ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး 5th China-Southeast Asia Business Forum သို့ တက်ရောက်ခဲ့ပြီး RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာသို့ သွားရောက်လေ့လာ

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဩဂုတ်လ ၁၇ ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ရှိ Wyndham Hotel ၌ ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ်-အရှေ့တောင်အာရှ စီးပွားရေး ဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားခဲ့ရာ-

  • မြန်မာနိုင်ငံအနေဖြင့် အာဆီယံစီးပွားရေးဆိုင်ရာလုပ်ငန်းစဉ်များကို တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပြီး တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအနေဖြင့်လည်း မြန်မာနိုင်ငံရှိ ကဏ္ဍများစွာတွင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှပ်နှံမှုများတိုးချဲ့ရန် အလားအလာ များစွာရှိနေကြောင်း။

  • ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။

  • တရုတ်နိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံများအနေဖြင့် အနာဂတ်အလားအလာနှင့် အခွင့်အလမ်းကောင်းများကို ဖော်ထုတ်နိုင်ရန်အတွက် စီးပွားရေးအသိုက်အဝန်း များအကြား ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြားခဲ့။

 ဩဂုတ်လ ၁၆ ရက်၊ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးနှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကူမင်းမြို့ရှိ RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာသို့ သွားရောက်လေ့လာခဲ့ရာ စင်တာမှ တာဝန်ရှိသူများက အဆိုပါစင်တာရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ ကုန်စည်ပြခန်းနှင့် ရောင်းဝယ်ရေးစင်တာတွင် ပြသထားသော တောင်အာရှနှင့် အရှေ့တောင်အာရှနိုင်ငံ များမှ ထုတ်ကုန်များ ခင်းကျင်းပြသရောင်းချနေမှုအခြေအနေများကို လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးသည် ကူမင်းမြို့၌ ကျင်းပသည့် (၅) ကြိမ်မြောက် တရုတ်-အရှေ့တောင်အာရှ စီးပွားရေးဖိုရမ်သို့ တက်ရောက်အမှာစကားပြောကြားခဲ့။

  • မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အရှေ့တောင်အာရှနိုင်ငံများနှင့် ကုန်သွယ်မှု၊ ရင်းနှီးမြှပ်နှံမှုနှင့် အခြားသောနယ်ပယ်များတွင် ပိုမိုနီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်။

  • ပြည်ထောင်စုဝန်ကြီးသည် RCEP ကုန်စည်ဖြန့်ဖြူးရေးစင်တာသို့ သွားရောက်ခဲ့ရာ စင်တာမှ တာဝန်ရှိသူများက အဆိုပါစင်တာရှိ တောင်အာရှနှင့် အရှေ့တောင်အာရှ ကုန်စည်ပြခန်းနှင့် ရောင်းဝယ်ရေးစင်တာတွင် ပြသထားသော ထုတ်ကုန်များ ခင်းကျင်း ပြသရောင်းချနေမှုအခြေအနေများကို လိုက်လံရှင်းလင်းပြသခဲ့။

Add new comment

Error | Infosheet

Error

The website encountered an unexpected error. Please try again later.

Uncaught exception thrown in shutdown function.

PDOException: SQLSTATE[HY000]: General error: 2006 MySQL server has gone away: DELETE FROM {semaphore} WHERE (value = :db_condition_placeholder_0) ; Array ( [:db_condition_placeholder_0] => 28201683967075c88d759f7.54077517 ) in lock_release_all() (line 269 of /home/admin/web/infosheet.org/public_html/mm/includes/lock.inc).