အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တွေ့ဆုံ

      အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၁၄ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ တွေ့ဆုံခဲ့ပြီး နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ညှိနှိုင်းရေးကော်မတီဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများနှင့်  တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်က ယခင်နိုင်ငံရေးပါတီများအစုအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့မှုအခြေအနေ၊ နိုင်ငံရေးပါတီများ၏ အပြုသဘောဆောင်သည့် အကြံပြုချက်များ ရယူခဲ့မှုအခြေအနေ၊ ဆက်လက်တွေ့ဆုံဆွေးနွေးနိုင်မည့် အခင်းအကျင်းများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍအရေးပါပုံ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေမှ အရေးကြီးသောပုဒ်မများ ပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ်များအပြင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ဆွေးနွေးညှိနှိုင်းထားသည့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဘုံသဘောတူညီချက်များ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးဆိုင်ရာကိစ္စများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂၄)

 

  • အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်ဆောင်ရွက်မှုအခြေအနေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှ အရေးကြီးသောပုဒ်မများ ပြင်ဆင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်ခဲ့မှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပြင်ဆင်ရေးဆိုင်ရာကိစ္စများအား ဆွေးနွေးခဲ့။

Add new comment