၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပပို့ကုန်များ တိုးမြှင့်ဆောင်ရွက်လျက်ရှိ

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူစဉ်ကာလအတွင်း နယ်စပ် ကုန်သွယ်ရေးစခန်းများနှင့် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ပြည်ပပို့ကုန် များ တိုးမြှင့်ဆောင်ရွက်လျက်ရှိရာ-

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၄ ရက်အထိ လေးလတာကာလ အတွင်း လက်ဝတ်ရတနာနှင့်သဘာဝဓာတ်ငွေ့အပါအဝင် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃,၂၅၁ ဒသမ ၃၆၄ သန်းရရှိရာ နိုင်ငံပိုင်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁,၁၆၂ ဒသမ ၄၅၇ သန်းနှင့် ပုဂ္ဂလိကတင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၂,၀၈၈ ဒသမ ၉၀၇ သန်းရရှိထား။

  • မောင်တောကုန်သွယ်ရေးစခန်း၏ ယခုဘဏ္ဍာနှစ် ဩဂုတ်လ ကုန်သွယ်မှုလျာ ထားချက်မှာ ပို့ကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်း၊ သွင်းကုန်အမေရိကန် ဒေါ်လာ သုည ဒသမ ၀၃၀ သန်း၊ ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၁ ဒသမ ၅၃၀ သန်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်မှ ၁၅ ရက်အထိ ဆောင်ရွက်နိုင်မှု မှာ ပို့ကုန်အမေရိကန်ဒေါ်လာ သုည ဒသမ ၇၆၂ သန်းဖြစ်ကာ စုစုပေါင်းကုန်သွယ် မှုပမာဏ အမေရိကန်ဒေါ်လာ သုည ဒသမ ၇၆၂ သန်း ဆောင်ရွက်နိုင်ခဲ့၍ လျာထားချက်အပေါ် ၄၉ ဒသမ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့။

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ လေးလတာကာလ အတွင်း မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပမာဏအနေဖြင့် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁,၄၈၀ ဒသမ ၉၃၇ သန်းနှင့် သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၆၄၆ ဒသမ ၉ သန်း စုစုပေါင်း အမေရိကန်ဒေါ်လာ ၂,၁၂၇ ဒသမ ၈၃၇ သန်း ရှိပြီဖြစ်။

ပြီးခဲ့သည့်နှစ်ကာလတူက မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁,၇၁၁ ဒသမ ၁၄၆ သန်း သာရရှိခဲ့သည့်အတွက် ယခုနှစ်နှင့် နှိုင်း ယှဉ်ပါက ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁၆ ဒသမ ၆၉၁ သန်း ပိုမိုကြောင်း သိရှိရ ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၈-၂၀၂၃)

 

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဩဂုတ်လ ၄ ရက်အထိ လက်ဝတ်ရတနာနှင့် သဘာဝဓာတ်ငွေ့အပါအဝင် စက်မှုကုန်ချောပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ် လာ ၃,၂၅၁ ဒသမ ၃၆၄ သန်းရရှိ။

  • မောင်တောကုန်သွယ်ရေးစခန်း ဩဂုတ်လ ကုန်သွယ်မှုလျာထားချက်၏ ၄၉ ဒသမ ၈၀ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့။

  • ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ ဇူလိုင်လ ၂၈ ရက်အထိ မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၂,၁၂၇ ဒသမ ၈၃၇ သန်း ရှိပြီး ပြီးခဲ့သည့်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ယခုနှစ်တွင် အမေရိကန် ဒေါ်လာ ၄၁၆ ဒသမ ၆၉၁ သန်း ပိုမို။

 

Add new comment