မြန်မာအီလက်ထရွန်နစ်မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း အခမ်းအနားများကို ဩဂုတ်လ ၁၆ ရက်တွင် အလုပ်သမား ဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ မဲပေးစက်အသုံးပြုပြီး မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေဆောင်ရွက်ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမသမာမှုများ မဖြစ်ပေါ်နိုင်သည့်အပြင် ပယ်မဲများမရှိတော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်းများလည်း မရှိနိုင်တော့သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။
အခမ်းအနားများသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ တာဝန် ရှိသူများနှင့် သက်ဆိုင်ရာဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြပြီး မဲပေးစက်ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိ ရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၈-၂၀၂၃)
-
မြန်မာအီလက်ထရွန်နစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့ သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားများကို အလုပ်သမားဝန်ကြီးဌာနနှင့် လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့၌ ကျင်းပပြုလုပ်ခဲ့။
-
မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဖြင့် မဲလက်မှတ်များ ရိုက်နှိပ်ဖြန့်ဝေ ဆောင်ရွက် ရာတွင် ဖြစ်ပေါ်ခဲ့ရသော မဲမသမာမှုများ မဖြစ်ပေါ်နိုင်သည့်အပြင် ပယ်မဲများမရှိ တော့သည့်အတွက် မဲဆန္ဒရှင်များ၏မဲများ ပယ်မဲကြောင့် အဟောသိကံဖြစ်ခဲ့ရခြင်း များလည်း မရှိနိုင်တော့သည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်။
Add new comment