ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပရန်အတွက် Myanmar Electronic Voting Machine (MEVM) စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်း အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံရေးပါတီများ၊ ဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဆောင်ရွက်ခဲ့ပြီးဖြစ်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင်လည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်မှ စတင်၍ ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
- ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်အထိ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ပုသိမ်၊ သာပေါင်း၊ အိမ်မဲ၊ ငပုတော၊ ဝါးခယ်မ၊ ကန်ကြီးထောင့်၊ လပွတ္တာ၊ ကျုံပျော်နှင့် မော်လမြိုင်ကျွန်းမြို့နယ်တို့၌ မဲဆန္ဒရှင်ပြည်သူ ၅,၄၅၄ ဦးတို့က စမ်းသပ်မဲပေးခဲ့။
ထိုသို့ ဆောင်ရွက်နေမှုများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များမှာကြားကာ MEVM စက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၂-၂၀၂၄)
- ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကျင်းပရန်အတွက် MEVM စက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၇ ရက်မှ ၁၃ ရက်အထိ အနောက်တောင်တိုင်းစစ်ဌာနချုပ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ၉ မြို့နယ်တို့မှ မဲဆန္ဒရှင်ပြည်သူစုစုပေါင်း ၅,၄၅၄ ဦး တို့က စမ်းသပ်မဲပေးခဲ့။
Add new comment