နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) သို့ မိန့်ခွန်း Video Message ပေးပို့တက်ရောက်

         (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) ကို ရုရှားနိုင်ငံ၊ မော်စကိုမြို့ရှိ ရုရှားတပ်မတော်မျိုးချစ်ပန်းခြံတွင် ဩဂုတ် ၁၅ ရက်က ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မိန့်ခွန်း Video Message ပေးပို့တက်ရောက်ခဲ့ပါသည်။

ညီလာခံကို ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် စတင်ကျင်းပပြုလုပ်ပြီး ရုရှား သမ္မတ ဗလာဒီမာပူတင်က Video Message ဖြင့် မိန့်ခွန်းပြောကြား၍ ဖွင့်လှစ် ပေးသည်။ ထို့နောက် ဒေသစံတော်ချိန် နေ့လယ် ၁၂ နာရီ ၂၀ မိနစ်မှ ၂ နာရီအထိ “အရှေ့အလယ်ပိုင်းနှင့် အာဖရိကတိုက်ရှိ လုံခြုံရေးဆိုင်ရာစစ်ဘက်အမြင်များ” ခေါင်း စဉ်ဖြင့် မျက်နှာစုံညီအစည်းအဝေးအစီအစဉ်ပထမပိုင်းကိုလည်းကောင်း၊ မွန်းလွဲ ၃ နာရီ ၂၀ မိနစ်မှ ၄ နာရီ ၅၀ မိနစ်အထိ “အာရှ-ပစိဖိတ်ဒေသတွင်းလုံခြုံရေး” ခေါင်းစဉ် ဖြင့်အစည်းအဝေး ဒုတိယပိုင်းကိုလည်းကောင်း၊  ညနေ ၅ နာရီ ၂၀ မိနစ်မှ ၇ နာရီအထိ “စစ်ဘက်ဆိုင်ရာဌာနများ၏ အပြန်အလှန်ဆက်ဆံရေး-အခြေအနေများနှင့် မျှော်မှန်း ချက်များ”ခေါင်းစဉ်ဖြင့် အစည်းအဝေးတတိယပိုင်းကိုလည်းကောင်း ကျင်းပပြုလုပ်ခဲ့ သည်။ အစည်းအဝေးအစီအစဉ် ဒုတိယပိုင်းပြုလုပ်နေစဉ် ညနေ  ၃ နာရီ ၅၂ မိနစ်မှ ၄ နာရီ ၈ မိနစ်အထိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ မိန့်ခွန်း Video Message ကို ပြသခဲ့သည်။

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းအပြည့်အစုံမှာ-

  • မိမိအနေဖြင့် ယနေ့ကျင်းပပြုလုပ်သည့် ညီလာခံကိုလူကိုယ်တိုင်ပါဝင်တက်ရောက် လိုပါသော်လည်း လုပ်ငန်းတာဝန်များဖြင့် မအားလပ်ခြင်းကြောင့် ယခုကဲ့သို့ ဆွေးနွေးချက် ဗီဒီယိုဖိုင်ဖြင့်သာပေးပို့၍ ပါဝင်ဆောင်ရွက်ရခြင်းဖြစ်ပါကြောင်း။
  • ယနေ့ကျင်းပပြုလုပ်သော ညီလာခံတွင် “အာရှ-ပစိဖိတ်ဒေသတွင်း တည်ငြိမ်အေး ချမ်းရေးအတွက် အရေးပါသောအာဆီယံအဖွဲ့၏ စည်းလုံးညီညွတ်မှု” နှင့်ပတ်သက် ပြီး သုံးသပ်ဆွေးနွေးသွားမည်ဖြစ်ပါကြောင်း။
  • အာရှ-ပစိဖိတ်ဒေသတွင် အာရှကုန်းမြေဒေသ၊ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာတို့ အကျုံးဝင်နေပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင် ကမ္ဘာ့လူဦးရေ၏ ထက်ဝက်ကျော် ဖြစ်သည့် ၄ ဒသမ ၃ ဘီလီယံကျော် နေထိုင်လျက်ရှိပြီး ကမ္ဘာ့လူဦးရေအများဆုံး နိုင်ငံများဖြစ်သော တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ပါဝင်တည်ရှိနေပါကြောင်း။
  • ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်လျက်ရှိသော အာရှ-ပစိဖိတ် ဒေသအတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးသည် အခြေခံအကျဆုံးနှင့် အဓိက အကျ ဆုံးလိုအပ်ချက်တစ်ခု ဖြစ်လာပါကြောင်း။
