နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ်၊ (၇၇)နှစ် မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကောက်နုတ်ချက်မှာ-
- ပြည်ထောင်စုစိတ်ဓာတ်ကို သက်သေထူနိုင်ခဲ့သည့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သမိုင်းမော်ကွန်းတင်ခဲ့ကြသည်မှာ ယနေ့ဆိုလျှင် (၇၇) နှစ် တိုင်ခဲ့ပြီဖြစ်။
- “စည်းလုံးခြင်းသည်အင်အား၊ ပြည်ထောင်စု၏စွမ်းပကား”ဟူသော ဆောင်ပုဒ်နှင့်အညီ တိုင်းရင်းသားအားလုံး၏ ပြည်ထောင်စုစိတ်ဓာတ်ဖြင့် ရယူခဲ့သော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲစေရန် ပြည်ထောင်စုစိတ်ဓာတ်ဖြင့်သာ ဆက်လက်ကာကွယ်စောင့်ရှောက်နိုင်မည်ဖြစ်။
- မျက်မှောက်ကာလတွင် အင်အားကြီးနိုင်ငံများက ဖွံ့ဖြိုးဆဲနိုင်ငံငယ်များအပေါ် စစ်ရေးအရ လွှမ်းမိုးချုပ်ကိုင်လိုမှု၊ နိုင်ငံရေးအရ မိမိဩဇာခံအဖြစ်ထားရှိလိုမှုများကြောင့် နောက်ကွယ်မှ ဘက်စုံစစ်ပွဲအသွင်ဖော်ဆောင်ကာ လုပ်ဆောင်နေကြသည်ကို တွေ့မြင်ကြရမည်ဖြစ်။
- လက်ရှိကာလတွင် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်တွင်း ပြည်ပမှ အဖျက်သမားများသည် မိမိတို့နိုင်ငံအကျိုးကို မလိုလားသော ပြည်ပအင်အားကြီးနိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့်အားပေးမှုတို့ဖြင့် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် တိုက်ပွဲများ ဖော်ဆောင်လျက်ရှိ။
- ထိုကဲ့သို့ မတည်ငြိမ်မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရကြခြင်း အပြင် နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးနစ်နာပြီး ဒေသခံတိုင်းရင်းသား ပြည်သူများမှာ ဆင်းရဲဒုက္ခများစွာ ခံစားနေကြရ။ ရေရှည်တွင် နိုင်ငံတော်အတွက် အဘက် ဘက်မှ အန္တရာယ်ကြီးမားလှသည်ကို အားလုံးက သတိတရားဖြင့် ထိန်းသိမ်းကာကွယ်ကြရန် အလွန်အရေးကြီးနေပြီဖြစ်ကြောင်း အသိပေးမှာကြားလို။
- ပြည်ထောင်စုအကျိုးအမြဲရှေးရှုသော တပ်မတော်သည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲ ရေးဟူသော ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထားကာ ပြည်ထောင်စုကြီးကို ကာ ကွယ်စောင့်ရှောက်လျက်ရှိ။
- တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေ ရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်။
- တိုင်းရင်းသားပြည်သူအားလုံး၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း ရင်းသားပြည်သူလူထုတစ်ရပ်လုံး အကျုံးဝင်သော စိုက်ပျိုးမွေးမြူရေးကို အခြေခံ သည့် ကုန်ထုတ်လုပ်ငန်းများနှင့် MSME အခန်းကဏ္ဍတို့ မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် ပြည်ထောင်စုတစ်ဝန်းလုံး နေရာလပ်မကျန် ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးတည် ကြိုးပမ်းသွားမည်ဖြစ်။
- နိုင်ငံတော်က ဦးတည်ဆောင်ရွက်လျက်ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်တွင် တိုင်းရင်းသားအဖွဲ့အချို့က တောင်းဆိုနေ သောအချက်များ အားလုံးပါဝင်ပြီးဖြစ်။
- ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးလုပ်ငန်းစဉ် သုံးရပ်အဖြစ်အခြေခံ၍ ဖွဲ့စည်း ပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို ခိုင်ခိုင်မာမာတည်ဆောက်ထားခြင်းဖြစ်သဖြင့် အထိခိုက်ခံမည်မဟုတ်ကြောင်း ဖော်ပြလို။
- နိုင်ငံတော်အတွင်း ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို သက်ဆိုင်ရာဒေသနှင့် ဒေသခံများကသာ ခံစားရမည်ဖြစ်သောကြောင့် မိမိတို့ဒေသအကျိုး၊ တိုင်းပြည်အကျိုးကို ကြည့်၍ နိုင်ငံရေးနည်းလမ်းအရဖြေရှင်းကြကာ မိမိတို့မျှော်မှန်းထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော် ဖြစ်ပေါ်လာရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးပေါ်ထွန်းလာရေး တိုင်းရင်းသားအားလုံး ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်းအပ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ကမ္ဘာတည်သရွေ့ တင့်တင့်တယ်တယ် ဝင့်ဝင့်ထည်ထည် တည်တံ့နေစေရေးအတွက် တစ်လှေတည်းစီး၊ တစ်ခရီးတည်းသွား ပြည်ထောင်စုဖွားသွေးချင်းများအားလုံး ဥမကွဲသိုက်မပျက် ခိုင်မြဲစွာလက်တွဲလျက် ဝိုင်းဝန်းကြိုးပမ်းဆောင် ရွက်ကြပါရန် လေးလေးနက်နက် တိုက်တွန်းနှိုးဆော်လျက် (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့သဝဏ်လွှာကို ပေးပို့ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၂-၂-၂၀၂၄)
- လက်ရှိကာလတွင် ပြည်တွင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် ပြည်တွင်းပြည်ပမှ အဖျက်သမားများသည် မိမိတို့နိုင်ငံအကျိုးကို မလိုလားသော ပြည်ပအင်အားကြီးနိုင်ငံအချို့၏ သွေးထိုးမြှောက်ပင့်အားပေးမှုတို့ဖြင့် ဆူပူအကြမ်းဖက်မှုမျိုးစုံနှင့် တိုက်ပွဲများဖော်ဆောင်လျက်ရှိ၊ မတည်ငြိမ်မှုများကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရကြခြင်းအပြင် နိုင်ငံ့အရင်းအမြစ်များ များစွာဆုံးရှုံးနစ်နာပြီး ဒေသခံတိုင်းရင်းသား ပြည်သူများမှာ ဆင်းရဲဒုက္ခများစွာ ခံစားနေကြရ၊ ရေရှည်တွင် နိုင်ငံတော်အတွက် အဘက်ဘက်မှ အန္တရာယ်ကြီးမားလှသည်ကို အားလုံးက သတိတရားဖြင့် ထိန်းသိမ်းကာကွယ်ကြရန် အလွန်အရေးကြီးနေပြီဖြစ်။
- တိုင်းပြည်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ အပြည့်အဝရရှိစေ ရန်အတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ ကြည်ဖြူစွာ လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းနှိုးဆော်အပ်။
- ဒို့တာဝန်အရေး(၃)ပါးကို အမျိုးသားရေးလုပ်ငန်းစဉ် သုံးရပ်အဖြစ်အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် နိုင်ငံတော်ကို ခိုင်ခိုင်မာမာတည်ဆောက်ထားခြင်းဖြစ်သဖြင့် အထိခိုက်ခံမည်မဟုတ်။
Add new comment