ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၏ ဌာနေကိုယ်စားလှယ်နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

       ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းသည် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ(ICRC)၏ ဌာနေကိုယ်စားလှယ် Ms. Elena Ajmone Sessera နှင့်အဖွဲ့အား ဩဂုတ်လ ၁၈ ရက်တွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံ တွေ့ဆုံခဲ့ရာ တွေ့ဆုံစဉ် ကျန်းမာရေးဝန်ကြီးဌာနနှင့် ICRC အကြား ကျန်းမာရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်နိုင်ရန် Regional Agreement လက်မှတ်ရေးထိုးရေး၊ ICRC မှ မြန်မာနိုင်ငံအတွင်း ဆောင်ရွက်လျက်ရှိသည့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရေး၊ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ခြေတုလက်တုထုတ်လုပ်တပ်ဆင်ရေး၊ ICRC အဖွဲ့မှ အပြည်ပြည်ဆိုင်ရာဝန်ထမ်းများ၏ ဗီဇာရရှိရေးနှင့် ပြည်တွင်းခရီးသွားရောက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ် များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၉-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (ICRC) ၏ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံ၍ ကျန်းမာရေးဝန်ကြီးဌာန နှင့် ICRC အကြား ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ပိုမိုပူးပေါင်းဆောင်ရွက်နိုင် ရေးဆွေးနွေးခဲ့။ 

Add new comment