  • စားနပ်ရိက္ခာလုံခြုံမှုရှိရေးတွင် အဓိကကျသော စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများအပါအဝင် အထောက်အကူပြုပစ္စည်းများ ရောင်း ဝယ်ရာ၌ အချို့နိုင်ငံများသည် ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသော ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချလျက်ရှိကြောင်း။
  • ၂၀၂၂ ခုနှစ်တွင် အာရှ-ပစိဖိတ်ဒေသ၏ ရောင်းကုန် ကုန်သွယ်ခြင်းအနေဖြင့် အမေ ရိကန်ဒေါ်လာ ၁၉ ထရီလီယံခန့်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ ဝန်ဆောင်မှုကုန်သွယ် ခြင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ထရီလီယံခန့်ရှိခဲ့ပါကြောင်း။
  • ကမ္ဘာ့ပင်လယ်ရေကြောင်းကုန်သွယ်မှုသည် အာရှ-ပစိဖိတ်ဒေသတွင် အများဆုံး ဆောင်ရွက်လျက်ရှိပြီး ကမ္ဘာ့နိုင်ငံများအချင်းချင်း ကုန်သွယ်မှုပြုရာတွင် အာရှ-ပစိ ဖိတ်ဒေသ၌ ၅၉ ရာခိုင်နှုန်းခန့် ကုန်ချပြီး ၄၀ ရာခိုင်နှုန်းခန့် ကုန်တင်မှုများရှိပါ ကြောင်း၊ ထို့ပြင် ကမ္ဘာ့ ထိပ်တန်း ကွန်တိန်နာဆိပ်ကမ်း ၃၀ အနက် ၂၀ ခုမှာ အာရှ-ပစိဖိတ်ဒေသတွင် တည်ရှိပြီး ကမ္ဘာ့ပင်လယ်ရေကြောင်းကွန်တိန်နာ ပို့ဆောင်ရေး လမ်းကြောင်း၏ ၅၆ ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားပါကြောင်း။
  • အာရှ-ပစိဖိတ်ဒေသ၏ ရေနံထုတ်လုပ်မှုတွင် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အင်ဒိုနီး ရှားနိုင်ငံတို့က ဦးဆောင်လျက်ရှိပြီး တရုတ်နိုင်ငံသည် ရေနံထုတ်လုပ်သည့် ထိပ် တန်းနိုင်ငံဖြစ်သော်လည်း ပြည်တွင်းသုံးစွဲမှုလိုအပ်ချက်အရ ပြည်ပနိုင်ငံများမှ ရေနံ များ တင်သွင်းရလျက်ရှိပါကြောင်း။
  • အမေရိကန်နိုင်ငံနှင့် တရုတ်နိုင်ငံပြီးလျှင် အိန္ဒိယနိုင်ငံသည် ကမ္ဘာ့တတိယ‌ရေနံ သုံးစွဲမှုအများဆုံးနိုင်ငံဖြစ်ပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသသည် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၈.၃ ရာခိုင်နှုန်းကို ထုတ်လုပ်ထားပြီး ဒေသတွင်းလိုအပ် ချက်အား ပြည့်မီနိုင်ရန် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၃၈ ရာခိုင်နှုန်းကို အာရှ-ပစိဖိတ် ဒေသတွင် သုံးစွဲလျက်ရှိပါကြောင်း။
  • နိုင်ငံတကာစွမ်းအင်အေဂျင်စီ၏ အချက်အလက်များအရ အာရှ-ပစိဖိတ်ဒေသ၏ ရေနံလိုအပ်ချက်မှာ လက်ရှိကာလတွင် တစ်ရက်လျှင်ရေနံစည် ၃၀ ဒသမ ၈ သန်း ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် တစ်ရက်လျှင် ရေနံစည် ၃၈ ဒသမ ၅ သန်းအထိ မြင့် တက်လာနိုင်သည့်အတွက် အာရှ-ပစိဖိတ်ဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ဈေး ကွက် ကြီးမားစွာဖြစ်ပေါ်နေပါကြောင်း။
  • အာရှ-ပစိဖိတ်ဒေသသည် လူဦးရေများပြားခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင် အချက် အချာကျနေခြင်းတို့အပြင် လုံခြုံရေးအပါအဝင် ကဏ္ဍမျိုးစုံ၌ အရေးပါသည့် ဒေသ ဖြစ်လာသည့်အတွက် အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂနှင့် NATO အဖွဲ့ဝင် နိုင်ငံများကလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသအပေါ် စိတ်ဝင်စားမှုမြင့်တက်လာပြီး ဒေသတွင်းနိုင်ငံများနှင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်လာသည် ကို တွေ့ရှိရပါကြောင်း။
