တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Ayeyarwaddy Times မှ တင်ထားသော ဆီဆိုင်မြို့တွင် ရှေ့ တန်းသွားရန် ငြင်းဆန်ခဲ့သော အောင်ဆုဗွေဆေးဖြတ်စခန်းမှ ပအိုဝ်းအမျိုးသား ၁၂ ဦးကို တပ်မတော်က ပစ်သတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအတုဖြစ်ပြီး အဆိုပါမြို့နှင့် အနီးပတ်ဝန်းကျင်မြို့များတွင် တပ်မတော်နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေတည်ငြိမ်အေးချမ်းမှုရှိစေရန်အတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် Zalen တို့မှတင်ထားသော သန်လျင်မြို့နယ်တွင် လူငယ်များပေါ်တာဆွဲခံရပြီး စစ်တပ်ထဲတွင် စုဆောင်းခြင်းခံထားရကြောင်းနှင့် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် မြို့ကြီးများတွင် လူအယောက် ၁၀၀ ကျော် ဖမ်းဆီးခံထားရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားများသာဖြစ်ပြီး သတင်းအမှန်မှာ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအတွက် ၂ ပတ်ခန့် သင်တန်းပေးခြင်း ဆောင်ရွက်နေပြီး အဆိုပါသင်တန်းတွင် အသက်မပြည့်သေးသူများ ပါဝင်ခြင်းမရှိကြောင်းနှင့် တပ်မတော်မှ ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Mizzima မှ တင်ထားသော မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁ ဦးက ထောင်အတွင်း ဆေးကုသမှုလုံလောက်စွာ မရရှိသောကြောင့် သေဆုံးခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ အဆိုပါအမျိုးသမီးသည် နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါနှင့် အမောဖောက်ရောဂါတို့ဖြစ်နေသည့်အတွက် အကျဉ်းထောင်ဆေးရုံရှိ ဆရာဝန်၏ဆေးကုသမှုပေးခဲ့သည့်အပြင် လိုအပ်ချက်အရ ပြင်ပပြည်သူ့ဆေးရုံကြီးသို့ တက်ရောက် ဆေးကုသစဉ်အတွင်း ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးမသွားနိုင်ခြင်းရောဂါများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရ။
PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းအတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂)
- ဆီဆိုင်မြို့တွင် ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သော အောင်ဆုဗွေဆေးဖြတ်စခန်းမှ ပအိုဝ်းအမျိုးသား ၁၂ ဦးကို တပ်မတော်က ပစ်သတ်ခဲ့ဟူသည့်သတင်းသည် လုပ်ကြံဖန်တီးထားသော သတင်းအတုဖြစ်။
- သန်လျင်မြို့နယ်တွင် လူငယ်များပေါ်တာဆွဲခံရပြီး စစ်တပ်ထဲတွင် စုဆောင်းခြင်းခံထားရ၊ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းပြီးနောက် မြို့ကြီးများတွင် လူအယောက် ၁၀၀ ကျော် ဖမ်းဆီးခံထားရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားများသာဖြစ်၊ သတင်းအမှန်မှာ သဘာဝဘေးအန္တရာယ်ကူညီကယ်ဆယ်ရေးအတွက် ၂ ပတ်ခန့် သင်တန်းပေးခြင်း ဆောင်ရွက်ခြင်းသာဖြစ်။
- မန္တလေးမြို့ရှိ အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁ ဦးက ထောင်အတွင်း ဆေးကုသမှုလုံလောက်စွာ မရရှိသောကြောင့် သေဆုံးခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ ပြင်ပပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်ဆေးကုသစဉ်အတွင်း ကျောက်ကပ်ပျက်စီးခြင်းနှင့် ဆီးမသွားနိုင်ခြင်းရောဂါများဖြင့် သေဆုံးခဲ့ခြင်းဖြစ်။
Add new comment