ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးထိန်လင်းသည် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ် ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Martin Griffiths ဦးဆောင်သောအဖွဲ့ကို ဩဂုတ်လ ၁၆ ရက်တွင် ပြည်နယ်အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
တွေ့ဆုံစဉ် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) မတိုက်ခတ်မီ ကြိုတင်ပြင်ဆင်မှုများ၊ မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) အတွေ့အကြုံများအပေါ် အခြေခံ၍ ရခိုင်ပြည်နယ်အတွင်း ဘေးလွတ်ရာနေရာများ ဆောက်လုပ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းများ ပိုမိုမြှင့် တင်ဆောင်ရွက်နိုင်ရန်၊ လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်နေသော မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်ရှိနေသူများထံသို့ အကူအညီ ပေးရာတွင် ပုံမှန်သွားရောက် ကူညီနိုင်ရေးအတွက် ခရီးသွားလာခွင့်တိုးမြှင့်နိုင်ရန်၊ လူမှုအသိုက်အဝန်း နှစ်ခုကြား လူမှုသဟဇာတဖြစ်မှုနှင့် အသက်မွေးဝမ်းကျောင်းမှု ဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန်စသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံပွဲသို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ကုလသမဂ္ဂလူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး Mr. Martin Griffiths ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း ရေးမှူး Mr. Ramanathan Balakrishnan ၊ ရန်ကုန်မြို့ UNOCHA ရုံးအကြီးအကဲ Mr. Sajjad Mohammad Sajjid နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၈-၂၀၂၃)
-
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူးနှင့်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့။
-
တွေ့ဆုံစဉ် ဆိုင်ကလုန်းမုန်တိုင်း (မိုခါ) မတိုက်ခတ်မီ ကြိုတင်ပြင်ဆင်မှုများ၊ မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် လိုအပ်ချက်ရှိနေသူများထံသို့ အကူအညီပေးရာတွင် ပုံမှန်သွားရောက် ကူညီနိုင်ရေးအတွက် ခရီးသွားလာခွင့်တိုးမြှင့်နိုင်ရန်၊ လူမှုအသိုက် အဝန်း နှစ်ခုကြား လူမှုသဟဇာတဖြစ်မှုနှင့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာစေရန်စသည့်ကိစ္စများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့။
Add new comment