တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် လုပ်ကြံသတင်းများရေးသားဖြန့်ဝေလျက်ရှိ

           တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှု များဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံ တကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-

  • တရားမဝင်မီဒီယာများဖြစ်သည့် Khit Thit နှင့် Ayeyarwaddy Times တို့မှ တင်ထားသော တပ်မတော်သားများက ကောလင်းမြို့ရှိ ရပ်ကွက်များကို မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူများ၏ နေအိမ်အတွင်းမှ အဖိုးတန်ပစ္စည်းများကို စစ်ကား များဖြင့် သယ်ဆောင်ယူသွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ KIA နှင့် PDF အကြမ်းဖက်သမားများက အဆိုပါမြို့အတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ နေအိမ် များအတွင်းရှိ ပစ္စည်းများအား အဓမ္မယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရှိရ။
  • တရားမဝင်မီဒီယာ မြေလတ်အသံမှ တင်ထားသော ကလေးမြို့နယ်တွင် တပ်မတော်မှ အမျိုးသား ၄၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးမှုများကို ဆက်တိုက်လုပ်ဆောင် လျက်ရှိနေဟူသည့်သတင်းသည် ကောလာဟလသတင်းအတုဖြစ်ပြီး အဆိုပါ မြို့နယ်တွင် တပ်မတော်က အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။

PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ် များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာ များမှတစ်ဆင့် သတင်းအတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၂-၂၀၂၄)

 

  • တပ်မတော်သားများက ကောလင်းမြို့ရှိ ရပ်ကွက်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများ၏ နေအိမ်အတွင်းမှ အဖိုးတန်ပစ္စည်းများကို စစ်ကားများဖြင့် သယ် ဆောင်ယူသွားခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ KIA နှင့် PDF အကြမ်းဖက်သမားများက အဆိုပါမြို့အတွင်း ဝင်ရောက်တိုက်ခိုက် ခဲ့ပြီး ပြည်သူများ၏ နေအိမ်များအတွင်းရှိ ပစ္စည်းများအား အဓမ္မယူဆောင်ခြင်းများ ပြုလုပ်လျက်ရှိ။
  • ကလေးမြို့နယ်တွင် တပ်မတော်မှ အမျိုးသား ၄၀ ဦးခန့်ကို ဖမ်းဆီးခဲ့ပြီး ဖမ်းဆီး မှုများကို ဆက်တိုက်လုပ်ဆောင်လျက်ရှိနေဟူသည့်သတင်းသည် ကောလာဟလ သတင်းအတုဖြစ်ပြီး အဆိုပါမြို့နယ်တွင် တပ်မတော်က အပြစ်မဲ့ပြည်သူများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ဆောင်ရွက်ခဲ့ခြင်းမရှိ။

 

Add new comment