နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးပြုလုပ်၊ ဘုရားဖူးလာပြည်သူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်

        ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်း တည်ထား ကိုးကွယ်ထားရှိသည့် ကမ္ဘာပေါ်ရှိထိုင်တော်မှု ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သော မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်တွင် မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၏အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမျိုးသန့်၊ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင်-

  • မာရဝိဇယ ကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ချိန်တွင် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း လုပ်ငန်းများအဆင်ပြေချောမွေ့ စွာဖြင့်  အောင်မြင်ပြီးစီးခဲ့ကြောင်း။
  • ဗုဒ္ဓါဘိသေက အနေကဇာတင်သည့်နေ့တွင် ရုပ်ပွားတော်တည်ဆောက်ရေး အတွက် ရရှိသည့်လှူဒါန်းငွေအစုစုကို စာရင်းပိတ်၍ ရေစက်ချလှူဒါန်းပြီး ဖြစ်ကြောင်း။
  • ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် တည်ဆောက် ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့် ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ကြောင်း။
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် သာသနိကအဆောက်အဦများ၊ ရင်ပြင်တော်များနှင့် ဘုရားပရိဝုဏ်တော်ကြီးတစ်ခုလုံးအား စကျင်ကျောက် များဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း။
  • ၎င်းကဲ့သို့ ကြီးကျယ်ခမ်းနားဗိသုကာလက်ရာမြောက်စွာ တည်ဆောက်ခဲ့မှု သည် အခြားမည်သည့်နေရာတွင်မျှမရှိနိုင်ကြောင်း။
  • စကျင်ကျောက်တော်ကြီး ပေါ်ထွန်းလာနိုင်မှု၊ စနစ်တကျကြီးကြပ်ကွပ်ကဲနိုင် မှုနှင့်  ကာလဒေသတို့အရလည်း ၎င်းကဲ့သို့ ထပ်မံတည်ဆောက်ရန် မဖြစ်နိုင် ကြောင်း။
  • စကျင်ကျောက်ဆိုသည်မှာ မြန်မာ့ထုံးတမ်းစဉ်လာအရ ရတနာတန်းဝင် အဖိုး တန်ကျောက်ဖြစ်ပြီး လာရောက်ဖူးမြော်သူများအနေဖြင့် ငြိမ်းချမ်းမှု၊ အေးမြ မှု၊ ဂုဏ်ကျက်သရေရှိမှုစသော ဂုဏ်သတ္တိများကို ရရှိနိုင်သောကြောင့် ပျက်စီး မှုများမရှိစေရေး စနစ်တကျဖြင့် အသေးအဖွဲ့မှအစ အ‌လေးထားထိန်းသိမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊
  • ထိန်းသိမ်းမှုများဆောင်ရွက်ရာတွင် လိုအပ်နိုင်မည့်ပစ္စည်းများကိုလည်း အရန် ထားရှိ၍ လိုအပ်သည့်အချိန်တွင် အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက် နိုင်ရန်လိုကြောင်း။
  • ဘုရားကြီးပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးနှင့် အမြဲစိမ်းလန်းစိုပြေနေ စေရေးအတွက် ထိန်းသိမ်းခြင်းလုပ်ငန်းများကို စနစ်တကျဖြင့် ဆောင်ရွက် နေရန်လိုကြောင်း။
  • သာသနိကအဆောက်အဦများ ထိန်းသိမ်းပြင်ဆင်ဆောင်ရွက်ခြင်းများကိုလည်း စနစ်တကျဖြင့်ဆောင်ရွက်နိုင်ရန်လိုကြောင်း၊
  • လုပ်ငန်းများအားလုံးကို စနစ်တကျဖြင့် စဉ်းစားစီမံခန့်ခွဲဆောင်ရွက်နိုင်ရန် အတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပေးရန်လည်းလိုကြောင်း။
  • ကမ္ဘာ့အထင်ကရဖြစ်သည့် မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဆောင်ရွက်နိုင်မည့်အခြေအနေများကို ဆွေးနွေးတင်ပြစေလိုကြောင်းဖြင့် ပြောကြားခဲ့။

