နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

      ၂၀၂၄ ခုနှစ် လူဉီးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းအတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဩဂုတ်လ ၂၂ ရက်တွင် နေပြည်တော်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ဗဟိုသန်းခေါင်စာရင်း ကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်-

  • ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီ ၂၀ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ဆုံးဖြတ်ချက် ၁၉ ချက် ချမှတ်ကာ On Going ဆောင်ရွက်ဆဲ ၅ ချက်ရှိပြီး ၁၄ ချက်မှာ ဆောင်ရွက်ပြီး ဖြစ်ကြောင်းကို တွေ့ရှိရပါကြောင်း။

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ် တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည်ဖြစ်ပြီး အထူးသဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက် ရေးအတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှု စီးပွားရေး အခြေအနေများကို အုပ်ချုပ်မှုဒေသအသေးငယ်ဆုံးအဆင့်ထိ ရရှိ နိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူသွားရမည်ဖြစ်ကြောင်း။

  • ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူ သွားမည်ဖြစ်ကြောင်း။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနက တင်ပြ လာသော သန်းခေါင်စာရင်းနှင့်ပတ်သက်သည့် အဆုံးအဖြတ်ပေးရမည့် ကိစ္စရပ် များအပေါ် အချိန်နှင့်တစ်ပြေးညီ လမ်းညွှန်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း။

  • လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနအနေဖြင့် ၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၏ ကြိုတင် ပြင်ဆင်ခြင်းလုပ်ငန်းများကို သတ်မှတ်အချိန်ဇယားအတိုင်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း။

  • သန်းခေါင်စာရင်း ကောက်ယူသည့်အခါတွင်လည်း အချက်အလက်များ မှန်ကန် ပြီး အရည်အသွေးကောင်းမွန်စေရန်၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဖြစ် စေရန်၊ နိုင်ငံ့အတွက်လိုအပ်သည့် ညွှန်းကိန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက် အလက်များ ဖြည့်ဆည်းရရှိရန် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

  • သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက် အသုံးဝင်သည့် အချက် အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ် တစ်ခုလုံး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့်အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားကြရန်တိုက်တွန်း ပြောကြားလိုကြောင်း။

  • ၂၀၂၄ ခုနှစ်တွင်ကောက်ယူမည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင် စာရင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်ဖြင့် နိုင်ငံတော်ဘတ်ဂျက်ကို အသုံးပြုကာ ယခင်သန်းခေါင်စာရင်းများကဲ့သို့ တိကျခိုင်မာပြီး အရည်အသွေးကောင်းမွန် ပြည့်စုံအောင် မိမိတို့အစိုးရဝန်ကြီးဌာနများအချင်းချင်း ဝိုင်းဝန်းဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဉီးမြင့်ကြိုင်၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင် အတွင်းရေးမှူးများနှင့် အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌများ ဖြစ်ကြ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ၂၀၂၄ ခုနှစ် လူဉီးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် လုပ်ငန်း ဆောင်ရွက်နေမှုများ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက်သွား မည့် အစီအမံများနှင့်စပ်လျဉ်း၍ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ကြပါသည်။ ထို့နောက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်နာယက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

အစည်းအဝေးသို့ ဗဟိုသန်းခေါင်စာရင်းကော်မရှင်ဥက္ကဋ္ဌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဉီးမြင့်ကြိုင်၊ ကော်မရှင်အဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက် ခဲ့ကြကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၃-၈-၂၀၂၂)

 

  • မြန်မာနိုင်ငံအနေဖြင့် ၂၀၁၄ သန်းခေါင်စာရင်းအပြီး (၁၀) နှစ်အကြာ ၂၀၂၄ ခုနှစ် တွင် နောက်တစ်ကြိမ် သန်းခေါင်စာရင်း မဖြစ်မနေကောက်ယူရမည်ဖြစ်ပြီး အထူးသဖြင့် စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေး နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး အတွက် အခြေခံအကျဆုံးဖြစ်သော တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှု စီးပွားရေး အခြေအနေများကို အုပ်ချုပ်မှုဒေသအသေးငယ်ဆုံးအဆင့်ထိ ရရှိ နိုင်ရန် သန်းခေါင်စာရင်းကို မဖြစ်မနေ ကောက်ယူသွားရမည်ဖြစ်။

  • သန်းခေါင်စာရင်း ကောက်ယူသည့်အခါတွင်လည်း အချက်အလက်များ မှန်ကန် ပြီး အရည်အသွေးကောင်းမွန်စေရန်၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဖြစ် စေရန်၊ နိုင်ငံ့အတွက်လိုအပ်သည့် ညွှန်းကိန်းများ၊ လူမှုစီးပွားဆိုင်ရာ အချက် အလက်များ ဖြည့်ဆည်းရရှိရန် အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်။

  • သန်းခေါင်စာရင်းရလဒ်များသည် နိုင်ငံတော်အတွက် အသုံးဝင်သည့် အချက် အလက်များဖြစ်သည့်အတွက် သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းစဉ် တစ်ခုလုံး ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကြရန်နှင့်အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ခံယူဆောင်ရွက်သွားကြရန်တိုက်တွန်း ပြောကြားလို။

Add new comment