ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၏ပြောကြားချက်

       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း အမိန့်ကြော်ငြာစာကို ကြော်ငြာခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်းသည့် အကြောင်းအရာများနှင့်ပတ်သက်၍ ပြောကြားခဲ့ပါသည်-

  • မြန်မာနိုင်ငံမှာ ၁၉၅၉ ခုနှစ်ကတည်းကတိုင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုတာရှိပြီး နိုင်ငံတော်အေးချမ်းသာယာရေးနှင့်   ဖွံ့ဖြိုးရေးကောင်စီလက်ထက် ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလထဲမှာ ဥပဒေအမှတ် (၂၇/ ၂၀၁၀ )နဲ့ ၁၉၅၉ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြင်ဆင်ပြီး သတ်မှတ်ခဲ့တာဖြစ်ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အခန်း ၈ ခန်းပါဝင်ပြီး အခန်း ၁ မှာတော့ စစ်မှုထမ်းရမယ့်ကာလတွေ၊ အသက်အရွယ်တွေပါဝင်ကြောင်း၊ စစ်မှုထမ်းရမယ့် အသက်အရွယ်အနေနဲ့ နိုင်ငံသားတိုင်း အမျိုးသားဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၃၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မကျော်သေးတဲ့သူတွေဖြစ်ကြောင်း၊ ကျွမ်းကျင်ပညာရှင်များအနေနဲ့ကတော့ အမျိုးသားအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးတဲ့သူတွေ အားလုံးသည် စစ်မှုထမ်းဆောင်ဖို့အတွက် တာဝန်ရှိကြောင်း၊  စစ်မှုထမ်းဆောင်ရမယ့်ကာလကတော့  ၂၄ လ/နှစ်နှစ်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များအနေနဲ့ ၃၆ လ/သုံးနှစ်ဖြစ်ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရတဲ့ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံသားတိုင်းဟာ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းဖို့ တာဝန်ရှိတာနဲ့အညီ စစ်ပညာသင်ကြားဖို့နဲ့  နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ကြောင်း။
  • နိုင်ငံသားတိုင်း စစ်မှုတာဝန်ထမ်းဆောင်နိုင်ရေးအတွက် တပ်မတော်ဟာ ပုဒ်မ ၂၀ (ဃ)မှာ “တပ်မတော်သည် နိုင်ငံတော်လုံခြုံရေးနဲ့ ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်” လို့ ပြဋ္ဌာန်းထားတာ တွေ့ရမှာဖြစ်ကြောင်း။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အခြေခံဥပဒေပုဒ်မ ၃၃၉ မှာ နိုင်ငံတော်ကို ပြည်တွင်း/ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်။ ပုဒ်မ ၃၄၀ မှာ တပ်မတော်ဟာ အမျိုးသားကာကွယ်ရေးနဲ့  လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်။ တပ်မတော်၏ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မဟာဗျူဟာ ဖော်ဆောင်ရမည်လို့ပါရှိတာကို တွေ့ရမှာဖြစ်ကြောင်း။
  • ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဥပဒေအမှတ် (၂၇/၂၀၁၀)နဲ့ ပြဋ္ဌာန်းခဲ့ပြီး အဲ့ဒီတစ်ရက်ထဲမှာပဲ နောက်ထပ် ဥပဒေအမှတ် (၂၈/၂၀၁၀)နဲ့  အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့ကြောင်း။