အစည်းအဝေးသို့ တက်ရောက်လာကြသူများက မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ငန်း များအား စနစ်တကျဆောင်ရွက်နိုင်ရန် ဖွဲ့စည်းစီမံဆောင်ရွက်ခြင်းဆိုင်ရာများ၊ မာရ ဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့်တကွကျောက်စာရုံ ဘုရားစေတီများအပါအဝင် တန်ဖိုးမဖြတ်နိုင်လောက်သည့် သာသနိကအဆောက်အဦများ နှစ်ပေါင်းရှည်ကြာစွာ တည်တံ့စေရေး၊ တိုးတက်စည်ပင်အောင်ဆောင်ရွက်နိုင်ရေးနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ဗုဒ္ဓသန္တက ပစ္စည်းများကို ထိန်းသိမ်းဆောင်ရွက်ခြင်း၊ အကျိုးရှိစွာအသုံးပြုခြင်း၊ စီမံခန့်ခွဲခြင်း စသည့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဦးဆောင်မှုပေးခြင်း၊ အကောင် အထည်ဖော် ဆောင်ရွက်ခြင်းတို့ ဆောင်ရွက်နိုင်ရန်အတွက်  မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး ဩဝါဒါစရိယ ဆရာတော်ကြီးများအဖွဲ့၊ နာယကအဖွဲ့၊ ထိန်းသိမ်းစောင့် ရှောက်ရေးဦးစီးကော်မတီ၊ ဂေါပကအဖွဲ့၊ ဂေါပကအကြံပေးအဖွဲ့၊ အထောက်အကူပြု အဖွဲ့များ ဖွဲ့စည်းခြင်းနှင့် လုံခြုံရေးဆိုင်ရာများနှင့် ဘုရားကြီးဝေယျာဝစ္စနှင့် ဆက်စပ် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် စီမံဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပါ သည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံ တော်ဝန်ကြီးချုပ်က-

  • ဘုရားကြီးအတွင်းသို့ စည်းကမ်းမဲ့ဝင်ရောက်မှုများမရှိစေရေး၊ ဝန်ထမ်းများ သွားလာမှုအဆင်ပြေစေရေး၊ လျှပ်စစ်မီးသုံးစွဲမှုသက်သာစေရေး၊ ဘုရားကြီး ပတ်ဝန်းကျင်စိမ်းလန်းသာယာစိုပြေစေရေးနှင့် သောက်သုံးရေများ စဉ်ဆက် မပြတ်ရရှိအောင် စဉ်းစားဆောင်ရွက်ရန်လိုကြောင်း။
  • ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံပေးသွားမည်ဖြစ်ကြောင်း။
  • ဘုရားကြီးတည်တံ့ခိုင်မြဲရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် လိုအပ်သည့်ငွေကြေးများရရှိရေး စက်တင်ဘာ ၃ ရက်နောက်ပိုင်းတွင် ဝင်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်း။
  • ရရှိသည့်အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားကြရန်ဖြစ် ကြောင်း ပြောကြားပြီး အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ရင်ပြင်တော်ကြီး တွင်လည်းကောင်း၊ ဂန္ဓာကုဋိတိုက်များတွင်လည်းကောင်း၊ စိုက်ပျိုးထားသည့် မဟာ ဗောဓိညောင်ပင်ပရိဝုဏ်အတွင်းတွင်လည်းကောင်း၊ ရေပန်းရင်ပြင်တွင်လည်းကောင်း၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်းလည်းကောင်း လှည့်လည်ဖူးမြော်ကြည် ညိုကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ဘုရား ဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၃)

 

  • မာရဝိဇယကျောက်ဆစ်ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်ချိန်တွင် အခက် အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း လုပ်ငန်းများအဆင်ပြေချောမွေ့စွာဖြင့် အောင် မြင်ပြီးစီးခဲ့။
  • ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးအတွက် တည်ဆောက်ရေး လုပ်ငန်းများကိုဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊ အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့။
  • မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအပါအဝင် သာသနိကအဆောက်အဦများ၊ ရင်ပြင်တော်များနှင့် ဘုရားပရိဝုဏ်တော်ကြီးတစ်ခုလုံးအား စကျင်ကျောက်များ ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်။
  • စကျင်ကျောက်ဆိုသည်မှာ မြန်မာ့ထုံးတမ်းစဉ်လာအရ ရတနာတန်းဝင် အဖိုးတန် ကျောက်ဖြစ်ပြီး လာရောက်ဖူးမြော်သူများအနေဖြင့် ငြိမ်းချမ်းမှု၊ အေးမြမှု၊ ဂုဏ် ကျက်သရေရှိမှုစသော ဂုဏ်သတ္တိများကိုရရှိနိုင်သောကြောင့် ပျက်စီးမှုများမရှိစေရေး စနစ်တကျဖြင့် အသေးအဖွဲ့မှအစ အလေးထားထိန်းသိမ်း ဆောင်ရွက်သွားကြ ရန်လို။
  • ဘုရားကြီးအတွင်းသို့ စည်းကမ်းမဲ့ဝင်ရောက်မှုများမရှိစေရေး၊ ဝန်ထမ်းများ သွား လာမှုအဆင်ပြေစေရေး၊ လျှပ်စစ်မီးသုံးစွဲမှုသက်သာစေရေး၊ ဘုရားကြီး ပတ်ဝန်း ကျင်စိမ်းလန်းသာယာစိုပြေစေရေးနှင့် သောက်သုံးရေများ စဉ်ဆက်မပြတ် ရရှိ အောင် စဉ်းစားဆောင်ရွက်ရန်လို။
  • ရဟန်းသံဃာများ၊ သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများကို အခမဲ့ ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံပေးသွားမည်ဖြစ်။

Add new comment