ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အချို့သော အကြမ်းဖက်အဖွဲ့များက သွေးထိုးလှုံ့ဆော်မှုများ ဆောင်ရွက်နေသောကြောင့် ပြည်သူလူထုကြားထဲတွင် ဝေဖန်မှုများနှင့် စိုးရိမ်ပူပန်မှုများ မြှင့်တက်လျက်ရှိရာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ပြည်သူလူထုတစ်ရပ်လုံး၊ တိုင်းရင်းသား မိဘပြည်သူများအားလုံး ပိုမိုသိရှိနားလည်သဘောပေါက်စေရန် သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖေဖေါ်ဝါရီလ ၁၃ ရက်တွင် အောက်ပါအတိုင်း ထုတ်ပြန်ပြောကြားခဲ့ပါသည်-
-
ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရခြင်းသည် ပြည်တွင်း၊ ပြည်ပဘေးအန္တရာယ်ထက် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသည့်အတွက် နိုင်ငံသားတိုင်း စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် ရည်ရွယ်၍ ပြဋ္ဌာန်းခြင်းဖြစ်ကြောင်း။
-
နိုင်ငံတကာတွင်လည်း ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အမျိုးသားစစ်မှုထမ်းစနစ် National Service တို့နှင့်ပတ်သက်၍ အမျိုးမျိုးပြဋ္ဌာန်းပြီး လုပ်ဆောင်ခြင်းများရှိကြောင်း။
-
မြန်မာနိုင်ငံတွင် အိမ်နီးချင်း ၅ နိုင်ငံရှိပြီး အထက်ပါဥပဒေမပြဋ္ဌာန်းထားသည့် နိုင်ငံ ၂ နိုင်ငံရှိကြောင်း၊ ကျန် ၃ နိုင်ငံတွင် ၎င်းဥပဒေပြဋ္ဌာန်းပြီးဖြစ်သော်လည်း လက်တွေ့မလုပ်ဆောင်သည့် နိုင်ငံ ၁ နိုင်ငံ၊ Partianly ဆောင်ရွက်နေသည့်နိုင်ငံ တစ်နိုင်ငံနှင့် လက်တွေ့အပြည့်အဝလုပ်ဆောင်နေသည့် နိုင်ငံ ၁ နိုင်ငံရှိကြောင်း။
-
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ယခုပြဋ္ဌာန်းလိုက်သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေတွင် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးသာ အကျုံးဝင်ပြီး ၎င်းတို့အနေဖြင့် တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်ရမည် မဟုတ်ကြောင်း။
-
အကျုံးဝင်သည့် လူဦးရေ ၁၃ သန်းတွင် အမျိုးသမီးတွေကို ထည့်မတွက်ပဲ အမျိုးသားတွေကိုသာ ထည့်တွက်မည်ဆိုပါက ၆ ဒသမ ၃ သန်း၏ တစ်ရာခိုင်နှုန်း ဆိုလျှင် ခြောက်သောင်းသုံးထောင်၊ နှစ်ရာခိုင်နှုန်းဆိုလျှင် တစ်သိန်းနှစ်သောင်း၊ ၁၀ ရာခိုင်နှုန်းဆိုလျှင် လူဦးရေ ၆ သိန်းရှိမည်ဖြစ်ကြောင်း၊ ကျွန်တော်တို့ အနေဖြင့် ဒီလောက် လူဦးရေမလိုနိုင်ကြောင်း။
-
မြန်မာနိုင်ငံတွင် ရပ်ကွက်၊ ကျေးရွာပေါင်း ၆ သောင်းရှိကြောင်းနှင့် ရပ်ကွက်တစ်ခုတွင် စစ်မှုထမ်းဆောင်ရန်နှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာအကြောင်းမရှိကြောင်း။
-
လေ့ကျင့်ရေးပိုင်းတွင် အဆင့်အလိုက် စစ်သည်များနှင့် တန်းတူလေ့ကျင့်ပေးသွားမည်ဖြစ်ပြီး ရသင့်ရထိုက်သည့် လစာ၊ ရိက္ခာ၊ ခံစားခွင့်အားလုံးကို နိုင်ငံတော်ဘတ်ဂျက်မှ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
