရ သာသနာ့ဝန်ထမ်းများနှင့် အိမ်ထောင်သည်အမျိုးသမီးများ ကင်းလွတ်ခွင့်ရကြောင်းနှင့် ပုဒ်မ ၁၅ အရ ယာယီရွှေ့ဆိုင်းခွင့်ရသူများရှိကြောင်း။

  • ယာယီရွှေ့ဆိုင်းခွင့်ရသူများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားများနှင့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသောသူများ ပါဝင်ကြောင်း၊ ၎င်းတို့အနေဖြင့် လုပ်ငန်းတာဝန်များ ပြီးမြောက်သွားချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အချိုးကျ ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း။

  • ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသားနယ်မြေများတွင် မဖြစ်မနေ အသက် ၁၅ နှစ်မှ အသက် ၅၀ ကြား တစ်အိမ်လျှင်တစ်ယောက်၊ အချို့နေရာများတွင် တစ်အိမ်လျှင်နှစ်ယောက်၊ ယောက်ျား၊ မိန်းမမရွေး အတင်းအကျပ် သောင်းကျန်းသူအဖွဲ့ထဲ ခေါ်သွင်းနေသည့်အပေါ်        ပြည်ဖျက်မီဒီယာတွေအနေဖြင့် မည်သည့်အသံမှ မထွက်ပဲ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍သာ ဝိုင်းဝန်းအသံထွက်နေသည်များကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။

  • အကြောင်းမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား နိုင်ငံတော်ကာကွယ်ရေးပညာ တတ်သွားမည်ကိုလည်းကောင်း၊  နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရင်း စည်းလုံးညီညွတ်မှုရှိသွားမည်ကိုလည်းကောင်း၊  အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်လာမည်ကိုလည်းကောင်း စိုးရိမ်သောကြောင့် ပြည်ဖျက်မီဒီယာများနှင့် အချို့သော အကြမ်းဖက်အဖွဲ့များက သွေးထိုးလှုံ့ဆော်မှုများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

  • ကျွန်တော်တို့အနေဖြင့် ယခုအစိုးရတစ်ဆက်တည်းအတွက် မဟုတ်ပဲ နောင်ဒီမိုကရေစီအစိုးရအဆက်ဆက်အတွက် ရေရှည်မျှော်မှန်းပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။

  • ကျွန်တော်တို့အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အတူ အရန်တပ်ဖွဲ့ဥပဒေကိုလည်း အာဏာတည်စေမည်ဖြစ်ကြောင်းနှင့် ၎င်းဥပဒေသည် အဓိကအနေဖြင့် စစ်မှုထမ်းများနှင့်စစ်မှုထမ်းဟောင်းများနှင့်သာ သက်ဆိုင်ကြောင်း။

  • တပ်မတော်မှ နုတ်ထွက်ခွင့်၊ အငြိမ်းစားယူခွင့်ရသည့် နေ့မှစပြီး ငါးနှစ်အတွင်း အကျုံးဝင်သူများသည် အရန်အဖြစ် အရန်တပ်ဖွဲ့၌ စစ်မှုထမ်းဆောင်ရန် တာဝန်ရှိကြောင်း၊  အကျုံးဝင်သူများအားလုံးကို တာဝန်ထမ်းဆောင်ခွင့်ပေးမည်မဟုတ်ပဲ တကယ့်ကို နိုင်ငံတော်အတွက် လိုအပ်တဲ့သူတွေလောက်ကိုသာ တာဝန် ထမ်းဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း။

  • ပြည်သူ့စစ်မှုထမ်းဥပဒေအား ဆောင်ရွက်ရာတွင် ကျွန်တော်တို့အနေဖြင့်  Professional စစ်သားတစ်ယောက်၊ Professional နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်သည့်သူတွေလိုပင် စစ်ပညာ၊ နိုင်ငံတော်ကာကွယ်ရေးပညာများကို အပြည့်အဝသင်ကြားပြီးမှ တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း။

  • ပြည်သူ့စစ်မှုထမ်းစနစ်ကို ဆောင်ရွက်တဲ့အခါတွင် ကျွန်တော်တို့အနေဖြင့် မိမိ၏သက်ဆိုင်ကျွမ်းကျင်သည့် ပညာရပ်တွေအလိုက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေခံစစ်ပညာသင်ကြားပြီး ဒီတာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖေဖေါ်ဝါရီလ ၁၄ ရက်တွင် ပြောကြားချက်များမှာ-

  • ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေများအား အတည်ပြုပြဋ္ဌာန်းလိုက် သည့်အပေါ် ပြည်ဖျက်မီဒီယာများ၊ သောင်းကျန်းသူအဖွဲ့အစည်းများနှင့် အကြမ်းဖက် အဖွဲ့အစည်းများက မိဘပြည်သူများနှင့်  တချို့သော လူငယ်၊ လူရွယ်များ ထင်ယောင်ထင်မှားဖြစ်အောင် တမင်ဖန်တီးပြီး သွေးထိုးလှုံ့ဆော်နေခြင်းများရှိကြောင်း။

  • လူငယ်၊ လူရွယ်များအား ဥပဒေပြင်ပသို့ရောက်ပြီး သူတို့ကဲ့သို့ အကြမ်းဖက် သမားဘဝမျိုးသို့ရောက်အောင် တွန်းပို့နေခြင်းဖြစ်ကြောင်းနှင့် ဥပဒေလမ်းကြောင်းမှန် အတိုင်းနေချင်သော နိုင်ငံချစ်စိတ်ရှိ၊ မျိုးချစ်စိတ်ရှိသည့် လူငယ်၊ လူရွယ်များအား ပြောင်းလဲသွားအောင် ပစ်မှတ်ထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံချိန်တွင် “ပြည်တွင်း၊ ပြည်ပအန္တရာယ်ဆိုခြင်းထက် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တိုင်းရင်းသားပြည်သူအားလုံး၊ လူငယ်၊ လူရွယ်အားလုံးတတ်သိရမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်စောင့် ရှောက်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဟုပြောကြားခဲ့ကြောင်း။

  • သင်တန်းပြီးမြောက်ချိန်တွင် မိမိတို့ရပ်ရွာဒေသတွင်ရှိသည့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့များတွင်သာ တာဝန်ထမ်းဆောင်စေရေးအတွက် ရည်ရွယ်ကြောင်း၊ စစ်တိုက်ရန်ဆိုခြင်းထက် လုံခြုံရေးနှင့် ကာကွယ်ရေးကို မည်ကဲ့သို့သောအမြင်များဖြင့်  တာဝန်ထမ်းဆောင်ရမည်ကိုသိစေရန် ရည်ရွယ်ကြောင်း။

  • ပြည်သူ့စစ်မှုထမ်းဥပဒေအရ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာအဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းသွားမည် ဖြစ်ပြီး စနစ်တကျ ခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် ပြောကြားချက်များမှာ-

  • လုံခြုံရေးတပ်ဖွဲ့တွေက မြို့ရွာများတွင် ပေါ်တာဆွဲနေသည်ဟု  ပြည်ဖျက်မီဒီယာများက အဆက်မပြတ် လုပ်ကြံဖန်တီးပြီး  ထုတ်လွှင့်နေခြင်းများရှိကြောင်း။

  • အကြမ်းဖက်သမားအနေဖြင့် မြို့ရွာများတွင် စိမ့်ဝင်ပြီး ဗုံးထောင်ဖောက်ခွဲခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝများ လုံခြုံအေးချမ်းစွာနေထိုင်သွားလာ လှုပ်ရှားနိုင်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းကဲ့သို့သော လိုအပ်သည့် စစ်ဆေးခြင်းများကို မြို့ရွာများတွင်  ဆောင်ရွက်နေခြင်းဖြစ်။

  • ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဧည့်စာရင်းမတိုင်ဘဲ နေထိုင်သူများ၊ အိမ်ထောင်စုစာရင်းမဝင်သောသူများ၊ အိမ်ထောင်စုစာရင်း မပြနိုင်သောသူများအား  စစ်ဆေးတွေ့ရှိခဲ့လျှင် သက်ဆိုင်ရာရဲစခန်းနှင့် သက်ဆိုင်ရာဌာနများက ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း။

  • မီဒီယာအချို့နှင့် အချို့သောလူမှုကွန်ရက်စာမျက်နှာများက  ပြည်သူများ၏ ပြည်ပ ထွက်ခွာခွင့်များနှင့်ပတ်သက်၍ တားဆီးပိတ်ပင်နေခြင်းများရှိသည်ဟု ကောလာ ဟလများ ထုတ်လွှင့်နေကြောင်း၊ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး သီးခြား ထုတ်ပြန်ပြီးကန့်သတ်ထားခြင်း မရှိကြောင်းကို ရှင်းလင်းစွာအသိပေးလိုကြောင်း။

  • ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းအားဖြင့် လူငယ်လူရွယ်များသည် မိမိနိုင်ငံကို ကာကွယ်နိုင်မည့် အသိပညာ၊ အတတ်ပညာများကို တတ်မြောက်စေမည့် အကျိုးကျေးဇူးများရရှိသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရန်ကုန်တိုင်းဒေသကြီးတွင် YMBA ဗုဒ္ဓကလျာဏယုဝအသင်း (ဗဟို) မှ အဖွဲ့ဝင်များအား တွေ့ဆုံစဉ် တိုင်းပြည်၏ အနာဂတ်ဖြစ်သည့် လူငယ်၊ လူရွယ်များနှင့်ပတ်သက်၍ နိုင်ငံတော်နှင့် နိုင်ငံ့အကြီးအကဲ၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များနှင့်ပတ်သက်၍ ပြောကြားခဲ့ရာ  ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖေါ် ဝါရီလ ၁၇ ရက်တွင်  ပြန်လည်ရှင်းလင်းပြောကြားခဲ့ရာတွင်-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များတွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များအား မွေးထုတ်ပေးနိုင်ရန်နှင့် လေ့ကျင့်ပေး နိုင်ရန်ဆိုသည့် ဦးတည်ချက်များ ပါဝင်သည်ကို အသေးစိတ်ပြောပြခဲ့ကြောင်း။

  • လူငယ်များသည် လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေ၊ ပထဝီနိုင်ငံရေးအခြေအနေ များအရ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ပြည့်ဝနေရန် အရေးကြီးသည့်အတွက် ပြည်သူ့စစ်မှုထမ်းစနစ် တစ်နည်းအားဖြင့် အမျိုးသားစစ်မှုထမ်းစနစ်ကို စတင် ကျင့်သုံးရခြင်းဖြစ်ကြောင်း။

  • ကျွန်တော်တို့အနေဖြင့် ပြည်သူ့စစ်မှုထမ်းစနစ်အား လက်တွေ့အကောင်အထည်ဖော်ရာတွင်  စနစ်တကျကောင်းမွန်သော လေ့ကျင့်မှု (Well Train)၊ စုဖွဲ့မှု (Well Organization)၊ ပြင်ဆင်မှု (Well Preparing) များအား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

  • နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် ကာကွယ်ရေးတာဝန်ထမ်းဆောင်နိုင်ရန် စစ်နည်းပညာရပ်များ၊ ကာကွယ်ရေးပညာရပ်များ သင်ကြားပေးခြင်းဖြင့် လူငယ်များအား မိမိကိုယ်ကိုယုံကြည်စိတ်၊ မိမိအဖွဲ့အစည်းအပေါ် ယုံကြည်စိတ်၊ မိမိနိုင်ငံအပေါ်ယုံကြည်စိတ်၊ မိမိလူမျိုးအပေါ် ယုံကြည်စိတ်တွေ တိုးမြင့်လာမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အထက်ပါ ရှင်းလင်းပြောကြားချက်များကို ပြည်သူလူထုတစ်ရပ်လုံး၊ မိဘပြည်သူများနှင့် လူငယ်အားလုံးကသိရှိပြီး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာနှင့် ဂုဏ်ယူစွာ ထမ်းဆောင်နိုင်ကြစေလိုကြောင်း၊ မြန်မာဆိုသည့်အခေါ်အဝေါ် ကမ္ဘာတည်သရွေ့တည်ရှိနိုင်စေရန် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေး အသိပညာ၊ အတတ်ပညာများအား အားလုံးတတ်မြောက်ပြည့်ဝအောင် ဆောင်ရွက် သွားကြရန်လိုကြောင်း၊  “တပ်မတော်ဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေးအဖွဲ့အစည်း ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်းဖြင့် အဖွဲ့အစည်းနှင့် လုပ်တတ်ကိုင်တတ်သည့်စိတ်ဓာတ် ရရှိလာမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှိတဲ့သူတွေ၊ နိုင်ငံချစ်စိတ်ရှိတဲ့သူတွေအချင်းချင်း၊ မိတ်ဆွေတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များရရှိသွားမည်ဖြစ်ကြောင်း၊ ဒီနိုင်ငံ၊ ဒီလူမျိုးကို ဒီနိုင်ငံသား၊ ဒီလူမျိုးက မကာကွယ်လျှင် အခြားလူမျိုးများက ကာကွယ်သွားမည်ဖြစ်ကြောင်း၊ မိဘ ပြည်သူများ၊ မျိုးချစ်စိတ်ရှိကြတဲ့၊ နိုင်ငံချစ်စိတ်ရှိကြသည့် လူငယ်လူရွယ်များက အလေးထားကြရန် အသိတရားထားကြရန် တိုက်တွန်းလိုသည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၂-၂၀၂၄)

