နျူကလီးယားနှင့်ဆက်စပ်နယ်ပယ်များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ်များမှ ဆရာ၊ ဆရာမများနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကျင်းပ

      ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” နှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့ ပူးပေါင်း၍နျူကလီးယားနှင့် ဆက်စပ်နယ်ပယ် များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ်များမှ ကိုယ်စားလှယ်များနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ်တွေ့ဆုံပွဲကို ဩဂုတ်လ ၁၇ ရက်တွင် လှိုင်မြို့ နယ်ရှိ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က အဖွင့်အမှာ စကား ပြောကြားခဲ့ပြီး တက်ရောက်လာကြသူများက ပညာရေးကဏ္ဍ၊ နျူကလီးယား နည်းပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့် နည်းပညာကဏ္ဍနှင့် အခြားသောကဏ္ဍများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အပြန် အလှန်မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အတွေ့ အကြုံများကို အမြင်ချင်းဖလှယ်ဆွေးနွေးခြင်း၊ MEPhI တက္ကသိုလ် ကျောင်းသား ဟောင်းများက Interview ဖြေဆိုခြင်းနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများ လဲလှယ် ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။

အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက် တာ မျိုးသိန်းကျော်နှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း “ROSATOM” မှ Ms. Vera Upirova, Senior project manager ဦးဆောင်သည့် ROSATOM မှ ကိုယ်စားလှယ်၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များ၊ ကိုယ်စားလှယ်များနှင့် ရုရှားတက္ကသိုလ် များရှိ နျူကလီးယားနည်းပညာနှင့် ဆက်စပ်ပညာရပ်နယ်ပယ်များတွင် တက်ရောက် ပညာသင်ကြားခဲ့ကြပြီး မြန်မာနိုင်ငံရှိ ဝန်ကြီးဌာနများတွင် လက်ရှိတာဝန်ထမ်းဆောင် နေကြသော ကျောင်းသားဟောင်းများ၊ ရုရှားနိုင်ငံရှိတက္ကသိုလ်များတွင် သွားရောက် ပညာသင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများအပါအဝင် ဖိတ်ကြားထားသည့် ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး ရုရှားနိုင်ငံတွင် ယခုလက်ရှိ ပညာသင်ကြား နေကြသော မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများက online စနစ်ဖြင့် ပါဝင် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၃)

 

  • နျူကလီးယားနှင့်ဆက်စပ်နယ်ပယ်များတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံတက္ကသိုလ်များမှ ဘွဲ့ရရှိခဲ့ကြသော မြန်မာနိုင်ငံမှ ကျောင်းသားဟောင်းများ၊ ရုရှားတက္ကသိုလ် များမှ ဆရာ၊ ဆရာမများနှင့် ROSATOM မှ ကိုယ်စားလှယ်များ၏ ပထမဆုံးအကြိမ် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသူများက ပညာရေးကဏ္ဍ၊ နျူကလီးယားနည်း ပညာကဏ္ဍ၊ စွမ်းအင်ကဏ္ဍ၊ သတင်းအချက်အလက်နှင့်နည်းပညာကဏ္ဍနှင့် အခြား သောကဏ္ဍများတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံနှင့် မြန်မာနိုင်ငံအကြား အပြန်အလှန် မိတ်ဖက်ဆက်ဆံရေး မြှင့်တင်ပေးနိုင်ရေးနှင့်စပ်လျဉ်း၍ ၎င်းတို့၏ အတွေ့အကြုံ များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့။

Add new comment