နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ပေးအပ်

        နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက ဂုဏ်ပြုချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိရာ-

  • ဖေဖော်ဝါရီလ ၁၅ ရက်တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ကျန်းမာရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများက ဂုဏ်ပြုချီးမြှင့်ငွေကျပ် ၁၁,၄၈၂,၄၅၀ ၊ ငွေကျပ် ၄၁,၀၅၂,၉၅၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများ၊ ဆေးဝါးများနှင့် တိုင်းရင်း ဆေးဝါးများအားလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။

တာဝန်ရှိသူများက တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်ခဲ့ပြီးနောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ အဆိုပါဂုဏ်ပြုချီးမြှင့်ငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၄)

 

  • နေပြည်တော်နှင့် မန္တလေးတိုင်းဒေသကြီးရှိ ဝန်ကြီးဌာနများမှ ဝန်ထမ်းမိသားစုဝင် စေတနာရှင် အလှူရှင်များက နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်သိန်းစုစုပေါင်း ၁၁,၄၈၃,၃၅၀၊ ကျပ်သိန်း ၄၁,၀၅၃,၃၀၀ တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးများနှင့်တိုင်းရင်းဆေးဝါးများအား ဂုဏ်ပြုပေးအပ်ခဲ့။

Add new comment