 

ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် ပြောကြားခဲ့သော ပြောကြားချက်များမှ ကောက်နုတ်ချက်-

  • ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ယခုပြဋ္ဌာန်းလိုက်သည့်  ပြည်သူ့စစ်မှုထမ်းဥပဒေတွင် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးသာ အကျုံးဝင်ပြီး ၎င်းတို့အနေဖြင့် တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်ရမည်မဟုတ်။

  • မြန်မာနိုင်ငံတွင် ရပ်ကွက်၊ ကျေးရွာပေါင်း ၆ သောင်းရှိပြီး ရပ်ကွက်တစ်ခုတွင် စစ်မှုထမ်းဆောင်ရန်နှင့်  ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာအကြောင်းမရှိ။

  • ပုဒ်မ ၂၂ အရ သာသနာ့ဝန်ထမ်းများနှင့် အိမ်ထောင်သည်အမျိုးသမီးများ ကင်းလွတ်ခွင့်ရ၊ ပုဒ်မ ၁၅ အရ ယာယီရွှေ့ဆိုင်းခွင့်ရသူများရှိ။

  • ယာယီရွှေ့ဆိုင်းခွင့်ရသူများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားများနှင့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသောသူများပါဝင်ပြီး ၎င်းတို့ အနေဖြင့် လုပ်ငန်းတာဝန်များ ပြီးမြောက်သွားချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အချိုးကျ ထမ်းဆောင်သွားရမည်ဖြစ်။

  • ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသားနယ်မြေများတွင် မဖြစ်မနေ အသက် ၁၅ နှစ်မှ အသက် ၅၀ ကြား တစ်အိမ်လျှင် တစ်ယောက်၊ အချို့နေရာများတွင် တစ်အိမ်လျှင် နှစ်ယောက်၊ ယောက်ျား၊ မိန်းမ မရွေး အတင်းအကြပ် သောင်းကျန်းသူအဖွဲ့ထဲ ခေါ်သွင်းနေသည့်အပေါ် ပြည်ဖျက်မီဒီယာတွေအနေဖြင့် မည်သည့်အသံမှ မထွက်ပဲ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍သာ ဝိုင်းဝန်းအသံ ထွက်နေသည်များ ကိုလည်း တွေ့ရမည်ဖြစ်။

  • မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား နိုင်ငံတော်ကာကွယ်ရေးပညာတတ်သွားမည်ကို လည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရင်း စည်းလုံးညီညွတ်မှု ရှိသွားမည်ကိုလည်းကောင်း၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်လာမည်ကိုလည်းကောင်း စိုးရိမ်သောကြောင့် ပြည်ဖျက်မီဒီယာများနှင့် အချို့သော အကြမ်းဖက် အဖွဲ့များက သွေးထိုးလှုံ့ဆော်မှုများကို ဆောင်ရွက်နေခြင်းဖြစ်။

ဖေဖေါ်ဝါရီလ ၁၄ ရက်တွင် ပြောကြားခဲ့သော ပြောကြားချက်များမှ ကောက်နုတ်ချက်-

  • ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေများအား အတည်ပြုပြဋ္ဌာန်းလိုက်သည့် အပေါ် ပြည်ဖျက်မီဒီယာများ၊ သောင်းကျန်းသူအဖွဲ့အစည်းများနှင့် အကြမ်းဖက်အဖွဲ့ အစည်းများက မိဘပြည်သူများနှင့်  တချို့သော လူငယ်၊ လူရွယ်များ ထင်ယောင်ထင်မှား ဖြစ်အောင် တမင်ဖန်တီးပြီး သွေးထိုးလှုံ့ဆော်နေခြင်းများရှိ။

