တရားမဝင် ပြည်ဖျက်မီဒီယာများမှ နိုင်ငံတွင်း မတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန်အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီးရေးသားလျက်ရှိသည့်အပြင် တပ်မတော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင်လွဲမှားစေရန်အတွက် နည်းလမ်း မျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိပါသည်-
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မြင်းခြံမြို့နယ်၊ ကန်ဆယ်ကျေး ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၃၀၀ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်း အမှန်မှာ အဆိုပါကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ သော်လည်း ဒေသခံပြည်သူများအား ဖမ်းဆီးထားခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက PDF အကြမ်းဖက်သမား ၂ ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ဟူသည့် သတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းအတုဖြစ်ပြီး သတင်းအမှန်မှာ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များအား PDF အကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား အရှင်ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် RFA Burmese နှင့် Khit Thit တို့မှ တင်ထားသော ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် တပ်မတော်က ကိုယ်ဝန်ဆောင်သည် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၃ ဦးအား သတ်ဖြတ်ခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး အဆိုပါမြို့နယ်တွင် တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းမရှိကြောင်းနှင့် စစ်ဘေးရှောင်များအား သတ်ဖြတ် ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပြည်နယ်နှင့်တိုင်းအသီးသီးမှ စစ်မှုထမ်းဟောင်း ၂,၀၀၀ ဦးဝန်းကျင်အား နေပြည်တော်တွင် စုဖွဲ့ပြီးနောက် တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ်တက်ရောက်ခိုင်းပြီး ရှေ့တန်းစေ လွှတ်ခဲ့ဟူသောသတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအပါအဝင် စစ်မှုထမ်းဟောင်းအဖွဲ့များသည် နေပြည်တော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Narinjara မှ တင်ထားသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် တပ်မတော်က လေကြောင်းမှ အဆိပ်ငွေ့သုံးတိုက်ခိုက်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး အဆိုပါမြို့အား တပ်မတော်မှ အဆိပ်ငွေ့ ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သဖြင့် ပြည်သူများထွက်ပြေးခဲ့ရဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PNLA၊ KNDF နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့သည် အဆိုပါမြို့နယ်အတွင်းသို့ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သောကြောင့် ဒေသခံပြည်သူများ ထိခိုက်ဒဏ်ရာရရှိသည့်အပြင် သေဆုံးမှုများလည်းရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် DVB TV News နှင့် Mizzima တို့မှ တင်ထားသော ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေဟူသည့် သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး လက်ရှိမြေပြင်တွင် အဆိုပါထောင်အတွင်း အစာငတ်ခံဆန္ဒပြခြင်း လုံးဝမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် RFA Burmese နှင့် Khit Thit တို့မှ တင်ထားသော စစ်ကိုင်းမြို့နယ်၊ မန္တလေး-မုံရွာကားလမ်းမပေါ်ရှိ လယ်ကြီးရွာအနီးနှင့် မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းတို့၌ ခရီးသွားပြည်သူအချို့အား လုံခြုံရေး တပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် လယ်ကြီးရွာအနီးတွင် ရှာဖွေစစ်ဆေးခြင်းများ လုပ်ဆောင်ခဲ့ခြင်း လုံးဝမရှိကြောင်းနှင့် မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ်အနီး ဇလုပ်အဝိုင်းပတ်တွင် ပုံမှန်စစ်ဆေးခြင်းများကိုသာ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မုံရွာမြို့ပေါ်တွင် တပ်မတော်က လူငယ်များအား ဖမ်းဆီးနေမှုကြောင့် လူအသွားအလာမရှိသလောက် နည်းပါးဟူသည့် သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး တပ်မတော်က အဆိုပါလုပ်ရပ်မျိုး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် မြို့ပေါ်တွင် ပုံမှန်သွားလာနေထိုင် လျက်ရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မတ္တရာမြို့နယ်၊ ဆိပ်သာရွာတွင် တပ်မတော်က အမျိုးသား ၃ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး အဆိုပါရွာသို့ တပ်မတော်စစ်ကြောင်းမှ သွားလာခဲ့ခြင်းမရှိကြောင်းနှင့် ရွာသား ၃ ဦးနှင့် နေအိမ် များအား မီးရှို့ဖျက်ဆီးခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ဆီဆိုင်မြို့ကို တပ်မတော်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘာသာရေးအဆောက်အအုံများနှင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ PDF အကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့အတွက် လိုအပ်သော ထောက်ပံ့ပစ္စည်းများ မရရှိသောကြောင့် အဆိုပါမြို့၏ အောင်ချမ်းသာရပ်ကွက်ရှိ လူနေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရ။
