ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း 4th Lancang-Mekong Audiovisual Week ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား

      ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဩဂုတ်လ ၁၆ ရက်တွင် ကူမင်းမြို့ရှိ ယူနန်မီဒီယာဂရု စတူဒီယိုခန်းမ၌ ကျင်းပခဲ့သည့် တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားဌာန (NRTA) ၊ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီးဌာနနှင့် တရုတ်နိုင်ငံယူနန်ပြည်နယ် ပြည်သူ့အစိုးရတို့ ပူးပေါင်း ပြုလုပ်သည့် 4th Lancang-Mekong Audiovisual Week ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားရာတွင်-

  • မဲခေါင်-လန်ချန်း နိုင်ငံများအကြား ကဏ္ဍစုံပေါင်းစည်းဆောင်ရွက်ကြရာတွင် သတင်းနှင့် မီဒီယာအခန်းကဏ္ဍကိုလည်း နည်းပညာများ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာစံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ ခေတ်မီ မီဒီယာနည်းပညာများကို သင်ယူလေ့လာနိုင်ခွင့်၊ အသုံးချနိုင်ခွင့်၊ ဖလှယ်နိုင်ခွင့်ရရှိစေရန် အတူပူးပေါင်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။
  • သို့မှသာ ဒေသတွင်းနိုင်ငံအချင်းချင်း သတင်းဖလှယ်မှုများ၊ မီဒီယာများအကြား ကူးလူးဆက်ဆံမှုများ ပိုမိုတိုးတက်လာမည့်အပြင် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူ များအတွက် သတင်းမှန်များ သိရှိနိုင်မှုအခွင့်အလမ်းများလည်း ပိုမိုတိုးတက်ရရှိ လာမည်ဖြစ်ကြောင်း ပြောကြားခဲ့။

          ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကူမင်းမြို့ရှိ Wanda ဟိုတယ်၌ တရုတ်နိုင်ငံ အမျိုးသားရေဒီယိုနှင့် ရုပ်မြင်သံကြားစီမံခန့်ခွဲရေးအဖွဲ့အစည်း (NRTA) ဒုတိယအကြီးအကဲ Mr. Yang Guo Rei နှင့် ယူနန်ပြည်နယ် ရေဒီယိုနှင့် ရုပ်မြင်သံကြား စီမံခန့်ခွဲရေးအဖွဲ့အစည်း၊ ယူနန်မီဒီယာအုပ်စု(YMG)တို့မှ ခေါင်းဆောင်များနှင့်တွေ့ဆုံ ခဲ့ပြီး မီဒီယာကဏ္ဍပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

ဩဂုတ်လ ၁၇ ရက်တွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မဲခေါင်-လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့်အတူ ယူနန်မြို့ရှိ ထင်ရှားသော Yunnan Famous Tea Museum သို့ သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့ကြပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၈-၈-၂၀၂၃)

 

  • ပြည်ထောင်စုဝန်ကြီးသည် 4th Lancang-Mekong Audiovisual Week ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ အမှာစကားပြောကြားခဲ့ပြီး Yunnan Famous Tea Museum သို့ သွားရောက်လေ့လာခဲ့။

Add new comment