  • ကပ်ရောဂါဖြစ်ပွားမှု၊ အင်အားကြီးနိုင်ငံများ၏ အားပြိုင်မှုများ၊ မဖြေရှင်းနိုင်သေး သည့် နယ်မြေပိုင်ဆိုင်ခွင့် အငြင်းပွားမှုများနှင့် လတ်တလောပေါ်ပေါက်နေသော အရေးအခင်းများ၏ ပေါင်းစပ်သက်ရောက်မှုများကြောင့် မျက်မှောက်ကာလတွင် ကမ္ဘာကြီး၏ အနေအထားသည် ကြီးမားစွာ ကွဲပြားကွာဟမှုများနှင့် တွေ့ကြုံနေရပြီး လုံခြုံရေးကဏ္ဍတွင်လည်း အပြိုင်အဆိုင် လွှမ်းမိုးနိုင်ရန် အပြင်းအထန် အားထုတ်မှု များနှင့်အတူ ကြီးမားသည့် အင်အားချိန်ခွင်လျှာ အပြောင်းအလဲများ ဖြစ်ပေါ်လျက် ရှိပါကြောင်း။
  • ထိုကဲ့သို့ တည်ငြိမ်လုံခြုံမှု ပိုမိုလျော့နည်းလာသည့် ကမ္ဘာ့အနေအထားသည် အာရှ-ပစိဖိတ်ဒေသကြီး၏ လုံခြုံရေးနှင့် စီးပွားရေးကဏ္ဍများ၌ သိသာထင်ရှားသည့် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိပါကြောင်း။
  • ကမ္ဘာ့အနေအထား မတည်ငြိမ်မှုနှင့် မလုံခြုံမှုတို့မှတစ်ဆင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများကို လျော့ပါးသွားစေရန် လုပ်ဆောင်ရာ၌ အာဆီယံကဲ့သို့သော ဒေသ တွင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများသည် အထူးအရေးကြီးသည့် ကဏ္ဍမှ ပါဝင်လျက်ရှိပါကြောင်း။
  • အပြန်အလှန်ဆွေးနွေးမှုများကို မြှင့်တင်ခြင်း၊ ပဋိပက္ခဖြေ ရှင်းရေးလုပ်ငန်းစဉ်များ ကို ဖော်ဆောင်ပေးခြင်း၊ စီးပွားရေး ပေါင်းစည်းဆောင်ရွက်မှုများကို တိုးမြှင့်စေခြင်း နှင့် နိုင်ငံအများပူးပေါင်းပါဝင်ဆောင်ရွက်မှုကို အားပေးကျင့်သုံးခြင်းများသည် အာရှ-ပစိဖိတ်ဒေသအတွက် စိန်ခေါ်မှုများအား ရင်ဆိုင်ရာ၌ အထောက်အကူဖြစ်စေသည့် အပြင် မရေရာမတည်ငြိမ်သည့် ကမ္ဘာ့ပတ်ဝန်းကျင်အနေအထားအား တည်ငြိမ်အေး ချမ်းပြီး သာယာဝပြောမှုတို့ကို ပြန်လည်ဖော်ဆောင်နိုင်ရန်အတွက်လည်း ကူညီပံ့ပိုး ပေးနိုင်မည်ဖြစ်ပါကြောင်း။
  • အာဆီယံအဖွဲ့အား ၁၉၆၇ ခုနှစ်တွင် ကနဦးအဖွဲ့ဝင်နိုင်ငံများဖြစ်သော အင်ဒို နီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့က အာဆီယံ ကြေညာချက်ကို လက်မှတ်ရေးထိုး၍ ဖွဲ့စည်းခဲ့ပါကြောင်း။
  • ၁၉၈၄ ခုနှစ်တွင် ဘရူနိုင်းနိုင်ငံ၊ ၁၉၉၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ ၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ၊ ၁၉၉၉ ခုနှစ်တွင် ကမ္ဘောဒီးယားနိုင်ငံတို့က အာဆီယံ အဖွဲ့ဝင် နိုင်ငံများအဖြစ် ဝင်ရောက်လာခဲ့ပါကြောင်း။
  • ဘာသာရေးအရ ကွဲပြားခြားနားမှုရှိသည့် အာဆီယံနိုင်ငံများသည် စတင်ဖွဲ့စည်းခဲ့စဉ် ချမှတ်ခဲ့သော အာဆီယံပဋိဉာဉ်စာတမ်းပါ အခြေခံမူဝါဒများဖြစ်သည့် အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်း စွာအတူယှဉ်တွဲနေထိုင်ရေးမူများအား ၎င်း၏နှစ်ပေါင်း ၅၆ နှစ်တာသက်တမ်းတစ် လျှောက်လုံး ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အကျိုး စီးပွားကို စည်းလုံးညီညွတ်စွာဖြင့် ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။
