ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်နေသည့် ကောလာဟလသတင်းများနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြား

         ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်နေသည့် ကောလာဟလသတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက-

  • ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေများအား အတည်ပြုပြဋ္ဌာန်းလိုက်သည့်အပေါ် ပြည်ဖျက်မီဒီယာများ၊ သောင်းကျန်းသူအဖွဲ့အစည်းများနှင့် အကြမ်းဖက်အဖွဲ့အစည်းများက မိဘပြည်သူများနှင့်  တချို့သော လူငယ်၊ လူရွယ်များ ထင်ယောင်ထင်မှားဖြစ်အောင် တမင်ဖန်တီးပြီး သွေးထိုးလှုံ့ဆော်နေခြင်းများရှိကြောင်း။

  • လူငယ်၊ လူရွယ်များအား ဥပဒေပြင်ပသို့ရောက်ပြီး သူတို့ကဲ့သို့ အကြမ်းဖက်သမားဘဝမျိုးသို့ရောက်အောင် တွန်းပို့နေခြင်းဖြစ်ကြောင်းနှင့် ဥပဒေလမ်းကြောင်းမှန်အတိုင်းနေချင်သော နိုင်ငံချစ်စိတ်ရှိ၊ မျိုးချစ်စိတ်ရှိသည့် လူငယ်၊ လူရွယ်များအား ပြောင်းလဲသွားအောင် ပစ်မှတ်ထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း။

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံရေးပါတီများနှင့်တွေ့ဆုံချိန်တွင် “ပြည်တွင်း၊ ပြည်ပအန္တရာယ်ဆိုခြင်းထက် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တိုင်းရင်းသားပြည်သူအားလုံး၊ လူငယ်၊ လူရွယ်အားလုံးတတ်သိရမည်ဖြစ်ကြောင်း၊ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ရေးအတွက် ဆောင်ရွက်ရမည်ဖြစ်ကြောင်း” ဟုပြောကြားခဲ့ကြောင်း။

  • သင်တန်းပြီးမြောက်ချိန်တွင် မိမိတို့ရပ်ရွာဒေသတွင်ရှိသည့် လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့များတွင်သာ တာဝန်ထမ်းဆောင်စေရေးအတွက် ရည်ရွယ်ကြောင်း၊ စစ်တိုက်ရန်ဆိုခြင်းထက် လုံခြုံရေးနှင့် ကာကွယ်ရေးကို မည်ကဲ့သို့သောအမြင်များဖြင့်  တာဝန်ထမ်းဆောင်ရမည်ကိုသိစေရန် ရည်ရွယ်ကြောင်း။

  • ပြည်သူ့စစ်မှုထမ်းဥပဒေအရ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာအဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့အစည်းများ ဖွဲ့စည်းသွားမည် ဖြစ်ပြီး စနစ်တကျခေါ်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ နိဂုံးချုပ်အနေဖြင့် ပြည်သူတစ်ရပ်လုံး၊ မိဘပြည်သူအားလုံး၊ လူငယ်၊ လူရွယ်တွေအားလုံးက သတိ၊ အသိနှင့်ယှဉ်ပြီး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်းနှင့် မြန်မာဆိုသည့် အခေါ်အဝေါ် ကမ္ဘာတည်သရွေ့တည်ရှိနိုင်စေရန် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးအသိပညာ၊ အတတ်ပညာများအား အားလုံးတတ် မြောက်ပြည့်ဝအောင် ဆောင်ရွက်သွားကြရန်လိုသည်ဟု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၅-၂-၂၀၂၄)

 

  • ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေများအား အတည်ပြုပြဋ္ဌာန်းလိုက်သည့်အပေါ်  ပြည်ဖျက်မီဒီယာများ၊ သောင်းကျန်းသူအဖွဲ့အစည်းများနှင့် အကြမ်းဖက်အဖွဲ့ အစည်းများက မိဘပြည်သူများနှင့်  တချို့သော လူငယ်၊ လူရွယ်များ ထင်ယောင်ထင်မှား ဖြစ်အောင် တမင်ဖန်တီးပြီး သွေးထိုးလှုံ့ဆော်နေခြင်းများရှိ။

  • လူငယ်၊ လူရွယ်များအား ဥပဒေပြင်ပသို့ရောက်ပြီး သူတို့ကဲ့သို့ အကြမ်းဖက်သမားဘဝမျိုးသို့ရောက်အောင် တွန်းပို့နေခြင်းဖြစ်၊ ဥပဒေလမ်းကြောင်းမှန်အတိုင်းနေချင်သော နိုင်ငံချစ်စိတ်ရှိ၊ မျိုးချစ်စိတ်ရှိသည့် လူငယ်၊ လူရွယ်များအား ပြောင်းလဲသွားအောင် ပစ်မှတ်ထားဆောင်ရွက်နေခြင်းဖြစ်။

  • သင်တန်းပြီးမြောက်ချိန်တွင် မိမိတို့ရပ်ရွာဒေသတွင်ရှိသည့် လုံခြုံရေးဆိုင်ရာတပ်ဖွဲ့ များတွင်သာ တာဝန်ထမ်းဆောင်စေရေးအတွက် ရည်ရွယ်၊ စစ်တိုက်ရန်ဆိုခြင်းထက် လုံခြုံရေးနှင့် ကာကွယ်ရေးကို မည်ကဲ့သို့သောအမြင်များဖြင့်  တာဝန်ထမ်းဆောင်ရမည် ကိုသိစေရန်။

  • ပြည်သူ့စစ်မှုထမ်းဥပဒေအရ တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာအဆင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းသွားမည်ဖြစ်ပြီး စနစ်တကျ ခေါ်ယူသွားမည်ဖြစ်။

 

 

vidos: 

Add new comment