ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇)ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည်ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်

          ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာကံဇော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပြည်သူ့အစိုးရ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ ဖိတ် ကြားချက်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့၌ ဩဂုတ်လ ၁၅ ရက်မှ ၁၈ ရက် အထိ ကျင်းပခဲ့သည့် (၇) ကြိမ်မြောက် တရုတ် - တောင်အာရှပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်/ သွင်းကုန် ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၊ ၂၀၂၃ ခုနှစ် မဟာ မဲခေါင်ဒေသခွဲ စီးပွားရေးစင်္ကြံ အုပ်ချုပ်သူများဖိုရမ်နှင့် ဆက်စပ်အခမ်းအနားများ တက်ရောက်ခဲ့ပါသည်။

  • ဩဂုတ်လ ၁၆ ရက်တွင် ယူနန်ပြည်နယ်၊ ကူမင်းမြို့ ဂွမ်ဒူးလွတ်လပ်သော ကုန်သွယ်မှု ရှေ့ပြေးဇုန်နယ်မြေရှိ Junfa-New Luosiwan International Trade City နှင့် Junfa-New Luosiwan International Trade Mall သို့ လေ့လာရေးခရီးသွားရောက်ခဲ့။

  • International  Trade Enterprises Cluster Park ၊ International Com-modity  Exhibition  and Trading Center ရှိ မြန်မာ့ထုတ်ကုန်ပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးကာ Guandu Ecommerce Industrial Park ရှိ China- South Asia South East Asia Cross Border E-Commerce Industry Cluster ရှိ Tiktok Live Broadcasting Room များကို ကြည့်ရှုလေ့လာ၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုပုံစံများကို ထုတ်ဖော်ဆွေးနွေးခဲ့။

  • သြဂုတ်လ ၁၇ ရက်တွင် Yunnan Haigeng Convention Center ၌ ကျင်းပသော ၂၀၂၃  GMS Economic Corridor Governors Forum \ GMS Project Roadshow and Lincang  Mekong Fruit Festival  သို့ တက် ရောက်ခဲ့။

  • ဩဂုတ်လ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကူမင်းမြို့၊ ယူနန်စီးပွားရေးဌာန၊ ယုလန်ခန်းမ၌ ကျင်းပခဲ့သည့် GMS စီးပွားရေးစင်္ကြံဆိုင်ရာ အစိုးရတာဝန်ရှိ သူများ အစည်းအဝေး - ၂၀၂၃ ကို တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့။

ပြည်ထောင်စုဝန်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်လ ၁၉ ရက်တွင် လေကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရှိ ရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် () ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည် ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး GMS စီးပွားရေးစင်္ကြံ ဆိုင်ရာ အစိုးရတာဝန်ရှိသူများ အစည်းအဝေး - ၂၀၂၃ တွင် မိန့်ခွန်းပြောကြားခဲ့။

Add new comment