-
ပုဒ်မ ၂၂ အရ သာသနာ့ဝန်ထမ်းများနှင့် အိမ်ထောင်သည်အမျိုးသမီးများ ကင်းလွတ်ခွင့်ရကြောင်းနှင့် ပုဒ်မ ၁၅ အရ ယာယီရွှေ့ဆိုင်းခွင့်ရသူများရှိကြောင်း။
-
ယာယီရွှေ့ဆိုင်းခွင့်ရသူများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားများနှင့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသောသူများ ပါဝင်ကြောင်း၊ ၎င်းတို့အနေဖြင့် လုပ်ငန်းတာဝန်များ ပြီးမြောက်သွားချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အချိုးကျ ထမ်းဆောင်သွားရမည်ဖြစ်ကြောင်း။
-
ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသားနယ်မြေများတွင် မဖြစ်မနေ အသက် ၁၅ နှစ်မှ အသက် ၅၀ ကြား တစ်အိမ်လျှင် တစ်ယောက်၊ အချို့နေရာများတွင် တစ်အိမ်လျှင် နှစ်ယောက်၊ ယောက်ျား၊ မိန်းမမရွေး အတင်းအကျပ် သောင်းကျန်းသူအဖွဲ့ထဲ ခေါ်သွင်းနေသည့်အပေါ် ပြည်ဖျက်မီဒီယာတွေအနေဖြင့် မည်သည့်အသံမှ မထွက်ပဲ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍သာ ဝိုင်းဝန်းအသံထွက်နေသည်များကိုလည်း တွေ့ရမည်ဖြစ်ကြောင်း။
-
အကြောင်းမှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား နိုင်ငံတော်ကာကွယ်ရေး ပညာတတ်သွားမည်ကိုလည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရင်း စည်းလုံးညီညွတ်မှုရှိသွားမည်ကိုလည်းကောင်း၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်လာမည်ကိုလည်းကောင်း စိုးရိမ်သောကြောင့် ပြည်ဖျက်မီဒီယာများနှင့် အချို့သော အကြမ်းဖက်အဖွဲ့များက သွေးထိုးလှုံ့ဆော်မှုများကို ဆောင်ရွက်နေခြင်းဖြစ်ကြောင်း။
-
ကျွန်တော်တို့အနေဖြင့် ယခုအစိုးရတစ်ဆက်တည်းအတွက် မဟုတ်ပဲ နောင်ဒီမိုကရေစီအစိုးရအဆက်ဆက်အတွက် ရေရှည်မျှော်မှန်းပြီး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
-
ကျွန်တော်တို့အနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်အတူ အရန်တပ်ဖွဲ့ဥပဒေကိုလည်း အာဏာတည်စေမည်ဖြစ်ကြောင်းနှင့် ၎င်းဥပဒေသည် အဓိကအနေဖြင့် စစ်မှုထမ်းများနှင့် စစ်မှုထမ်းဟောင်းများနှင့်သာ သက်ဆိုင်ကြောင်း။
-
တပ်မတော်မှ နုတ်ထွက်ခွင့်၊ အငြိမ်းစားယူခွင့်ရသည့် နေ့မှစပြီး ငါးနှစ်အတွင်း အကျုံးဝင်သူများသည် အရန်အဖြစ် အရန်တပ်ဖွဲ့၌ စစ်မှုထမ်းဆောင်ရန် တာဝန်ရှိကြောင်း၊ အကျုံးဝင်သူများအားလုံးကို တာဝန်ထမ်းဆောင်ခွင့်ပေးမည်မဟုတ်ပဲ တကယ့်ကို နိုင်ငံတော်အတွက် လိုအပ်တဲ့သူတွေလောက်ကိုသာ တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဖြစ်ကြောင်း။
-
ပြည်သူ့စစ်မှုထမ်းဥပဒေအား ဆောင်ရွက်ရာတွင် ကျွန်တော်တို့အနေဖြင့် Professional စစ်သားတစ်ယောက်၊ Professional နိုင်ငံတော်ကာကွယ်ရေး တာဝန်ထမ်းဆောင်သည့်သူတွေလိုပင် စစ်ပညာ၊ နိုင်ငံတော်ကာကွယ်ရေးပညာများကို အပြည့်အဝသင်ကြားပြီးမှ တာဝန်ထမ်းဆောင်စေမည်ဖြစ်ကြောင်း။
