ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့များဖွဲ့စည်း

          နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ဆောင်ရွက်နိုင်ရန်အလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီး ယင်းဥပဒေကိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ ၇ အရ နေပြည်တော်ကောင်စီပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အား ဥက္ကဋ္ဌ ၁ ဦး၊ ဒုတိယဥက္ကဋ္ဌ ၂ ဦး၊  အဖွဲ့ဝင် ၅ ဦး၊ အတွင်းရေးမှူး ၁ ဦး စုစုပေါင်းပုဂ္ဂိုလ် ၉ ဦး ဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အား ဥက္ကဋ္ဌ ၁ ဦး၊ ဒုတိယဥက္ကဋ္ဌ ၂ ဦး၊  အဖွဲ့ဝင် ၅ ဦး၊ အတွင်းရေးမှူး ၁ ဦး စုစုပေါင်းပုဂ္ဂိုလ် ၉ ဦးဖြင့်လည်းကောင်း ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၂-၂၀၂၃)

 

  • နေပြည်တော်ကောင်စီပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အား ဥက္ကဋ္ဌ ၁ ဦး၊ ဒုတိယ ဥက္ကဋ္ဌ ၂ ဦး၊  အဖွဲ့ဝင် ၅ ဦး၊ အတွင်းရေးမှူး ၁ ဦး စုစုပေါင်းပုဂ္ဂိုလ် ၉ ဦးဖြင့်လည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ် ရေးအဖွဲ့အား ဥက္ကဋ္ဌ ၁ ဦး၊ ဒုတိယဥက္ကဋ္ဌ ၂ ဦး၊  အဖွဲ့ဝင် ၅ ဦး၊ အတွင်းရေးမှူး ၁ ဦး စုစုပေါင်း ပုဂ္ဂိုလ် ၉ ဦးဖြင့်လည်းကောင်း ၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ ရက်တွင် ဖွဲ့စည်းခဲ့။

Add new comment