  • ကမ္ဘာပေါ်မှာ စစ်မှုမထမ်း မနေရ ပြဋ္ဌာန်းထားတဲ့ နိုင်ငံ  ၁၈ နိုင်ငံခန့်ရှိပြီး စစ်မှုထမ်းဆောင်ခြင်းဆိုတာသည် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးအတွက် ပြည်သူအားလုံးမှာ တာဝန်ရှိတာနဲ့အညီ ပြဋ္ဌာန်းချက်အမျိုးမျိုး၊ ဥပဒေအမျိုးမျိုးနဲ့ ပြဋ္ဌာန်းသက်ဝင်လှုပ်ရှားနေတာပဲဖြစ်ကြောင်း။
  • မြန်မာနိုင်ငံမှာလည်း စစ်မှုထမ်းဆောင်ခြင်း ဆိုတဲ့အကြောင်းအရာသည် ယခင်ကတည်းကတိုင်  ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ အင်္ဂလိပ်လက်ထက် ဂျပန်ခေတ်ကတိုင် ထောင်ပြုမြို့၊ ဆယ်ပြုမြို့၊ ရာပြုမြို့စတဲ့ စစ်မှုထမ်းဆောင်နိုင်ရန်အတွက် မြို့အလိုက်ကနေပြီးတော့  စစ်မှုထမ်းဆောင်ရန် ဆင့်ခေါ်လျှင် မြို့အလိုက် လူဦးရေတစ်ထောင်၊ လူဦးရေရာဂဏန်း၊ လူဦးရေဆယ်ဂဏန်း စစ်မှုထမ်းဆောင်ရန်အတွက် လုပ်ဆောင်ပေးခဲ့ရကြောင်း။
  • ဒါ့အပြင် လွတ်လပ်ရေးတိုက်ပွဲဝင်ကာလ ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ဗမာ့လွတ်လပ်ရေးတပ်မတော် BIA ဖွဲ့စည်းခဲ့ကြောင်း။ BIA  မှာလည်း စစ်မှုထမ်းဆောင်ဖို့ စစ်စည်းရုံးဖို့ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း။ ဗန်ကောက်မှာ အင်အား ၂၀၀ လောက်နဲ့စတင်ခဲ့တဲ့ BIA  ဟာ ၆ လ/ ၇ လအတွင်းမှာ အင်အား ၅ သောင်းအထိ စစ်စည်းရုံးနိုင်ခဲ့ပြီး လွတ်လပ်ရေးကို ရယူနိုင်ခဲ့ကြောင်း။
  • မြန်မာနိုင်ငံအနေနဲ့ ကျင့်သုံးနေတဲ့ စစ်မဟာဗျူဟာသည် ပြည်သူ့စစ်မဟာဗျူဟာဖြစ်ကြောင်း၊ တပ်မတော်အနေနဲ့ စစ်စည်းရုံးနိုင်မှုစွမ်းရည်နဲ့ ပြည်သူ့စစ်မဟာဗျူဟာကို ဖော်ဆောင်နိုင်မှုစွမ်းရည်တွေကို ပြည်ပကျူးကျော်မှုဖြစ်တဲ့ တရုတ်ဖြူ ကူမင်တန်ကျူးကျော်စစ်ကာလ ပြည်တွင်းသောင်းကျန်းမှု အရှိန်မြှင့်တင်နေတဲ့ကာလတွေမှာ ဆောင်ရွက်ခဲ့ရတာဖြစ်ကြောင်း။
  • ဒီနေ့ဒီအချိန်အခါမှာလည်း မြန်မာနိုင်ငံအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ ပြည်သူအားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံးဖို့လိုအပ်လာတဲ့အတွက်ကြောင့် ဒါတွေကိုဆောင်ရွက်ရခြင်းဖြစ်ကြောင်း။
  • ပြည်သူ့စစ်မဟာဗျူဟာရဲ့သဘောမှာ အမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့အကြား အဆက်အစပ်ဆိုတာပဲဖြစ်ကြောင်း၊ ဒါကြောင့်မလို့ ဒီအမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့ရဲ့အကြား အဆက်အစပ်ကို ပြည်သူ့စစ်မှုထမ်းဥပဒေက ပိုပြီးတော့ ခိုင်မာစေမှာဖြစ်ကြောင်း။

ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင်တဲ့အကျိုးကျေးဇူးတွေအနေနဲ့ကတော့ စစ်ကိုဟန့်တားနိုင်တဲ့စွမ်းရည် Deterrence Power ပိုမိုပြီး ရရှိလာမှာဖြစ်ကြောင်း၊ အမြဲတမ်းတပ်မတော်ကို အင်အားအကြီးမားဆုံး၊ အခိုင်ခံ့ဆုံး မတည်ဆောက်ဘဲ ပြည်သူအားလုံးပါဝင်တဲ့စနစ်ကို ဖော်ဆောင်တာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးတည်ဆောက်မှုနဲ့ ကာကွယ်ရေးတည်ဆောက်မှုတို့ကို ဘက်ညီမျှတစေမှာလည်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၁၁-၂-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖေဖော်ဝါရီလ ၁၀ ရက်တွင် ပြည်သူ့ စစ်မှုထမ်းဥပဒေအာဏာတည်သည့် နေ့ရက်သတ်မှတ်ခြင်း  အမိန့်ကြော်ငြာစာကို ကြော်ငြာခဲ့။
  • နိုင်ငံသားတိုင်း အမျိုးသားဆိုရင် အသက် ၁၈ နှစ် ပြည့်ပြီး ၃၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး ၂၇ နှစ် မကျော်သေးတဲ့သူတွေ၊ ကျွမ်းကျင်ပညာရှင်များအနေနဲ့ကတော့ အမျိုးသားအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၄၅ နှစ် မကျော်သေးတဲ့လူတွေ၊ အမျိုးသမီးအသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မကျော်သေးတဲ့သူတွေ အားလုံးသည် စစ်မှုထမ်းဆောင်ဖို့အတွက် တာဝန်ရှိ၊  စစ်မှုထမ်းဆောင်ရမယ့် ကာလကတော့  ၂၄ လ/နှစ်နှစ်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များအနေနဲ့ ၃၆ လ/သုံးနှစ်ဖြစ်။
  • နိုင်ငံသားတိုင်းဟာ ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းဖို့ တာဝန်ရှိတာနဲ့အညီ  စစ်ပညာသင်ကြားဖို့နဲ့  နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်နိုင်ရန် ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်။
  • ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှာ ဥပဒေအမှတ် (၂၇/၂၀၁၀)နဲ့ ပြဋ္ဌာန်းခဲ့ပြီး အဲ့ဒီတစ်ရက်ထဲမှာပဲ နောက်ထပ် ဥပဒေအမှတ် (၂၈/၂၀၁၀)နဲ့  အရန်တပ်ဖွဲ့ဥပဒေကို ပြဋ္ဌာန်းခဲ့။
  • မြန်မာနိုင်ငံအနေနဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေများအရ ပြည်သူ့စစ်မဟာဗျူဟာ ပြည်သူအားလုံးပါဝင်တဲ့ အမျိုးသားစစ်မှုထမ်းစနစ် မဖြစ်မနေ ကျင့်သုံးဖို့လိုအပ် လာတဲ့ အတွက်ကြောင့် ဒါတွေကိုဆောင်ရွက်ရခြင်းဖြစ်။
  • ပြည်သူ့စစ်မဟာဗျူဟာရဲ့ သဘောမှာ  အမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့အကြား အဆက်အစပ်ဆိုတာပဲဖြစ်၊ ဒါကြောင့်မလို့ ဒီအမြဲတမ်းတပ်မတော်နဲ့ ပြည်သူတို့ရဲ့ အကြား အဆက်အစပ်ကို ပြည်သူ့စစ်မှုထမ်းဥပဒေက ပိုပြီးတော့ ခိုင်မာစေမှာဖြစ်။
  • ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးကျေးဇူးတွေ အနေနဲ့ကတော့ စစ်ကိုဟန့်တားနိုင်တဲ့ စွမ်းရည် Deterrence Power ပိုမိုပြီး ရရှိလာမှာဖြစ်၊ အမြဲတမ်းတပ်မတော်ကို အင်အားအကြီးမားဆုံး၊ အခိုင်ခံ့ဆုံး မတည်ဆောက်ဘဲ ပြည်သူအားလုံးပါဝင်တဲ့စနစ်ကို ဖော်ဆောင်တာဖြစ်တဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးတည်ဆောက်မှုနဲ့ ကာကွယ်ရေးတည်ဆောက်မှုတို့ကို ဘက်ညီမျှတစေမှာလည်းဖြစ်။
vidos: 

Add new comment