၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်မှစတင်၍ အာဏာတည်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲများကို ဖေဖော်ဝါရီလ ၁၃ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတောင်ခြေရှိ ရွှေမန်းတောင်လူငယ်အားကစားကွင်း၌လည်းကောင်း၊ ပြင်ဦးလွင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင်ကွင်း၌လည်းကောင်း၊ ကျောက်ဆည်မြို့ရှိ ရွှေစေတီဘုရားဝန်းအတွင်း၌လည်းကောင်း၊ မိတ္ထီလာမြို့ရှိ ခရိုင်အားကစားကွင်းအတွင်း၌လည်းကောင်း၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ ကံသာကန်ဘောင်၌လည်းကောင်း အသီးသီးပြုလုပ်ခဲ့ကြပါသည်။
အဆိုပါကြိုဆိုထောက်ခံပွဲအသီးသီးသို့ တက်ရောက်ခဲ့သည့် သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံတိုင်းရင်းသား မျိုးချစ်ပြည်သူများက “ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပအန္တရာယ်များက ကာကွယ်ဖို့ စစ်မှုထမ်းဆောင်ကြပါစို့၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” စသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး ပြည်သူ့စစ် မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော် ဟောပြောကာငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၂-၂၀၂၄)
- အောင်မြေသာစံမြို့နယ်၊ ပြင်ဦးလွင်မြို့၊ ကျောက်ဆည်မြို့၊ မိတ္ထီလာမြို့နှင့် မကွေးမြို့တို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲပြုလုပ်ခဲ့။
- အဆိုပါကြိုဆိုထောက်ခံပွဲအသီးသီးသို့ တက်ရောက်လာသူများက “ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ပြည်သူ့စစ်မှုထမ်းဥပဒေကို အပြည့်အဝ ထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပအန္တရာယ်များက ကာကွယ်ဖို့ စစ်မှုထမ်းဆောင်ကြပါစို့” ကြေးကြော်သံ များနှင့်အတူ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ခဲ့။
Add new comment