-
ပြည်သူ့စစ်မှုထမ်းစနစ်ကို ဆောင်ရွက်တဲ့အခါတွင် ကျွန်တော်တို့အနေဖြင့် မိမိ၏သက်ဆိုင်ကျွမ်းကျင်သည့် ပညာရပ်တွေအလိုက် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် အခြေခံစစ်ပညာသင်ကြားပြီး ဒီတာဝန်တွေကို ဆက်လက်ထမ်းဆောင်နိုင်ရန်အတွက် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
အထက်ပါ ရှင်းလင်းပြောကြားချက်များကို ပြည်သူလူထုတစ်ရပ်လုံး၊ မိဘ ပြည်သူများနှင့် လူငယ်အားလုံးကသိရှိပြီး၊ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို ကျေပွန်စွာနှင့် ဂုဏ်ယူစွာ ထမ်းဆောင်နိုင်ကြစေရန် ဆန္ဒပြုပါသည်ဟု သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၂-၂၀၂၄)
-
၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ ယခုပြဋ္ဌာန်းလိုက်သည့် ပြည်သူ့ စစ်မှုထမ်းဥပဒေတွင် အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်း စုစုပေါင်း ၁၃ သန်းနီးပါးသာ အကျုံးဝင်ပြီး ၎င်းတို့အနေဖြင့် တစ်ပြိုင်နက်တည်း စစ်မှုထမ်းဆောင်ရမည် မဟုတ်။
-
မြန်မာနိုင်ငံတွင် ရပ်ကွက်၊ ကျေးရွာပေါင်း ၆ သောင်းရှိပြီး ရပ်ကွက်တစ်ခုတွင် စစ်မှုထမ်းဆောင်ရန်နှင့် ကာကွယ်ရေးတာဝန်ထမ်းဆောင်ရန် တစ်ဦးထက် ဒါမှမဟုတ် နှစ်ဦးထက်ပိုစရာအကြောင်းမရှိ။
-
ပုဒ်မ ၂၂ အရ သာသနာ့ဝန်ထမ်းများနှင့် အိမ်ထောင်သည်အမျိုးသမီးများ ကင်းလွတ်ခွင့်ရ၊ ပုဒ်မ ၁၅ အရ ယာယီရွှေ့ဆိုင်းခွင့်ရသူများရှိ။
-
ယာယီရွှေ့ဆိုင်းခွင့်ရသူများတွင် နိုင်ငံ့ဝန်ထမ်းများ၊ ပညာသင်ကြားလျက်ရှိသည့် ကျောင်းသားများနှင့် မိအိုဖအိုတို့ကို ပြုစုလုပ်ကျွေးနေသောသူများပါဝင်ပြီး ၎င်းတို့အနေဖြင့် လုပ်ငန်းတာဝန်များ ပြီးမြောက်သွားချိန်တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို အချိုးကျ ထမ်းဆောင်သွားရမည်ဖြစ်။
-
ပဋိပက္ခများဖြစ်ပွားလျက်ရှိသည့် တိုင်းရင်းသားနယ်မြေများတွင် မဖြစ်မနေ အသက် ၁၅ နှစ်မှ အသက် ၅၀ ကြား တစ်အိမ်လျှင် တစ်ယောက်၊ အချို့နေရာများတွင် တစ်အိမ်လျှင် နှစ်ယောက်၊ ယောက်ျား၊ မိန်းမမရွေး အတင်းအကျပ် သောင်းကျန်းသူအဖွဲ့ထဲ ခေါ်သွင်းနေသည့်အပေါ် ပြည်ဖျက်မီဒီယာတွေအနေဖြင့် မည်သည့်အသံမှမထွက်ပဲ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍သာ ဝိုင်းဝန်းအသံ ထွက်နေသည်များကိုလည်း တွေ့ရမည်ဖြစ်။
-
မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား နိုင်ငံတော်ကာကွယ်ရေးပညာတတ်သွားမည်ကိုလည်းကောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များ ထမ်းဆောင်ရင်း စည်းလုံးညီညွတ်မှုရှိသွားမည်ကိုလည်းကောင်း၊ အမျိုးသားရေးစိတ်ဓာတ်များ ရှင်သန်လာမည်ကိုလည်းကောင်း စိုးရိမ်သောကြောင့် ပြည်ဖျက်မီဒီယာများနှင့် အချို့သော အကြမ်းဖက်အဖွဲ့များက သွေးထိုးလှုံ့ဆော်မှုများကို ဆောင်ရွက်နေခြင်းဖြစ်။
Add new comment