ပြည်ပကုန်သွယ်ရေး ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်း ဆွေးနွေးသည့် အစည်းအဝေးကျင်းပ

       ပြည်ပကုန်သွယ်ရေးအတွက် ငွေပေးချေမှုဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည့် အစည်းအဝေးကို ဩဂုတ်လ ၁၉ ရက်တွင် နေပြည်တော်ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက တက်ရောက်အမှာစကားပြောကြားခဲ့ရာ-

  • နိုင်ငံတော်က လက်ရှိဖြေလျှော့ပေးနေသော အခြေအနေများနှင့် ကုန်ဈေးနှုန်း ကြီးမြင့်နေမှုကို ထိန်းကျောင်းရန်အတွက် နိုင်ငံခြားငွေကြေးကို တရားဝင်ဈေးကွက် များတွင် ရောင်းဝယ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း။
  • မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဆိုင်ရာကိစ္စရပ်များ အဆင်ပြေမှု ရှိစေရန်၊ ဈေးကွက်အတွင်း နိုင်ငံခြားငွေလိုအပ်ချက် အဆင်ပြေချောမွေ့စေရန် အတွက် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန် လုပ်ငန်းများသို့ အမေရိကန်ဒေါ်လာ ရောင်းချပေးခြင်း၊ Back to Back SWAP Facility အသုံးပြု၍ အမေရိကန်ဒေါ်လာ လိုအပ်ချက်အား ဖြည့်ဆည်းပေးခြင်းဖြင့် ငွေလဲလှယ်နှုန်း တည်ငြိမ်ရေးအား လိုအပ်သလို ထိန်းကျောင်းဆောင်ရွက်လျက် ရှိကြောင်း။
  • သွင်းကုန်လုပ်ငန်းရှင်များ နိုင်ငံခြားငွေဝယ်ယူရာတွင် အဆင်ပြေမှုရှိစေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ကြီးမှူး၍ Online Trading စနစ်ကို ၂၂-၆-၂၀၂၃ ရက်မှစ၍ ဆောင်ရွက်ပေးလျက်ရှိပြီး မျှတမှန်ကန်သော ရောင်းဝယ်မှုဖြစ်စေရန် Criteria များ သတ်မှတ်ထားကြောင်း။
  • နိုင်ငံခြားလဲလှယ်နှုန်းများနှင့်စပ်လျဉ်း၍ ဈေးကွက်လိုအပ်မှုနှင့် Data အချက်အလက် များပေါ် အခြေမခံဘဲ Online နှင့် Social Media များပေါ်၌ ဈေးနှုန်းများတက်ရန် ရေးသားပြောဆိုမှုများနှင့် တရားမဝင်ဟွန်ဒီ ဆောင်ရွက်မှုများစသည့် နိုင်ငံခြားငွေ လဲလှယ်နှုန်း မြှင့်တက်စေရန် ဆောင်ရွက်မှုများအတွက် အရေးယူဆောင်ရွက်ရန် ရှိကြောင်း။
  • ပြည်ပသို့ ထွက်ခွာမည့် ပြည်သူများအနေဖြင့် အသေးသုံးနိုင်ငံခြားငွေများ ဝယ် ယူရာ၌ အဆင်ပြေမှုရှိစေရန် လေဆိပ်ကောင်တာများတွင် AD လိုင်စင်ရဘဏ် များ၏ ငွေသားလက်ကျန်ပေါ်မူတည်၍ ရောင်းချပေးလျက်ရှိကြောင်း။
  • နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေနှင့် စည်းမျဉ်းများအရ နိုင်ငံခြားငွေကိုင်ဆောင် ခွင့်များ သတ်မှတ်ထား၍ စည်းမျဉ်းများနှင့်အညီ သတ်မှတ်ထားသော ပမာဏနှင့် ကာလအတွင်း ကိုင်ဆောင်ရန်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါက စည်းမျဉ်း ဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့။

တက်ရောက်လာကြသည့် တာဝန်ရှိသူများက ကုန်သွယ်မှုနှင့်ပတ်သက်၍ မှောင်ခို ရောင်းဝယ်မှုများနှင့် တရားမဝင်တင်ပို့မှုများကြောင့် ပြည်တွင်းကုန်ဈေးနှုန်း မြင့်တက် နေခြင်းဖြစ်သောကြောင့် ပြည်တွင်းသို့ တရားမဝင်ကုန်စည်များ ဝင်ရောက်မှုမရှိစေရန် အတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများက ကြပ်မတ်အရေးယူဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ ဈေးကွက်၌ စက်သုံးဆီလိုအပ်မှုမရှိစေရန်နှင့် နိုင်ငံ့စီးပွားရေးအတွက် လိုအပ်သော ကုန်ကြမ်းပစ္စည်းများ တင်သွင်းနိုင်ရန်အတွက် အလေးထားဆောင်ရွက် လျက်ရှိကြောင်း၊ Online Market Rate ဖြင့် Importer အမည်ခံပြီး နိုင်ငံခြားငွေရယူကာ အခြားသူများအား တရားမဝင်ဈေးဖြင့် ညှိနှိုင်း၍ ရောင်းချခြင်းမဆောင်ရွက်ရန် လိုအပ် ကြောင်း ဆွေးနွေးခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၃)

 

  • နိုင်ငံတော်က လက်ရှိဖြေလျှော့ပေးနေသော အခြေအနေများနှင့် ကုန်ဈေးနှုန်း ကြီးမြင့်နေမှုကို ထိန်းကျောင်းရန်အတွက် နိုင်ငံခြားငွေကြေးကို တရားဝင်ဈေးကွက် များတွင် ရောင်းဝယ်နိုင်ရန် ဆောင်ရွက်လျက်ရှိ။
  • နိုင်ငံခြားလဲလှယ်နှုန်းများနှင့်စပ်လျဉ်း၍ ဈေးကွက်လိုအပ်မှုနှင့် Data အချက်အလက် များပေါ် အခြေမခံဘဲ Online နှင့် Social Media များပေါ်၌ ဈေးနှုန်းများတက်ရန် ရေးသားပြောဆိုမှုများနှင့် တရားမဝင်ဟွန်ဒီ ဆောင်ရွက်မှုများစသည့် နိုင်ငံခြားငွေ လဲလှယ်နှုန်း မြှင့်တက်စေရန် ဆောင်ရွက်မှုများအတွက် အရေးယူဆောင်ရွက်ရန်ရှိ။

Add new comment