ရုရှားဖက်ဒရေးရှင်းနိုင်ငံ Patriot Park ပန်းခြံအတွင်း၌ ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့သည့် မြန်မာ့စစ်သည်တော်မဟာမိတ်များအမည်ရှိ အထိမ်းအမှတ်ရုပ်တုဖွင့်လှစ်

          ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedral of the Armed Forces တည်ရှိရာ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြ သည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုဖွင့်ပွဲကို ဩဂုတ်လ ၁၄ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တာဝန်ရှိသူများ၊ မြန်မာစစ်သံမှူး (ကြည်း၊ ရေ၊ လေ)နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည် သူများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးက အဖွင့်အမှာ စကားပြောကြားရာ၌ ယခုကဲ့သို့ “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို စိုက်ထူခြင်းသည် ယခုနှစ်တွင်ကျရောက်ခဲ့သည့် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား သံတမန်ဆက်ဆံရေး ၇၅ နှစ် အထိမ်းအမှတ်ကို ဂုဏ်ပြုခြင်း ဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ ပိုမိုတောင့်တင်းခိုင်မာ လာမည်ကို ထုတ်ဖော်ပြသခြင်းဖြစ်သကဲ့သို့ ရုရှား-မြန်မာနိုင်ငံပူးပေါင်းကာ ဖက်ဆစ် တို့ကိုတော်လှန်ခဲ့ကြသည်ကို ပြန်လည်အမှတ်ရနေစေမည့် စစ်မှန်သောသမိုင်း၏ အမှန်တရားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည် အရေးပါသော နိုင်ငံ ရေးတာဝန်တစ်ရပ်ဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်စကား ပြန်လည်ပြောကြား ခဲ့ပါသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနား တက်ရောက်လာကြသူများသည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ”အမည်ရှိ အထိမ်းအမှတ်ရုပ်တုရှေ့၌ ဂုဏ်ပြုပန်း စည်းများချ၍ အလေးပြုကြပြီး အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်။

  • “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိအထိမ်းအမှတ်ရုပ်တုကို ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့တပ်မတော်သားများကို ဂုဏ်ပြုလိုသည့် အတွက် မဟာမိတ်စစ်သည်တော်များ ပြင်ပပြကွက်တွင် စိုက်ထူခဲ့ခြင်းဖြစ် ကြောင်းနှင့် မော်စကိုမြို့ M.B Grekova အနုပညာစတူဒီယိုမှ ထုဆစ် ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း။
  • ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရန်သူများ၏ နယ်ချဲ့ကျူးကျော်သိမ်းပိုက်မှုများကို တုံ့ပြန်တိုက်ခိုက်ရာတွင် မြန်မာ့တပ်မတော်သားများ၏ အခန်းကဏ္ဍသည် လည်း တစ်ကမ္ဘာလုံး၏စစ်အောင်မြင်ရခြင်းအပေါ် သိသိသာသာသက်ရောက် မှုရှိခဲ့သည်ကို အသိအမှတ်ပြု လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါရုပ်တုကို စိုက်ထူခဲ့ခြင်းဖြစ်ကြောင်း၊
  • အဆိုပါရုပ်တုပြုလုပ်စိုက်ထူရန် အကြံဉာဏ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzugetovich Shoigu မှ စတင်အကြံပြုခဲ့ပြီး မြန်မာ့တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်)မှ စစ်ဘက်သမိုင်းပညာရှင်များ၏ အစီရင်ခံတင်ပြချက်အရ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သဘောတူညီချက် တင်ပြတောင်းခံ၍ ရုပ်တုအသွင် သဏ္ဍာန်အား အထူးရွေးချယ်ထုဆစ်ခဲ့ခြင်းဖြစ်ကြောင်း။

“မြန်မာ့စစ်သည်တော်မဟာမိတ်များ” ရုပ်တုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ စိုက် ထူလိုက်ခြင်းသည် နှစ်နိုင်ငံ၏ယိုင်နဲ့သွားမည်မဟုတ်သည့် ညီရင်းအစ်ကိုပမာ ပူးပေါင်း ဆောင်ရွက်တတ်သည့် မဟာမိတ်စိတ်ဓာတ်ကို ဖော်ကျူးနေခြင်းပင်ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၁-၈-၂၀၂၃)

 

  • ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedral of the Armed Forces တည်ရှိရာ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ အမည်ရှိ အထိမ်းအမှတ်ရုပ်တု ဖွင့်ပွဲကို ကျင်းပပြုလုပ်ခဲ့။
  • မြန်မာ့စစ်သည်တော်မဟာမိတ်များအမည်ရှိအထိမ်းအမှတ်ရုပ်တုကို ဒုတိယကမ္ဘာ စစ်ကြီးအတွင်း ဖက်ဆစ်တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာ ပါဝင် တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့တပ်မတော်သားများကို ဂုဏ်ပြုလိုသည့်အတွက် မဟာ မိတ်စစ်သည်တော်များ ပြင်ပပြကွက်တွင် စိုက်ထူခဲ့ခြင်းဖြစ်ကြောင်းနှင့် မော်စကို မြို့ M.B Grekova အနုပညာစတူဒီယိုမှ ထုဆစ်ပုံဖော်ခဲ့ခြင်းဖြစ်။
  • ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရန်သူများ၏ နယ်ချဲ့ကျူးကျော်သိမ်းပိုက်မှုများကို တုံ့ပြန်တိုက်ခိုက်ရာတွင် မြန်မာ့တပ်မတော်သားများ၏ အခန်းကဏ္ဍသည်လည်း တစ်ကမ္ဘာလုံး၏စစ်အောင်မြင်ရခြင်းအပေါ် သိသိသာသာသက်ရောက်မှုရှိခဲ့သည်ကို အသိအမှတ်ပြု လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါရုပ်တုကို စိုက်ထူခဲ့ခြင်းဖြစ်။

Add new comment