အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း

         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရန်တပ်ဖွဲ့ဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့်အမိန့် ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပါသည်။ စတင်အာဏာသက်ဝင်လာပြီဖြစ်သော အရန်တပ်ဖွဲ့ဥပဒေသည် ၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ်၊ ၂၈/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၁၊ ပုဒ်မခွဲ(ခ) အရ ယခုကဲ့သို့စတင်အာဏာတည်ကြောင်း သတ်မှတ်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၄-၂-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် အရန်တပ်ဖွဲ့ဥပဒေအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် စတင်အာဏာတည်ကြောင်း သတ်မှတ်သည့် အမိန့်ကြော်ငြာစာကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့။

 

Add new comment