  • လက်ရှိကာလတွင် လူဦးရေ ၆၈၇ သန်းကျော်ရှိပြီး စီးပွားရေးအရလည်း GDP ဒေါ်လာ ၃ ဒသမ ၆၆ ထရီလီယံကျော်ရှိသော အာဆီယံသည် ၎င်း၏ ခိုင်မာတောင့် တင်းသော အင်အားနှင့်စွမ်းပကားကိုအသုံးပြု၍ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများ စွာ၏ အကျိုးစီးပွားအတွက်လည်း ထမ်းရွက်ပံ့ပိုးပေးနိုင်သည့်အခြေအနေကို ရောက် ရှိနေပြီဖြစ်ပါကြောင်း။
  • ထို့ပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြေပေါ်၊ မြေအောက်နှင့် ရေသယံဇာတများ ထုတ်ယူပြီး ကမ္ဘာကြီး၏ စွမ်းအင်လိုအပ်ချက်နှင့် စားနပ်ရိက္ခာလိုအပ်ချက်များအား တစ်ဖက်တစ်လမ်းမှ ပံ့ပိုးပေးနေလျက်ရှိပါကြောင်း၊ အာရှ-ပစိဖိတ်ဒေသရှိ အာဆီယံ အဖွဲ့သည် ဒေသတွင်းပေါင်းစည်းညီညွတ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် မောင်းနှင်အားတစ်ခုဖြစ်လာခဲ့ပါကြောင်း။
  • အာဆီယံစီးပွားရေး အသိုက်အဝန်း၊ နိုင်ငံရေးနှင့်လုံခြုံရေးအသိုက်အဝန်း၊ လူမှုရေး နှင့် ယဉ်ကျေးမှုအသိုက်အဝန်း အစရှိသည့် စုဖွဲ့မှုများနှင့် အာဆီယံအဖွဲ့ဝင်များ အကြား စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများ၌ ပေါင်းစည်း ညီ ညွတ်မှုကို ဖော်ဆောင်နိုင်ခဲ့ပါကြောင်း။
  • အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စု မဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပါကြောင်း၊ စစ်ရေးအတွေ့ အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြက်သော လက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီး အတွက် အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိပါကြောင်း။
  • အာဆီယံအဖွဲ့သည် အာရှ-ပစိဖိတ်ဒေသအတွင်း ပြင်ပအင်အားကြီးနိုင်ငံများနှင့် ထိတွေ့ဆက်ဆံရာတွင် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲ၊ အာဆီယံအပေါင်းသုံး အစရှိ သည့် အာဆီယံနှင့် ပြင်ပမိတ်ဖက်နိုင်ငံများအကြားဆွေးနွေးပွဲ ယန္တရားများတွင် အာဆီယံသည် အဓိကအချက်အချာကျသော အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် အပြင် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုများအပေါ် ဩဇာသက်ရောက်လျက်ရှိပြီး ငြိမ်းချမ်းသောဆက်ဆံရေးလမ်းကြောင်းများကို အားပေးမြှင့်တင်ကာ အကျိုးတူကိစ္စ ရပ်များအတွက် ပူးပေါင်းဆောင်ရွက်မှုများကိုလည်း အားကောင်းစေလျက်ရှိပါကြောင်း။
  • ထို့ကြောင့် အာဆီယံ၏ စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသ၏ ငြိမ်းချမ်း ရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်ရာတွင် မရှိမဖြစ် အထူး အရေးပါနေသည်ကို တွေ့ရှိရမည်ဖြစ်ပါကြောင်း။
