ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ဒေသများအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၂ ရက်တွင် နေပြည်တော်ရှိ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟို ဌာန(DMC) ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
လှူဒါန်းပွဲတွင် မြန်မာသံရုံး တိုကျိုမြို့မှတစ်ဆင့် တိုကျိုမြို့အခြေစိုက် Asia-Pacific Ladies Friendship Society (ALFS) အသင်းကြီးက လှူဒါန်းသည့် ဂျပန်ယန်း ၆၂၁,၀၀၀ နှင့် ညီမျှသည့် မြန်မာငွေကျပ် ၉,၃၁၅,၀၀၀ ကျပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၊ မြန်မာသံရုံးများ၊ မိတ်ဖက်နိုင်ငံခြား ကုမ္ပဏီများမှ လှူဒါန်းသည့် အလှူငွေ ၆၀၀,၀၀၀ ကျပ်နှင့် နိုင်ငံခြားသုံးငွေ ၅ မျိုးနှင့် ညီမျှသည့် မြန်မာငွေကျပ် ၈၃,၅၁၄,၀၀၀ လှူဒါန်းခဲ့ပါသည်။ အဆိုပါ လှူဒါန်းငွေများကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးကပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါသည်။
မိုခါဆိုင်ကလုန်းမုန်တိုင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ကဏ္ဍအလိုက်၊ ဦးစားပေးအဆင့်အလိုက် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းများမှ လှူဒါန်း ထောက်ပံ့မှုများကို ဘေးသင့်ဒေသများသို့ အမြန်ဆုံးပို့ဆောင်ဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် အကျိုးရှိစွာ အသုံးပြုဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၈-၂၀၂၃)
-
ဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ဒေသများအတွက် တိုကျိုမြို့အခြေစိုက် (ALFS) အသင်း ကြီးက ဂျပန်ယန်း ၆၂၁,၀၀၀ နှင့် ညီမျှသည့် မြန်မာငွေကျပ် ၉,၃၁၅,၀၀၀ ကျပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ပြည်ပရောက်မြန်မာနိုင်ငံသားများ၊ မြန်မာ သံရုံးများ၊ မိတ်ဖက်နိုင်ငံခြားကုမ္ပဏီများမှ အလှူငွေ ၆၀၀,၀၀၀ ကျပ်နှင့် နိုင်ငံခြား သုံးငွေ ၅ မျိုးနှင့်ညီမျှသည့် မြန်မာငွေကျပ် ၈၃,၅၁၄,၀၀၀ လှူဒါန်းခဲ့။
Add new comment