တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်သည် ဩဂုတ် လ ၁၆ ရက်တွင် Grater Mekong Economic Corridor Governor Forum သို့ တက်ရောက်ရန် ရောက်ရှိနေကြသော လန်ချန်း-မဲခေါင် အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နိုင်ငံတို့မှ အဖွဲ့ခေါင်းဆောင်များနှင့်အတူ ယူနန် ပြည်နယ်၊ ကူမင်းမြို့ ဂွမ်ဒူးလွတ်လပ်သောကုန်သွယ်မှု ရှေ့ပြေးဇုန်နယ်မြေရှိ Junfa-New Luosiwan International Trade City နှင့် Junfa-New Luosiwan International Trade Mall သို့ လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် China (Yunnan) Pilot Free Trade Zone သို့ ရောက်ရှိခဲ့ပြီး International Trade Enterprises Cluster Park ၊ International Com-modity Exhibition and Trading Center ရှိ မြန်မာ့ထုတ်ကုန် ပြခန်းများသို့ လှည့်လည်ကြည့်ရှုအားပေးကာ Guandu Ecommerce Industrial Park ရှိ China- South Asia South East Asia Cross Border E-Commerce Industry Cluster ရှိ Tiktok Live Broadcasting Room များကို ကြည့်ရှုလေ့လာ၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအခွင့်အလမ်းများ၊ ရင်းနှီးမြှုပ်နှံမှုပုံစံများကို ထုတ်ဖော်ဆွေးနွေးခဲ့ ပါသည်။
ဩဂုတ်လ ၁၇ ရက်တွင် GMS စီးပွားရေးစင်္ကြံဆိုင်ရာ အစိုးရတာဝန်ရှိသူများ အစည်းအဝေး - ၂၀၂၃ (2023 GMS Economic Corridor Governors Forum)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က မိန့်ခွန်းပြောကြား ရာ၌-
-
လယ်ယာကုန်သွယ်မှုသည် ၂၀၃၀ ပြည့်နှစ်တွင် ငတ်မွတ်ခေါင်းပါးမှုအဆုံးသတ်ရေး ဟူသော ရည်မှန်းချက်ပြည့်မီရေးအတွက် အလွန်အရေးကြီးပြီး ကုန်သွယ်မှုသည် လယ်သမားများနှင့် စားနပ်ရိက္ခာထောက်ပံ့ရေး ကွင်းဆက်တစ်လျှောက်တွင် အလုပ် လုပ်ကိုင်နေသည့် ပြည်သူများ၏အသက်မွေးဝမ်းကျောင်းကို အထောက်အပံ့ပေး ရာတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်ကြောင်း။
-
ကုန်သွယ်မှုလွယ်ကူချောမွေ့စေခြင်းဖြင့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုစွမ်းရည် များ မြင့်မားခြင်း၊ အစားအစာအမျိုးအမယ် ကွဲပြားများပြားလာခြင်း၊ အစားအစာ ရရှိမှု မြင့်မားလာခြင်းတို့ကိုလည်း ကူညီပေးနိုင်ကြောင်း။
-
လက်ရှိကာလသည် ဒစ်ဂျစ်တယ်စနစ်ဖော်ဆောင်ခြင်းနှင့် ရေရှည်တည်တံ့ခြင်းကဲ့ သို့သော အကြောင်းရင်းများက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အဓိကဖြစ်စေပြီး အရင်းအမြစ်များအကန့်အသတ်ရှိနေသည့် ကိုဗစ်ကာလအလွန် ကမ္ဘာကြီးတွင် ဂျီအမ်အက်စ်နိုင်ငံများအနေဖြင့် အတူတကွလုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် ပူးပေါင်း ဆောင်ရွက်နိုင်မည့် အစီအစဉ်များရှာဖွေဖော်ထုတ်ကြရမည့် အချိန်ကာလဖြစ် ကြောင်း။
-
ဒေသတွင်းနှင့်ဒေသပြင်ပ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေမည့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ၊ ပိုမိုကောင်းမွန်သော ရင်းနှီး မြှုပ်နှံမှုဥပဒေများနှင့် ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ခြင်းဆိုင်ရာမဟာဗျူဟာများနှင့် ဂျီအမ် အက်စ်ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင်ကဲ့သို့သော မူဝါပိုင်းဆိုင်ရာအစီအမံသုံး ခုသည် တစ်နိုင်ငံချင်းစီအနေဖြင့်လည်းကောင်း၊ ဒေသခွဲအနေဖြင့်လည်းကောင်း ရှိပြီးဖြစ်ကြောင်း။