  • သို့ဖြစ်၍ အာဆီယံ၏ စည်းလုံးညီညွတ်မှုခိုင်မြဲနေသမျှ အာဆီယံသည် အာရှ-ပစိ ဖိတ်ဒေသအတွက် အရေးပါသည့် အင်အားအဖြစ်ရှိနေမည်ဖြစ်ပါကြောင်း၊ အာဆီယံ အဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို အားကြိုးမာန် တက် ဖော်ဆောင်လျက်ရှိချိန်တွင် တစ်ဖက်တွင်လည်း အဆိုပါစည်းလုံးညီညွတ် မှုကို စိန်ခေါ်နေသောခြိမ်း‌ခြောက်မှုများလည်းရှိနေပါကြောင်း။
  • မြန်မာနိုင်ငံနှင့်ပတ်သက်၍ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်ပါကြောင်း။
  • မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသောပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ တစ်ရပ်ကိုကျင်းပပြီး အနိုင်ရရှိသော နိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိ စေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုး တက်ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိသည်ကို ပြောကြား လိုပါကြောင်း။
  • အာဆီယံဒေသသည် အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာတို့ကို ပေါင်းကူးပေးသည့် နေရာတွင်ရှိပြီး အာရှ-ပစိဖိတ်ဒေသ၏ ဗဟိုချက်အဖြစ် တည်ရှိလျက်ရှိပါကြောင်း၊ အာဆီယံ၏စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသကြီး တစ်ခုလုံး၏ တည်ငြိမ် အေးချမ်းရေးအတွက် များစွာအရေးပါလျက်ရှိသဖြင့် အနာဂတ်တွင် အာရှ-ပစိဖိတ် ဒေသတွင်း နက်နဲရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံ အပါအဝင် ဒေသတွင်းနိုင်ငံများအားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုခိုင်မာအောင်ဆောင်ရွက်ကာ ကျော်လွှားတုံ့ပြန်သွားကြရမည်ဖြစ်ပါကြောင်း။
  • ဒေသတွင်းနိုင်ငံများအကြား အငြင်းပွားမှုများနှင့် ပြဿနာများအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာသွားရမည်ဖြစ်ပြီး ရရှိလာသောအခွင့် အလမ်းများကို အမိအရအသုံးချ၍ ဒေသတွင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းဖြင့်ပြောကြားသည်။

          ထို့နောက် (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023) ကို ဒေသခံစံတော်ချိန် ည ၆ နာရီခွဲအချိန်တွင် ရုပ်သိမ်းလိုက်သည်။

          အဆိုပါ (၁၁) ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS – 2023)သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်အပါအဝင် နိုင်ငံ ၅ နိုင်ငံမှ အကြီးအကဲများက Video မှတ်တမ်း ပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်း အပါအဝင် နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ် ၂၀ ဦး၊ နိုင်ငံ ၁၆ နိုင်ငံမှ ဒုတိယ ကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂ နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦး အပါအဝင် စုစုပေါင်း ၈၀၀ ကျော်ပါဝင်တက် ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၇-၈-၂၀၂၃)

 

