မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် မန္တလေးမြို့ အခြေစိုက် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် အိန္ဒိယ နိုင်ငံကောင်စစ်ဝန်ချုပ် H.E. Mr. Sundeep Kaushal အား ဩဂုတ်လ ၂၁ ရက်တွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
လက်ခံတွေ့ဆုံစဉ် နှစ်နိုင်ငံအကြား အချက်အချာကျသည့် ပညာရေးကဏ္ဍ၊ ကျန်းမာ ရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် ခရီးသွားလာရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၈-၂၀၂၃)
-
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ်တို့ တွေ့ဆုံစဉ် နှစ်နိုင်ငံ အကြား အချက်အချာကျသည့် ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍနှင့် ခရီးသွားလာရေးကဏ္ဍများတွင် ပူးပေါင်းဆောင် ရွက်မှုကိစ္စရပ်များ ဆွေးနွေးခဲ့။
Add new comment