မဲဆန္ဒရှင်စာရင်းပြုစုရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

         ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အလေးအနက်ထားဆောင်ရွက်လျက်ရှိရာ မဲဆန္ဒရှင်စာရင်းပြုစုရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖဖော်ဝါရီလ ၁၅ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် သက်ဆိုင်ရာတာဝန်ရှိသူများက မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီများကို ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းပေးခဲ့ပြီး ဆောင်ရွက်ခဲ့မှု၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လူဦးရေစာရင်း (ပထမမူကြမ်း) ပေးပို့ခဲ့မှုအခြေအနေ၊ ဆန္ဒမဲပေးရာတွင် အဓိကကျသည့် နိုင်ငံသားစိစစ်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ပန်းခင်းစီမံချက်များဆောင်ရွက်မှု၊ နိုင်ငံရေးပါတီများ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များနှင့် ပါတီဝင်အင်အားစိစစ်မှုအခြေအနေ၊ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူမည့်အစီအစဉ်နှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေးအတွက် ကျန်လပ်မှုမရှိစေရန် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေးဆောင်ရွက်ရာတွင် တွေ့ရှိရသည့်လိုအပ်ချက်များကို တင်ပြကြရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၄)

 

  • မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီများကို ဗဟို၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်အဆင့်ထိ ဖွဲ့စည်းပေးခဲ့ပြီး ဆောင်ရွက်ခဲ့။

  • ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားတိုင်း မဲပေးခွင့်ရရှိရေးအတွက် ကျန်လပ်မှုမရှိစေ ရန် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူပြီး ဆောင်ရွက်သွားမည်ဖြစ်။

Add new comment