တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ Kunming Dianchi Lake International Convention and Exhibition Centre ၌ ဩဂုတ်လ ၁၆ ရက်တွင် ကျင်းပသည့် (၇) ကြိမ်မြောက် တရုတ်-တောင်အာရှကုန်စည်ပြပွဲနှင့် (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန်ကုန်စည်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဒေါက်တာကံဇော်၊ ဦးမောင်မောင်အုန်းနှင့် ဦးအောင်နိုင်ဦးတို့ တက်ရောက်ခဲ့ပါသည်။
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးက တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ အာဆီယံနှင့် တောင်အာရှနိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များ နှင့်အတူ တက်ရောက်အမှာစကား ပြောကြားခဲ့ရာ-
-
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့် တောင်အာရှနိုင်ငံများအကြား ပေါင်းကူးသဖွယ် တည်ရှိသောကြောင့် ဒေသတွင်း စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မှတစ်ဆင့် တိုးတက်မှုအလျင်မြန်ဆုံးဒေသအဖြစ် ပူးပေါင်းဆက်သွယ်မှုများ အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
-
ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များအနေဖြင့် အာဆီယံ-တရုတ် လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက် ASEAN China Free Trade Agreement ACFTA 3.0 အဆင့်မြှင့်တင်ရေး ညှိနှိုင်းဆွေးနွေးရေး တတိယအကျော့ကို ၂၀၂၃ ခုနှစ်၊ ဇွန်လတွင် ကူမင်းမြို့တွင် ကျင်းပခဲ့ကြောင်း။
-
နောက်ကျင်းပမည့် ညှိနှိုင်းဆွေးနွေးပွဲတွင် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ဝန် ဆောင်မှုကဏ္ဍများသာမက ကဏ္ဍအားလုံးပါဝင်ပြီး လွတ်လပ်သောကုန်သွယ်မှု ဒေသ ဖန်တီးတည်ဆောက်နိုင်ရန် ဒစ်ဂျစ်တယ်စီးပွားရေး၊ အစိမ်းရောင်စီးပွားရေး ကဏ္ဍများကိုလည်း ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့။
ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်နှင့် လုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်တို့က နိုင်ငံ၏ လယ်ယာထွက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာ များကို ပြခန်းပေါင်း ၃၆ ခန်းဖြင့် ခင်းကျင်းပြသမည်ဖြစ်ပြီး အာဆီယံနှင့် တောင်အာရှ နိုင်ငံများ၊ ကမ္ဘာတစ်ဝန်းရှိနိုင်ငံများနှင့် ဒေသပေါင်း ၈၀ ကျော်မှ ကုန်စည်ပြခန်းများ ပါဝင်ပြသသွားမည်ဖြစ်ပါသည်။
အခမ်းအနားသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ နိုင်ငံခြားရေးရာ ဗဟို ကော်မရှင် ညွှန်ကြားရေးမှူးနှင့် CPC ဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင် မစ္စတာဝမ်ယိ၊ သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ်သမ္မတနိုင်ငံဝန်ကြီးချုပ် H.E Dinesh Gunawardena ၊ နီပေါနိုင်ငံ ဒုတိယသမ္မတ H.E Ran Sahay Prasad Yadav ၊ CPC ယူနန်ပြည်နယ် ကော်မတီအတွင်းရေးမှူး H.E Wang Ning၊ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာ ဝမ်ယွီပေါ၊ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒုတိယသမ္မတ H.E Pany Yatho Tou ၊ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Tran Luu Quang ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွားရေးရာဒုတိယဝန်ကြီး H.E Li Fei ၊ CPC ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဒုတိယဝန်ကြီး H.E Sun Haiyan ၊ ဘူတန်ဘုရင့်နိုင်ငံ စက်မှု၊ စီးပွားရေးနှင့် အလုပ်ခန့်ထားရေးဝန်ကြီး H.E Karma Dorji ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ လက်ထောက်ဝန်ကြီး H.E Nong Rong ၊ မော်ဒိုက်သမ္မတနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး H.E Ahmed Kahaleel၊ နီကာရာဂွါ သမ္မတနိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုနှင့်စီးပွားရေး ရာဝန်ကြီး H.E Jesu's Ber-mudez ၊ ပြင်သစ်လွှတ်တော်အမတ် H.E Philippe Folliot တို့ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၈-၂၀၂၃)
-
(၇) ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ၊ (၂၇) ကြိမ်မြောက် တရုတ် (ကူမင်း) ပို့ကုန်/သွင်းကုန် ကုန်စည်ပြပွဲဖွင့်ပွဲနှင့် ဆက်စပ်အခမ်းအနားများသို့ ပြည် ထောင်စုဝန်ကြီးများဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့။
-
ကုန်စည်ပြပွဲတွင် မြန်မာနိုင်ငံမှ ကုန်သည်နှင့် လုပ်ငန်းရှင်ပေါင်း ၁၀၀ ကျော်တို့က နိုင်ငံ၏ လယ်ယာထွက်ကုန်များ၊ လက်မှုပစ္စည်းများနှင့် အဖိုးတန်ကျောက်မျက်ရတနာ များကို ပြခန်းပေါင်း ၃၆ ခန်းဖြင့် ခင်းကျင်းပြသခဲ့။
Add new comment