လက်နက်ကိုင်သောင်းကျန်းသူများနှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့ရှိ မြို့/ရွာများနှင့် နိုင်ငံတော်ပိုင်အဆောက်အအုံများအား မီးရှို့ဖျက်ဆီးခြင်း၊ ၎င်းတို့အားမထောက်ခံသည့် ဒေသခံပြည်သူများအား ဒလန်ဟု စွပ်စွဲ၍ ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ လမ်း/တံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိရာ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူများ အေးချမ်းသာယာစွာ နေထိုင်နိုင်ရေးအတွက်အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်ဖြင့်တိုက်ခိုက်ချေမှုန်းလျက်ရှိပြီး နယ်မြေလုံခြုံရေးတာဝန်များကို နေ့ညမပြတ်ထမ်းဆောင်လျက်ရှိပါသည်။
ဖေဖော်ဝါရီလ ၁၀ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်အတွင်း ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ကာကွယ်စောင့်ရှောက်နေပြီး လုံခြုံရေးတာဝန်များထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပြင်ဦးလွင်မြို့၌ သံဃာတော်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက အောင်သပြေပန်းများ၊ ပန်းကုံးများ၊ အိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြ ကြိုဆိုထောက်ခံအားပေးခဲ့ကြောင်း သိရှိရပါသည်။
သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၂-၂၀၂၄)
- ပြင်ဦးလွင်မြို့နယ်အတွင်း ပြည်သူလူထု၏အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ကာကွယ်စောင့်ရှောက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား သံဃာတော်များ၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများက အောင်သပြေပန်းများ၊ ပန်းကုံးများအိုးစည်ဒိုးပတ်များဖြင့် သောင်းသောင်းဖြဖြကြိုဆိုထောက်ခံအားပေးခဲ့။
Add new comment