ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ယူနန်ရုပ်မြင်သံကြားဌာန (YNTV) သို့ သွားရောက်လေ့လာ၊ CGTN နှင့် “ပေါက်ဖော်” မဂ္ဂဇင်းတို့၏ မေးမြန်းမှုများကို ဖြေကြား

         ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဩဂုတ်လ ၁၈ ရက် ညနေပိုင်းတွင် China Global Television Net (CGTN) နှင့် လည်းကောင်း၊ ဩဂုတ်လ ၁၉ ရက် နံနက်ပိုင်းတွင် ပေါက်ဖော်မဂ္ဂဇင်းနှင့်လည်း ကောင်း လက်ခံတွေ့ဆုံခဲ့ပြီး သိရှိလိုသည်များ မေးမြန်းမှုများအပေါ် ပြန်လည်ဖြေ ကြားခဲ့ပါသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ ယူနန်ရုပ်မြင်သံကြားဌာန (Yunan Television YNTV) သို့ သွားရောက်၍ ယူနန် ရုပ်မြင်သံကြား ပြတိုက်ထုတ်လွှင့်မှုဆောင်ရွက်လျက်ရှိသည့် Studio များကို လှည့် လည်ကြည့်ရှုကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ယူနန်ရုပ်မြင်သံကြားတို့အကြား ယခင်ပူးပေါင်းဆောင်ရွက်ခဲ့မှု၊ ယခုပူးပေါင်းလုပ်ဆောင်နေမှုများနှင့် ရုပ်သံကဏ္ဍအပါ အဝင် မီဒီယာကဏ္ဍများတွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့်နှင့် ထိထိရောက်ရောက် ဖြစ်စေ ရေးဆောင်ရွက်နိုင်မည့် အခြေအနေများကို YNTV မှ တာဝန်ရှိသူများအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကူမင်းဆေးဘက်ဆိုင်ရာ တက္ကသိုလ် သို့ သွားရောက်လေ့လာခဲ့ရာ တက္ကသိုလ်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၂၀-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် CGTN နှင့် “ပေါက်ဖော် မဂ္ဂဇင်းတို့၏ မေးမြန်း မှုများကို ဖြေကြားခဲ့ပြီး ယူနန်ရုပ်မြင်သံကြားဌာန (YNTV) နှင့် ကူမင်းဆေးဘက် ဆိုင်ရာ တက္ကသိုလ်တို့သို့ သွားရောက်လေ့လာခဲ့။

Add new comment