မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားများကို ဩဂုတ်လ ၁၆ ရက်မှ ၂၂ ရက်အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုသို့ ကျင်းပပြုလုပ်ရာတွင်-
-
ဩဂုတ်လ ၁၆ ရက်တွင် အလုပ်သမားဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၌လည်းကောင်း။
-
ဩဂုတ်လ ၁၇ ရက်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့၌လည်းကောင်း။
-
ဩဂုတ်လ ၁၈ ရက်တွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနတို့၌လည်းကောင်း။
-
ဩဂုတ်လ ၂၁ ရက်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပညာရေးဝန်ကြီးဌာနတို့၌လည်းကောင်း။
-
ဩဂုတ်လ ၂၂ ရက်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ် ရေးရာဝန်ကြီးဌာနတို့၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့။
အခမ်းအနားများတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက မဲဆန္ဒရှင်ပြည်သူတစ်ယောက်အနေဖြင့် Myanmar Electronic Voting Machine (MEVE) စက်အသုံးပြု၍ မဲပေးခြင်းဖြင့် မိမိမဲပေးရွေးချယ်ခဲ့သည့် ပါတီ/ကိုယ်စားလှယ်၏ တံဆိပ်အမှတ်အသားပါ ဆန္ဒမဲဖြတ်ပိုင်းသည် ပရင်တာမှ ထွက်ပေါ်လာမည်ဖြစ်ပြီး ၃ စက္ကန့်အကြာတွင် အောက်ဘက်ရှိမဲပုံးအတွင်းသို့ အလိုအလျောက် ကျဆင်းသွားသည်ကို မြင်တွေ့နေရသည့်အတွက် ပွင့်လင်းမြင်သာ၍ စိတ်ချယုံကြည်စွာ မဲပေးနိုင်ကြောင်း၊ လက်တွေ့စမ်းသပ်ဆန္ဒမဲပေးသူများ၏ ဆန္ဒမဲပေးပြီး ပြန်လည်စစ်ဆေးကြည့်ရှုမှုများ အရ ဆန္ဒမဲပေးမှုများမှာ ရာနှုန်းပြည့်မှန်ကန်မှုရှိကြောင်း တွေ့ရှိရသည့်အတွက် MEVE စက်ဖြင့် ဆန္ဒမဲပေးခြင်းသည် မသမာမှုမရှိနိုင်ကြောင်းနှင့် ယုံကြည်စိတ်ချရမှု အပြည့်အဝ ရှိသည်ကို တွေ့ရှိရကြောင်း၊ ရိုက်နှိပ်ဖြန့်ဝေဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမ သမာမှုများ မဖြစ်ပေါ်နိုင်သည့်အပြင် ပယ်မဲများ မရှိတော့သည့်အတွက် မဲဆန္ဒရှင်များ ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်းများလည်း မရှိနိုင်တော့သည့် အကျိုး ကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားများသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၈-၂၀၂၃)
-
မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားများကို ဝန်ကြီးဌာနအသီးသီးတို့၌ ကျင်းပ ပြုလုပ်ခဲ့။
-
လက်တွေ့စမ်းသပ်ဆန္ဒမဲပေးသူများ၏ ဆန္ဒမဲပေးပြီး ပြန်လည်စစ်ဆေးကြည့်ရှုမှုများ အရ ဆန္ဒမဲပေးမှုများမှာ ရာနှုန်းပြည့်မှန်ကန်မှုရှိကြောင်း တွေ့ရှိရသည့်အတွက် MEVE စက်ဖြင့် ဆန္ဒမဲပေးခြင်းသည် မသမာမှုမရှိနိုင်။
-
ရိုက်နှိပ်ဖြန့်ဝေဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမသမာမှုများ မဖြစ်ပေါ်နိုင် သည့်အပြင် ပယ်မဲများမရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်းများလည်း မရှိနိုင်တော့သည့် အကျိုးကျေးဇူးများ ရရှိနိုင် မည်ဖြစ်။
Add new comment