မန္တလေး-ရန်ကုန်ခရီးစဉ်ပြေးဆွဲနေသော မြန်မာ့မီးရထားကုန်တင်ရထားကို အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်သည့်နေရာသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သွားရောက်ကြည့်ရှုစစ်ဆေး

       အကြမ်းဖက်သမားများသည် အများပြည်သူအသုံးပြုလျက်ရှိသည့် ကားလမ်း၊ ရထားလမ်းများကို မိုင်းထောင်၊ ဖောက်ခွဲဖျက်ဆီးခြင်း၊ မီးရှို့ခြင်းများလုပ်ဆောင်လျက် ရှိရာ ဩဂုတ်လ ၁၈ ရက်တွင် မန္တလေးမြို့မှ ရန်ကုန်မြို့သို့ထွက်ခွာလာသည့် စက်ခေါင်း အမှတ်၊ DF/2077 မန္တလေး-ရန်ကုန် ကုန်တင်ရထားအား ကညွတ်ကွင်းမြို့နှင့် တောကျွဲ အင်းမြို့အကြား၌ လက်လုပ်ရီမုမိုင်း ၁ လုံးဖြင့် မိုင်းထောင်ဖောက်ခွဲခဲ့ရာ စက်ခေါင်း (၂) ခေါင်း၊ နားနေတွဲ (၁) တွဲနှင့် ကုန်တွဲ (၆) တွဲတို့သည် လမ်း၏ညာဘက်သို့ လမ်းချော် ခြင်း၊ ရထားသံလမ်း ၁၅၀ ပေခန့် တွန့်လိမ်ပျက်စီးခြင်းနှင့် ဇလီဖားတုံးများ ကျိုးပဲ့ပျက် စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရှိရပါသည်။

ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်အဖွဲ့ သွားရောက်စစ်ဆေး ကာ လမ်းချော်ကျ၊ တိမ်းမှောက်သွားသော စက်ခေါင်းနှင့်ကုန်တွဲများအား အမြန်ဆုံး ပြန်လည်မတင်နိုင်ရေးနှင့် လမ်းပိုင်းအမြန်ပြုပြင်၍ ရထားများပုံမှန်ပြေးဆွဲနိုင်ရေးတို့ အတွက် မြန်မာ့မီးရထားရုံးချုပ်မှ ဌာနအကြီးအကဲများကိုယ်တိုင် အနီးကပ်ကြီးကြပ် ဆောင်ရွက်သွားရန်မှာကြားပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ပါသည်။

နိုင်ငံတော်အနေဖြင့် မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ အများပြည်သူခရီးသွားလာမှုနှင့် ကုန်စည်ပို့ဆောင်မှုအဆင်ပြေချောမွေ့စေရေးအတွက် လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ အချိန်မှန်ပြေးဆွဲနိုင်ရေးအဖက်ဖက်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိသော်လည်း ပြေးဆွဲမှုနှောင့်နှေးကြန့်ကြာစေပြီး ခရီးသွားပြည်သူ များနှင့် ကုန်စည်များထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေရေး ယုတ်မာရက်စက်စွာ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးမှုကျူးလွန်နေကြသည့် အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူ တစ်ရပ်လုံးမှ ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉--၂၀၂၃)

 

  • အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲခဲ့သည့် စက်ခေါင်းအမှတ်၊ DF/2077 မန္တလေး-ရန်ကုန်ကုန်တင်ရထားနှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့။

  • လူစီးရထားများ၊ ကုန်ရထားခရီးစဉ်များ ပြေးဆွဲမှုနှောင့်နှေးကြန့်ကြာစေပြီး ခရီးသွားပြည်သူများနှင့် ကုန်စည်များထိခိုက်ဆုံးရှုံးမှုများဖြစ်ပေါ်စေရေး မိုင်းထောင်ဖောက်ခွဲ ဖျက်ဆီးမှုကျူးလွန်နေကြသည့် အကြမ်းဖက်အဖွဲ့များအား ဒေသခံပြည်သူတစ်ရပ်လုံး မှ ပြင်းထန်စွာဆန့်ကျင်ကန့်ကွက်ရှုတ်ချလျက်ရှိ။

Add new comment