ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံမူးယစ်ဆေးဝါး နှိမ်နင်းရေးတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးမှုများအား အလေးထားဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း အောက်ပါအတိုင်း ဖမ်းဆီးရမိခဲ့ပါသည်-
- ဇန်နဝါရီလ ၁ ရက်မှ ၃၁ ရက်အတွင်း မြန်မာတစ်နိုင်ငံလုံးတွင် ဘိန်း ၁၁၆.၀၉ ကီလို၊ ဘိန်းဖြူ ၅၀၆.၅၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၆,၄၈၄,၃၅၄ ပြား၊ အိုက်စ် ၅၀၀၆.၁၈ ကီလို၊ ဆေးခြောက် ၃၀၅.၈၆ ကီလို၊ ဆေးခြောက်ပင် ၁၁ ပင်၊ ဘိန်းဆီခဲ ၂.၄၅ ကီလို၊ ဘိန်းစာရွက် ၃၉၇.၈၈ ကီလို၊ ဘိန်းစာမှုန့် ၆၀.၅၅ ကီလို၊ ဘိန်းစာရည် ၃ လီတာ၊ အက်တက်စီဆေးပြား ၁၁,၄၁၉ ပြား၊ ကတ်တမင်း ၅၈.၈၁ ကီလို၊ Happy Water ၁၂.၃၂ ကီလို/၀.၁ လီတာ၊ ချောင်းဆိုးပျောက်ဆေးရည် ၀.၀၆ လီတာ၊ Ammonium Nitrate ၂၄,၉၇၀ ကီလို၊ Sodium Cyanide ၁,၆၈၀ ကီလို၊ Ammonium Bicarbonate ၂၂၅ ကီလို၊ Activated Carbon ၂,၀၀၀ ကီလို၊ Coconut Shell Charcoal ၃၅၀ ကီလို၊ H.T Carbon ၁၆၀ ကီလို၊ Hydrogen Peroxide ၄၅၀ လီတာ၊ Hydrobromic Acid ၅,၄၀၀ လီတာ၊ Nitric Acid ၃၅ လီတာနှင့် Benzene ၂၃,၄၀၀ လီတာ၊ စုစုပေါင်းတန်ဖိုးငွေကျပ်သန်း ပေါင်း ၁၉၁,၂၇၁.၄၅ (US$ ၉၁.၀၈၁ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံအမျိုးသား ၆၁၄ ဦး၊ အမျိုးသမီး ၁၁၇ ဦး၊ စုစုပေါင်းတရားခံ ၇၃၁ ဦးဖမ်းဆီးရမိခဲ့ပါသည်။
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မူးယစ်ဆေးဝါးတန်ဖိုး စုစုပေါင်းငွေကျပ်သန်း ပေါင်း ၁၄၃,၄၉၈.၆၇ (US$ ၆၈.၃၃၂ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့်အတူ စုစုပေါင်းတရားခံ ၆၃၄ ဦးဖမ်းဆီးရမိခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလနှင့် နှိုင်းယှဉ်ရာတွင် မူးယစ်ဆေးဝါးတန်ဖိုး ငွေကျပ်သန်းပေါင်း ၄၇,၇၇၂.၇၈ (US$ ၂၂.၇၄၉ သန်းကျော်) ပိုမိုဖမ်းဆီးရမိခဲ့ပါသည်။
အထက်ပါဖမ်းဆီးရမိသည့် တရားခံများအား သက်ဆိုင်ရာရဲစခန်းများသို့ လွှဲပြောင်းပေးခဲ့ကာ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးအဖွဲ့များပူးပေါင်း၍ မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် ဆက်လက်ဖော်ထုတ်ဖမ်းဆီးလျက်ရှိပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၃-၂-၂၀၂၄)
- ဇန်နဝါရီလအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မူးယစ်ဆေးဝါးဖမ်းဆီးခြင်းများဆောင်ရွက်ခဲ့ရာ စုစုပေါင်းတန်ဖိုးငွေ ကျပ်သန်းပေါင်း ၁၉၁,၂၇၁.၄၅ (US$ ၉၁.၀၈၁ သန်းကျော်) တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးနိုင်ခဲ့ပြီး တရားခံ အမျိုးသား ၆၁၄ ဦး၊ အမျိုးသမီး ၁၁၇ ဦး၊ စုစုပေါင်း တရားခံ ၇၃၁ ဦးအား ဖမ်းဆီးရမိခဲ့။
Add new comment