  • မျက်မှောက်ကာလတွင် ကမ္ဘာကြီး၏ အနေအထားသည် ကြီးမားစွာ ကွဲပြားကွာဟ မှုများနှင့် တွေ့ကြုံနေရပြီး လုံခြုံရေးကဏ္ဍတွင်လည်း အပြိုင်အဆိုင် လွှမ်းမိုးနိုင်ရန် အပြင်းအထန် အားထုတ်မှုများနှင့်အတူ ကြီးမားသည့် အင်အားချိန်ခွင်လျှာ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိ။
  • ကမ္ဘာ့အနေအထား မတည်ငြိမ်မှုနှင့် မလုံခြုံမှုတို့မှတစ်ဆင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများကို လျော့ပါးသွားစေရန် လုပ်ဆောင်ရာ၌ အာဆီယံကဲ့သို့သော ဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းများသည် အထူးအရေးကြီးသည့် ကဏ္ဍမှ ပါဝင်လျက်ရှိ။
  • ဘာသာရေးအရ ကွဲပြားခြားနားမှုရှိသည့် အာဆီယံနိုင်ငံများသည် စတင်ဖွဲ့စည်း ခဲ့စဉ် ချမှတ်ခဲ့သော အာဆီယံပဋိဉာဉ်စာတမ်းပါ အခြေခံမူဝါဒများဖြစ်သည့် အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို မစွက်ဖက်ရေးနှင့် အဖွဲ့ဝင်နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများအား ၎င်း၏နှစ်ပေါင်း ၅၆ နှစ်တာသက် တမ်းတစ်လျှောက်လုံး ခိုင်ခိုင်မာမာ စွဲကိုင်ရပ်တည်လာခဲ့ပြီး အဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို စည်းလုံးညီညွတ်စွာဖြင့် ဖော်ဆောင်နိုင်ခဲ့။
  • လက်ရှိကာလတွင် လူဦးရေ ၆၈၇ သန်းကျော်ရှိပြီး စီးပွားရေးအရလည်း GDP ဒေါ်လာ ၃ ဒသမ ၆၆ ထရီလီယံကျော်ရှိသော အာဆီယံသည် ၎င်း၏ ခိုင်မာတောင့် တင်းသော အင်အားနှင့်စွမ်းပကားကိုအသုံးပြု၍ ဒေသတွင်းနှင့် ဒေသပြင်ပနိုင်ငံများ စွာ၏အကျိုးစီးပွားအတွက်လည်း ထမ်းရွက်ပံ့ပိုးပေးနိုင်သည့်အခြေအနေကို ရောက် ရှိနေပြီဖြစ်။
  • စစ်ရေးအတွေ့ အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြက်သော လက်နက်များ ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက် အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိ။
  • လက်ရှိကာလတွင် မြန်မာနိုင်ငံ၏အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်။
  • မိမိတို့အနေဖြင့် လွတ်လပ်၍တရားမျှတသောပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ တစ် ရပ်ကိုကျင်းပပြီး အနိုင်ရရှိသောနိုင်ငံရေးပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံ တော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်းလုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးတို့အတွက် ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိ။
  • အာဆီယံ၏စည်းလုံးညီညွတ်မှုသည် အာရှ-ပစိဖိတ်ဒေသကြီး တစ်ခုလုံး၏ တည် ငြိမ်အေးချမ်းရေးအတွက် များစွာအရေးပါလျက်ရှိသဖြင့် အနာဂတ်တွင် အာရှ-ပစိဖိတ်ဒေသတွင်း နက်နဲရှုပ်ထွေးသောစိန်ခေါ်မှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အာဆီယံအပါအဝင် ဒေသတွင်းနိုင်ငံများအားလုံး၏ စည်းလုံးညီညွတ်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုခိုင်မာအောင်ဆောင်ရွက်ကာ ကျော်လွှားတုံ့ပြန်သွားကြရမည် ဖြစ်။

Add new comment