  • လူငယ်၊ လူရွယ်များအား ဥပဒေပြင်ပသို့ရောက်ပြီး သူတို့ကဲ့သို့ အကြမ်းဖက်သမား ဘဝမျိုးသို့ရောက်အောင် တွန်းပို့နေခြင်းဖြစ်၊ ဥပဒေလမ်းကြောင်းမှန်အတိုင်းနေချင်သော နိုင်ငံချစ်စိတ်ရှိ၊ မျိုးချစ်စိတ်ရှိသည့် လူငယ်၊ လူရွယ်များအား ပြောင်းလဲသွားအောင် ပစ်မှတ်ထားဆောင်ရွက်နေခြင်းဖြစ်။

  • သင်တန်းပြီးမြောက်ချိန်တွင် မိမိတို့ရပ်ရွာဒေသတွင်ရှိသည့် လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့ များတွင်သာ တာဝန်ထမ်းဆောင်စေရေးအတွက် ရည်ရွယ်၊ စစ်တိုက်ရန်ဆိုခြင်းထက် လုံခြုံရေးနှင့် ကာကွယ်ရေးကို မည်ကဲ့သို့သောအမြင်များဖြင့်  တာဝန်ထမ်းဆောင်ရမည် ကိုသိစေရန်။

  • ပြည်သူ့စစ်မှုထမ်းဥပဒေအရ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာအဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းသွားမည်ဖြစ်ပြီး စနစ်တကျ ခေါ်ယူသွားမည်ဖြစ်။

ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် ပြောကြားခဲ့သော ပြောကြားချက်များမှ ကောက်နုတ်ချက်-

  • အကြမ်းဖက်သမားအနေဖြင့် မြို့ရွာများတွင် စိမ့်ဝင်ပြီး ဗုံးထောင်ဖောက်ခွဲခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ၏ နေ့စဉ်လူနေမှု ဘဝ၊ လူမှုစီးပွားဘဝများ လုံခြုံအေးချမ်းစွာနေထိုင်သွားလာ လှုပ်ရှားနိုင်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအုပ်ချုပ်ရေး ပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းကဲ့သို့သော  လိုအပ်သည့် စစ်ဆေးခြင်း များကို မြို့ရွာများတွင်  ဆောင်ရွက်နေခြင်းဖြစ်။

  • ဧည့်စာရင်းမတိုင်ဘဲ နေထိုင်သူများ၊ အိမ်ထောင်စုစာရင်းမဝင်သောသူများ၊ အိမ်ထောင်စုစာရင်း မပြနိုင်သောသူများအား  စစ်ဆေးတွေ့ရှိခဲ့လျှင် သက်ဆိုင်ရာ ရဲစခန်းနှင့် သက်ဆိုင်ရာဌာနများက ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်။

  • မီဒီယာအချို့နှင့် အချို့သောလူမှုကွန်ရက်စာမျက်နှာများက  ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ တားဆီးပိတ်ပင်နေခြင်းများရှိသည်ဟု ကောလာဟလများ ထုတ်လွှင့်နေကြောင်း၊ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး သီးခြားထုတ်ပြန်ပြီးကန့်သတ်ထားခြင်း မရှိကြောင်းကို ရှင်းလင်းစွာအသိပေးလို။

ဖေဖေါ်ဝါရီလ ၁၇ ရက်တွင် နိုင်ငံတော်ဝန်ကြီးချုပ်နှင့် YMBA ဗုဒ္ဓကလျာဏယုဝ အသင်း (ဗဟို) မှ အဖွဲ့ဝင်များ တွေ့ဆုံစဉ် နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြောကြားချက်များအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်း ပြန်လည်ရှင်းလင်းပြောကြားခဲ့သည့် ကောက်နုတ်ချက်များ-

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက်များတွင် ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များအား မွေးထုတ်ပေးနိုင်ရန်နှင့် လေ့ကျင့်ပေးနိုင်ရန် ဆိုသည့် ဦးတည်ချက်များပါဝင်သည်ကို အသေးစိတ်ပြောပြခဲ့။

  • ကျွန်တော်တို့အနေဖြင့် ပြည်သူ့စစ်မှုထမ်းစနစ်အား လက်တွေ့အကောင်အထည်ဖော်ရာတွင်  စနစ်တကျကောင်းမွန်သော လေ့ကျင့်မှု (Well Train)၊ စုဖွဲ့မှု (Well Organization)၊ ပြင်ဆင်မှု (Well Preparing) များအား ဆောင်ရွက်သွားမည်ဖြစ်။

vidos: 

Add new comment