PDF အကြမ်းဖက်သမားများသည် လုံခြုံရေးတပ်ဖွဲ့ဝင်များကို လူနေအိမ်အတွင်းမှ ချောင်းမြောင်းပစ်ခတ်ခြင်း၊ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူအသုံးချခြင်းနှင့် ဆုတ်ခွာထွက်ပြေးချိန်တွင် ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိပါသည်။ အဆိုပါအကြမ်းဖက်သမားများ၏ လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် သတင်းအတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၂-၂၀၂၄)
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော မြင်းခြံမြို့နယ်၊ ကန်ဆယ်ကျေး ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူ ၃၀၀ ဦးအား ဓားစာခံအဖြစ် ဖမ်းဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်း အမှန်မှာ အဆိုပါကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များသည် PDF အကြမ်းဖက်သမားများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ သော်လည်း ဒေသခံပြည်သူများအား ဖမ်းဆီးထားခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက PDF အကြမ်းဖက်သမား ၂ ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခဲ့ဟူသည့် သတင်းသည် လုပ်ကြံဖန်တီးထားသည့် သတင်းအတုဖြစ်ပြီး သတင်းအမှန်မှာ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းကျေးရွာတွင် လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံ ရေးတပ်ဖွဲ့ဝင်များနှင့် ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များအား PDF အကြမ်းဖက် သမားများက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာထွက် ပြေးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား အရှင်ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာများဖြစ်သည့် RFA Burmese နှင့် Khit Thit တို့မှ တင်ထားသော ကယားပြည်နယ်၊ ရှားတောမြို့နယ်တွင် တပ်မတော်က ကိုယ်ဝန်ဆောင်သည် ၁ ဦးအပါအဝင် အမျိုးသမီး ၃ ဦးနှင့် ကလေးငယ် ၃ ဦးအား သတ်ဖြတ်ခဲ့ဟူသည့် သတင်းသည် လုပ်ကြံသတင်းအတုဖြစ်ပြီး အဆိုပါမြို့နယ်တွင် တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်ခြင်းမရှိကြောင်းနှင့် စစ်ဘေးရှောင်များအား သတ်ဖြတ် ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Khit Thit မှ တင်ထားသော ပြည်နယ်နှင့်တိုင်းအသီးသီးမှ စစ်မှုထမ်းဟောင်း ၂,၀၀၀ ဦးဝန်းကျင်အား နေပြည်တော်တွင် စုဖွဲ့ပြီးနောက် တောင်တွင်းကြီးမြို့တွင် စစ်သင်တန်း ၂ ပတ်တက်ရောက်ခိုင်းပြီး ရှေ့တန်းစေ လွှတ်ခဲ့ဟူသောသတင်းသည် လုပ်ကြံသတင်းအမှားဖြစ်ပြီး သတင်းအမှန်မှာ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအပါအဝင် စစ်မှုထမ်းဟောင်းအဖွဲ့များသည် နေပြည်တော်တွင် တည်ထားပူဇော်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ခြင်းသာဖြစ်ကြောင်း သိရှိရ။
- တရားမဝင်မီဒီယာ Narinjara မှ တင်ထားသော ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် တပ်မတော်က လေကြောင်းမှ အဆိပ်ငွေ့သုံးတိုက်ခိုက်ခဲ့ဟူသည့်သတင်းသည် ကောလာဟလသတင်းအမှားဖြစ်ပြီး အဆိုပါမြို့အား တပ်မတော်မှ အဆိပ်ငွေ့ ဗုံးများ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း သိရှိရ။
- ဆီဆိုင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တပ်မတော်က ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ဖျက်ဆီးခဲ့သဖြင့် ပြည်သူများထွက်ပြေးခဲ့ရဟူသည့် သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- ကျိုက်မရောထောင်တွင် နိုင်ငံရေးအကျဉ်းသားများ အစာငတ်ခံဆန္ဒပြနေဟူသည့် သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းဖြစ်ပြီး လက်ရှိမြေပြင်တွင် အဆိုပါထောင်အတွင်း အစာငတ်ခံဆန္ဒပြခြင်း လုံးဝမရှိ။
- မန္တလေး-မုံရွာကားလမ်းမပေါ်ရှိ လယ်ကြီးရွာအနီးနှင့် မုံရွာမြို့၊ စီးပွားရေးတက္ကသိုလ် အနီး ဇလုပ်အဝိုင်းတို့၌ ခရီးသွားပြည်သူအချို့အား လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးမေးမြန်းခြင်း၊ ဖမ်းဆီးခြင်းများ လုပ်ဆောင်နေဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
- မုံရွာမြို့ပေါ်တွင် တပ်မတော်က လူငယ်များအား ဖမ်းဆီးနေမှုကြောင့် လူအသွားအလာမရှိသလောက် နည်းပါးဟူသည့်သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်း ဖြစ်ပြီး တပ်မတော်က အဆိုပါလုပ်ရပ်မျိုး ဆောင်ရွက်ခဲ့ခြင်းမရှိကြောင်းနှင့် မြို့ ပေါ်တွင် ပုံမှန်သွားလာနေထိုင်လျက်ရှိ။
- မတ္တရာမြို့နယ်၊ ဆိပ်သာရွာတွင် တပ်မတော်က အမျိုးသား ၃ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် ၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်း အတုဖြစ်။
- ဆီဆိုင်မြို့ကို တပ်မတော်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ဘာသာရေးအဆောက်အအုံများနှင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက်စီးခဲ့ဟူသည့်သတင်းသည် လုပ်ကြံသတင်းအမှားဖြစ်။
Add new comment