ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက-
- လာမည့်ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီများနှင့်အတူ အစွမ်းကုန်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် ပြင်ဆင်ခဲ့သည့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပြဋ္ဌာန်းချက် နှင့်အညီ ပါတီဝင်အင်အားပြည့်မီရေးနှင့် သတ်မှတ်ပါတီရုံးခန်းများ ပြည့်မီရေးကို ဆောလျင်စွာ ပြည့်မီအောင်ဆောင်ရွက်စေလိုကြောင်း။
- ရွေးကောက်ပွဲကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူ များ ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်ကြောင်း။
- ပါတီများအနေဖြင့် ခိုင်မာအားကောင်းသော ပါတီများဖြစ်ရေးနှင့် မဲဆန္ဒရှင် ပြည်သူများက မိမိတို့ပါတီနှင့် မိမိတို့ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် လောင်းများကို မဲပေးရေးအတွက် မှန်ကန်သော မဲဆွယ်စည်းရုံးရေး ဆောင်ရွက် ရန်လိုအပ်ပြီး ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာ၌ အမှန်တကယ်အရည်အချင်းရှိသူများကို ရွေးချယ်ကြရမည်ဖြစ်ကြောင်း ပြော ကြားခဲ့ပါသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို၊ ကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၄၃ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့် တာ ဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂၄)
- ရွေးကောက်ပွဲကျင်းပရာတွင် ကော်မရှင်၊ နိုင်ငံရေးပါတီများနှင့် မဲဆန္ဒရှင်ပြည်သူများ ပူးပေါင်းဆောင်ရွက်ကြမှသာ အောင်မြင်မည်ဖြစ်။
- ပါတီများအနေဖြင့် ခိုင်မာအားကောင်းသော ပါတီများဖြစ်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများက မိမိတို့ပါတီနှင့် မိမိတို့ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများကို မဲပေးရေးအတွက် မှန်ကန်သော မဲဆွယ်စည်းရုံးရေး ဆောင်ရွက်ရန်လိုအပ်ပြီး ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများရွေးချယ်ရာ၌ အမှန်တကယ်အရည်အချင်းရှိသူများကို ရွေးချယ်ကြရမည်ဖြစ်။
Add new comment