ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်နေသည့်ကောလာဟလ သတင်းများ၊ စိုးရိမ်ထိတ်လန့်မှုများအတွက် မိဘပြည်သူများနှင့် လူငယ်လူရွယ်များ သိရှိစေရေး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားခ

    ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာသည့် ကောလာဟလများ၊ လုပ်ကြံဖန်တီးမှုများနှင့် ပတ်သက်၍ မိဘပြည်သူများအားလုံး၊ လူငယ်လူရွယ်များ အားလုံးသိရှိစေရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖေါ်ဝါရီလ ၁၅ ရက်တွင် အောက်ပါအတိုင်းထုတ်ပြန်ပြောကြားခဲ့ပါသည်-

  • လုံခြုံရေးတပ်ဖွဲ့တွေက မြို့ရွာများတွင် ပေါ်တာဆွဲနေသည်ဟု  ပြည်ဖျက်မီဒီယာများက အဆက်မပြတ် လုပ်ကြံဖန်တီးပြီး  ထုတ်လွှင့်နေခြင်းများရှိကြောင်း။
  • အကြမ်းဖက်သမားအနေဖြင့် မြို့ရွာများတွင် စိမ့်ဝင်ပြီး ဗုံးထောင်ဖောက်ခွဲခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝများ လုံခြုံအေးချမ်းစွာနေထိုင်သွားလာ လှုပ်ရှားနိုင်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းကဲ့သို့သော လိုအပ်သည့် စစ်ဆေးခြင်းများကို မြို့ရွာများတွင်  ဆောင်ရွက်နေခြင်းဖြစ်။
  • ထိုကဲ့သို့ဆောင်ရွက်ရာတွင် ဧည့်စာရင်းမတိုင်ဘဲ နေထိုင်သူများ၊ အိမ်ထောင်စုစာရင်းမဝင်သောသူများ၊ အိမ်ထောင်စုစာရင်း မပြနိုင်သောသူများအား  စစ်ဆေးတွေ့ရှိခဲ့လျှင် သက်ဆိုင်ရာရဲစခန်းနှင့် သက်ဆိုင်ရာဌာနများက ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း။
  • မီဒီယာအချို့နှင့် အချို့သောလူမှုကွန်ရက်စာမျက်နှာများက ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ တားဆီးပိတ်ပင်နေခြင်းများရှိသည်ဟု ကောလာဟလများ ထုတ်လွှင့်နေကြောင်း၊ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး သီးခြားထုတ်ပြန်ပြီးကန့်သတ်ထားခြင်း မရှိကြောင်းကို ရှင်းလင်းစွာအသိပေးလိုကြောင်း။
  • ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ယခုကဲ့သို့လုပ်ကြံသတင်းများ ဖန်တီးနေခြင်းသည် လူငယ်လူရွယ်များကို အဓိကပစ်မှတ်ထားခြင်းသာဖြစ်ပြီး တောထဲသို့ရောက်အောင်၊ အကြမ်းဖက်လမ်းစဉ်ကို ရောက်အောင် လှုံ့ဆော်တိုက်တွန်းနေခြင်းသာဖြစ်ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဆောင်ခြင်းအားဖြင့် လူငယ်လူရွယ်များသည် မိမိနိုင်ငံကိုကာကွယ်နိုင်မည့် အသိပညာ၊ အတတ်ပညာများကို တတ်မြောက်စေမည့် အကျိုးကျေးဇူးများရရှိသွားမည်ဖြစ်ကြောင်း။

ဆက်လက်၍ နိဂုံးချုပ်အနေဖြင့် ဗိုလ်ချုပ်ဇော်မင်းထွန်းက “တပ်မတော်ဆိုသည်မှာ နိုင်ငံတော်ကာကွယ်ရေးအဖွဲ့အစည်းဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ခြင်းဖြင့် အဖွဲ့အစည်းနှင့် လုပ်တတ်ကိုင်တတ်သည့် စိတ်ဓာတ်ရရှိလာမည်ဖြစ်ကြောင်း၊ မျိုးချစ်စိတ်ဓာတ်ရှိတဲ့သူတွေ၊ နိုင်ငံချစ်စိတ်ရှိတဲ့သူတွေအချင်းချင်း၊ မိတ်ဆွေတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်များရရှိသွားမည် ဖြစ်ကြောင်း၊ ဒီနိုင်ငံ၊ ဒီလူမျိုးကို ဒီနိုင်ငံသား၊ ဒီလူမျိုးက မကာကွယ်လျှင် အခြားလူမျိုးများက ကာကွယ်သွားမည်ဖြစ်ကြောင်း၊    မိဘပြည်သူများ၊ မျိုးချစ်စိတ်ရှိကြတဲ့၊ နိုင်ငံချစ်စိတ်ရှိကြသည့် လူငယ်လူရွယ်များက အလေးထားကြရန် အသိတရားထားကြရန် လိုအပ်သည်ဟု ပြောကြားခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၆-၂-၂၀၂၄)

 

  • အကြမ်းဖက်သမားအနေဖြင့် မြို့ရွာများတွင် စိမ့်ဝင်ပြီး ဗုံးထောင်ဖောက်ခွဲခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်နေခြင်းကြောင့် ပြည်သူများ၏ နေ့စဉ်လူနေမှုဘဝ၊ လူမှုစီးပွားဘဝများ လုံခြုံအေးချမ်းစွာနေထိုင်သွားလာ လှုပ်ရှားနိုင်စေရန် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာအုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် ဧည့်စာရင်းစစ်ဆေးခြင်းကဲ့သို့သော လိုအပ်သည့် စစ်ဆေးခြင်းများကို မြို့ရွာများတွင်  ဆောင်ရွက်နေခြင်းဖြစ်။
  • ဧည့်စာရင်းမတိုင်ဘဲ နေထိုင်သူများ၊ အိမ်ထောင်စုစာရင်းမဝင်သောသူများ၊ အိမ်ထောင်စုစာရင်း မပြနိုင်သောသူများအား  စစ်ဆေးတွေ့ရှိခဲ့လျှင် သက်ဆိုင်ရာရဲစခန်းနှင့် သက်ဆိုင်ရာဌာနများက ခေါ်ယူစစ်ဆေးခြင်းများ ပြုလုပ်သွားမည်ဖြစ်။
  • မီဒီယာအချို့နှင့် အချို့သောလူမှုကွန်ရက်စာမျက်နှာများက ပြည်သူများ၏ ပြည်ပထွက်ခွာခွင့်များနှင့်ပတ်သက်၍ တားဆီးပိတ်ပင်နေခြင်းများရှိသည်ဟု ကောလာဟလများ ထုတ်လွှင့်နေကြောင်း၊ ပြည်ပထွက်ခွာခွင့်နဲ့ပတ်သက်ပြီး သီးခြားထုတ်ပြန်ပြီးကန့်သတ်ထားခြင်းမရှိကြောင်းကို ရှင်းလင်းစွာအသိပေးလို။
  • ပြည်ဖျက်မီဒီယာများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ယခုကဲ့သို့လုပ်ကြံသတင်းများ ဖန်တီးနေခြင်းသည် လူငယ်လူရွယ်များကို အဓိကပစ်မှတ်ထားခြင်းသာဖြစ်ပြီး တောထဲသို့ရောက်အောင်၊ အကြမ်းဖက်လမ်းစဉ်ကိုရောက်အောင် လှုံ့ဆော်တိုက်တွန်းနေခြင်းသာဖြစ်။

Add new comment