(၇) ကြိမ်မြောက် တရုတ် - တောင်အာရှကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ပါဝင်ပြသ

        တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ (၇) ကြိမ်မြောက် တရုတ်- တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲကို ဩဂုတလ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံမှ ကုန်သည်နှင့် လုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်တို့က နိုင်ငံ၏ လယ်ယာထွက်ကုန်များ၊ လက်မှု ပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများကို ပြခန်းပေါင်း ၃၆ ခန်းဖြင့် ပါဝင် ပြသခဲ့ပြီး အာဆီယံနှင့် တောင်အာရှနိုင်ငံများ၊ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများနှင့် ဒေသပေါင်း ၈၀ ကျော်မှ ကုန်စည်ပြခန်းများ ပါဝင်ပြသခဲ့ပါသည်။

ထို့ပြင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းရှင်အဖွဲ့ ၈ ဖွဲ့သည် စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲများ ပြုလုပ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး၊ သစ်တော ထွက်ကုန်များ၊ နှစ်နိုင်ငံအကြား ကုန်ပစ္စည်း တင်ပို့တင်သွင်းနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ဝယ်ယူတင်သွင်းရာတွင် ချိတ်ဆက်ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သော သတင်းအချက်အလက်များကို အလွယ်တကူရှာဖွေရရှိနိုင်ရန်အတွက် မြန်မာ နိုင်ငံ၌ Online Platform များ တည်ထောင်ထားမှုအခြေအနေနှင့်ပတ်သက်၍ ဆွေးနွေး ခဲ့ကြပါသည်။

မြန်မာပြခန်းများ၌ ရောင်းချလျက်ရှိသည့် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကြိုက် နှစ်သက်ကြ၍ လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရှိရပါသည်။  

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၃)

 

  • (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်နှင့် လုပ်ငန်း ရှင်ပေါင်း ၁၀၀ ကျော်တို့က နိုင်ငံ၏ လယ်ယာထွက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာများကို ပြခန်းပေါင်း ၃၆ ခန်းဖြင့် ခင်းကျင်းပြသခဲ့။

  • မြန်မာပြခန်းများ၌ ရောင်းချလျက်ရှိသည့် မြန်မာ့ထုတ်ကုန်ပစ္စည်းများကို ကြိုက် နှစ်သက်ကြ၍ လာရောက်ဝယ်ယူသူများဖြင့် စည်ကားလျက်ရှိ။

                                                                                                         

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 11830249867076192cdafa5.79432761 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).