ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း (၇) ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်

          ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ Kunming Dianchi Lake International Convention and Exhibition Centre ၌ ဩဂုတ်လ ၁၆ ရက်တွင် ကျင်းပသည့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးအောင်နိုင်ဦးတို့နှင့်အတူ တက်ရောက်ခဲ့ပါသည်။

  • ဩဂုတ်လ ၁၆ ရက်တွင် ကူမင်းမြို့ရှိ ယူနန်မီဒီယာဂရု စတူဒီယိုခန်းမ၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (NRTA) ၊ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်းပြုလုပ်သည့် 4th Lancang-Mekong Audiovisual Week ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့။
  • ညနေပိုင်းတွင် ကူမင်းမြို့ရှိ Wanda ဟိုတယ်၌ တရုတ်နိုင်ငံ အမျိုးသား ရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေးအဖွဲ့အစည်း (NRTA) ဒုတိယအကြီး အကဲ Mr. Yang Guo Rei နှင့် ယူနန်ပြည်နယ် ရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့အစည်း၊ ယူနန်မီဒီယာအုပ်စု(YMG)တို့မှ ခေါင်းဆောင်များ နှင့်တွေ့ဆုံခဲ့ပြီး မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့။
  • ဩဂုတ်လ ၁၇ ရက်တွင် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စား လှယ်များနှင့်အတူ ယူနန်မြို့ရှိ ထင်ရှားသော Yunnan Famous Tea Museum သို့ သွားရောက်လေ့လာခဲ့။
  • ဩဂုတ်လ ၁၈ ရက် ညနေပိုင်းတွင် China Global Television Net (CGTN) နှင့်လည်းကောင်း၊ ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ပေါက်ဖော်မဂ္ဂဇင်းနှင့် လည်းကောင်း လက်ခံတွေ့ဆုံခဲ့ပြီး သိရှိလိုသည်များ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေကြားခဲ့။

ဩဂုတ်လ ၁၉ ရက် မွန်းလွဲပိုင်းတွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန် ရုပ်မြင် သံကြားဌာန (Yunan Television YNTV) သို့ သွားရောက်၍ ယူနန်ရုပ်မြင်သံကြား ပြတိုက် ထုတ်လွှင့်မှုဆောင်ရွက်လျက်ရှိသည့် Studio များကို လှည့်လည်ကြည့်ရှုခဲ့ပြီး ကူမင်းဆေးဘက်ဆိုင်ရာ တက္ကသိုလ်သို့ သွားရောက်လေ့လာခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးသည် (၇) ကြိမ်မြောက် တရုတ် - တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲနှင့် ဆက်စပ်အခမ်း အနားများသို့ တက်ရောက်ခဲ့ပြီး 4th Lancang-Mekong Audiovisual Week ဖွင့်ပွဲအခမ်းအနားတွင် အမှာစကားပြောကြားခဲ့။

Add new comment