-
ဂျီအမ်အက်စ်မဟာဗျူဟာမူဘောင်(၂၀၃၀)သည် ဒေသခွဲအတွင်း မူဝါဒများနှင့် စံချိန်စံညွှန်းများ လိုက်လျောညီထွေရှိရန်လိုအပ်သည့် ပို့ကုန်တိုးချဲ့မှုအတွက် အစား အစာဘေးကင်းမှု ပိုမိုမြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသည့်စံနှုန်းများကို မြှင့်တင်ဆောင်ရွက်ရန် အဓိကထားဖော်ပြထားကြောင်း။
-
ဂျီအမ်အက်စ်အစီအစဉ်၏ နိုင်ငံအမည် အက္ခရာစဉ်အရ ယခု ၂၀၂၃ ခုနှစ်သည် (၂၆) ကြိမ်မြောက်ဂျီအမ်အက်စ် ဝန်ကြီးအဆင့်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အလှည့်ကျရောက်ပြီး နေပြည်တော်တွင် ဒီဇင်ဘာ လ၌ လက်ခံကျင်းပသွားမည်ဖြစ်။
-
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး၊ ဒစ်ဂျစ်တယ်စနစ်ဖော် ဆောင်ရေး၊ ဒေသအစိုးရများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ ဂျီအမ်အက်စ်အစီ အစဉ်တွင် ပုဂ္ဂလိကကဏ္ဍပါဝင်ရေးနှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင် စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အဆိုပါအစည်းအဝေးတွင် ပြည့်ပြည့်စုံစုံဆွေး နွေးဖလှယ်နိုင်ကြမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦး တို့သည် စတုတ္ထအကြိမ်မြောက် မဲခေါင်-လန်ချန်း ရုပ်သံသီတင်းပတ်စားပွဲဝိုင်း ဆွေးနွေးပွဲ၊ The National Theme day for Cambodia ဖွင့်ပွဲနှင့် ဖျော်ဖြေပွဲအခမ်းအနားသို့ တက် ရောက်၍ တာဝန်ရှိသူများနှင့်အတူ အခမ်းအနားအား ဖွင့်လှစ်ပေးကြပြီး ဖျော်ဖြေတင် ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၃)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ်(ကူမင်း) ပို့ကုန်-သွင်းကုန် ကုန်စည် ပြပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ တက်ရောက်ခဲ့ပြီး GMS စီးပွားရေးစင်္ကြံ ဆိုင်ရာ အစိုးရတာဝန်ရှိသူများ အစည်းအဝေး - ၂၀၂၃ တွင် မိန့်ခွန်းပြောကြားခဲ့။
-
ဂျီအမ်အက်စ်မဟာဗျူဟာမူဘောင်(၂၀၃၀)သည် ဒေသခွဲအတွင်း မူဝါဒများနှင့် စံချိန်စံညွှန်းများ လိုက်လျောညီထွေရှိရန်လိုအပ်သည့် ပို့ကုန်တိုးချဲ့မှုအတွက် အစား အစာဘေးကင်းမှု ပိုမိုမြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသည့်စံနှုန်းများကို မြှင့်တင်ဆောင်ရွက်ရန် အဓိကထားဖော်ပြထား။
-
ဂျီအမ်အက်စ်အစီအစဉ်၏ နိုင်ငံအမည် အက္ခရာစဉ်အရ ယခု ၂၀၂၃ ခုနှစ်သည် (၂၆) ကြိမ်မြောက်ဂျီအမ်အက်စ် ဝန်ကြီးအဆင့်အစည်းအဝေးကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အလှည့်ကျရောက်ပြီး နေပြည်တော်တွင် ဒီဇင်ဘာ လ၌ လက်ခံကျင်းပသွားမည်ဖြစ်။
-
ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရေး၊ ဒစ်ဂျစ်တယ်စနစ်ဖော် ဆောင်ရေး၊ ဒေသအစိုးရများနှင့် ချိတ်ဆက်ဆောင်ရွက်ရေး၊ ဂျီအမ်အက်စ်အစီ အစဉ်တွင် ပုဂ္ဂလိကကဏ္ဍပါဝင်ရေးနှင့် ဒေသတွင်းရင်းနှီးမြှုပ်နှံမှုမူဘောင် စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ အဆိုပါအစည်းအဝေးတွင် ပြည့်ပြည့်စုံစုံဆွေး နွေးဖလှယ်နိုင်ကြမည်ဟု ယုံကြည်။
Add new comment