ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ဩဂုတ်လ ၂၀ ရက်တွင် ယူနန်ပြည်နယ် Qujing Jingkai ခရိုင် Nanhai စက်မှုဇုန်ရှိ Yunnan Runyang century Phobovoltaic Technology ကုမ္ပဏီလီမိတက်မှ တည်ထောင်လျက်ရှိသည့် စွမ်းဆောင်ရည်မြှင့် ဆိုလာဆဲလ်ထုတ်လုပ်မှု လုပ်ငန်းခွင်နှင့် Yun-nan Qujing Chenggang Iron and Steel (Group) Co.Lt ၏ သံမဏိစက်ရုံတို့သို့ သွားရောက် လေ့လာခဲ့ပါသည်။
ဩဂုတ်လ ၂၁ ရက်တွင် China International Cooperation Association of SMES Executive Director Global Business, CEO ဖြစ်သူ Mr . Yi Homs နှင့် အဖွဲ့ သည် ပြည်ထောင်စုဝန်ကြီးအား ၎င်းတည်းခိုရာ ကူမင်းမြို့ရှိ Wanda Realm ဟိုတယ်၌ လာရောက်တွေ့ဆုံပြီး တရုတ်-အရှေ့တောင်အာရှ၊ တောင်အာရှ ဒစ်ဂျစ်တယ်စီးပွား ရေးကို e–commerce ဖြင့် အကောင်အထည်ဖော်ဆောင်နေမှုများအား ရှင်းလင်းတင် ပြရာ ပြည်ထောင်စုဝန်ကြီးက သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့် အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၊ ကူမင်းမြို့၌ ဩဂုတ်လ ၁၅ ရက်မှ ၁၈ ရက်အထိ ကျင်းပသည့်(၇)ကြိမ်မြောက် တရုတ်- တောင်အာရှပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/သွင်းကုန် ကုန် စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၊ ၂၀၂၃-ခုနှစ် မဟာမဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံအုပ်ချုပ် သူများဖိုရမ်နှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး ဩဂုတ်လ ၂၁ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့မှ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၂-၈-၂၀၂၃)
- ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းနှင့်အဖွဲ့သည် ယူနန်ပြည်နယ်ရှိ ဆိုလာဆဲလ်ထုတ်လုပ်မှုနှင့် သံမဏိစက်ရုံတို့ကို ကြည့်ရှုလေ့လာပြီး China International Cooperation Association of SMES Executive Director Global Business, CEO ဖြစ်သူ Mr . Yi Homs နှင့် တွေ့ဆုံဆွေးနွေးခဲ့။
Add new comment