ဇရပ်ကြီးမြို့အတွင်း လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် လက်နက်/ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ၊ အကြမ်းဖက်သောင်းကျန်းသူများက ပရဟိတလုပ်ငန်းသုံးယာဉ်များအသုံးပြု၍ လက်နက်/ခဲယမ်းသယ်ဆောင်ခြင်းများ လုပ်ဆောင်နေ

       ပဲခူးတိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့ရှိ နယ်မြေခံတပ်ရင်းအား ဖေဖော်ဝါရီလ ၇ ရက်တွင် KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများက အင်အားအလုံးအရင်းဖြင့် လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်မှလေကြောင်း ပစ်ကူ၊ လက်နက်ကြီးပစ်ကူများ ရယူကာ အောင်မြင်စွာဖြင့် ရွပ်ရွပ်ချွံချွံ ပြန်လည်တွန်းလှန်တိုက်ထုတ်ခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဖေဖော်ဝါရီလ ၈ ရက်တွင် ဇရပ်ကြီးမြို့အတွင်း အသေးစိတ်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ-

  • ကားလမ်းဘေးနေရာတစ်ခု၌ လမ်းဘေးထိုးကျပျက်စီးနေသည့် အလင်းစေတမန်ပရဟိတအသင်းလူနာသယ်ယာဉ်တစ်စီးအား တွေ့ရှိခဲ့ပြီး ယာဉ်ပေါ်တွင် သောင်းကျန်းသူအလောင်းအချို့နှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းအချို့တို့ကို သိမ်းဆည်းရရှိခဲ့။
  • KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ်အကြောင်းပြ၍ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ငန်းတွင် ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ယူပို့ဆောင်ခြင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရ။
  • ဇရပ်ကြီးမြို့အနောက်ဘက် ကျေးရွာများအတွင်း လုံခြုံရေးလုပ်ငန်းများ အသေးစိတ်ဆောင်ရွက်ခဲ့ရာ သောင်းကျန်းသူများ ခိုအောင်းခဲ့ပြီး တပ်မတော်စစ်ကြောင်းများနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် ဖရိုဖရဲဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် ကျန်ရှိခဲ့သည့် လက်နက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများအား ကားလမ်းဘေးအဆောက်အဦအတွင်း သောင်းကျန်းသူအလောင်းအချို့နှင့်အတူ ထပ်မံသိမ်းဆည်း ရရှိခဲ့။
  • အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် တပ်မတော်စစ်ကြောင်းများ၏တိုက်ခိုက်မှု၊ လေကြောင်းပစ်ကူနှင့် လက်နက်ကြီးပစ်ကူပေးမှုတို့ကြောင့် အထိနာစွာဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် မြို့တွင်းရှိ အပြစ်မဲ့ပြည်သူများ၏နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေနပ်မှုမရှိသည့် ဒေသခံပြည်သူအချို့၏ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံများကို နာကြည်းမှုဖြင့် ပေးပို့လာကြောင်းတွေ့ရှိရ။

KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် အကြမ်းဖက်လုပ်ငန်များလုပ်ဆောင်ရာတွင် ပရဟိတလုပ်ငန်းများကို အကြောင်းပြ၍ ဟန်ပြလူနာတင်ယာဉ်များဖြင့် လူနှင့်လက်နက်/ ခဲယမ်းသယ်ဆောင်ခြင်းများကို လုပ်ဆောင်နေကြောင်း သိရှိရသဖြင့် မိဘပြည်သူများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက်  မိမိတို့နေထိုင်သော မြို့/ရွာများအတွင်း အကြမ်းဖက်သမားများ၏ အဖျက်လုပ်ရပ်များဆောင်ရွက်မှုနှင့်ပတ်သက်၍ သိရှိရပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာ သတင်းပေးပို့နိုင်ကြောင်းသိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၂-၂၀၂၄)

 

  • ဇရပ်ကြီးမြို့အတွင်း လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်စဉ် လမ်းဘေးထိုးကျပျက်စီးနေသည့် အလင်းစေတမန်ပရဟိတအသင်းလူနာသယ်ယာဉ်တစ်စီးအား တွေ့ရှိခဲ့ပြီး ယာဉ်ပေါ်တွင် သောင်းကျန်းသူ အလောင်းအချို့ နှင့် အသင့်ထုပ်ပိုးထားသည့် လက်နက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းအချို့တို့ကို သိမ်းဆည်းရရှိခဲ့။
  • KNLA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ပရဟိတလုပ်ငန်းခေါင်းစဉ်အကြောင်းပြ၍ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်လက်နက်၊ ခဲယမ်းများ သယ်ဆောင်ခြင်း၊ အကြမ်းဖက်လုပ်ငန်းတွင် ထိခိုက်ဒဏ်ရာရရှိသူများကို သယ်ယူပို့ဆောင်ခြင်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ထုတ်တွေ့ရှိရ။
  • အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ဆုတ်ခွာထွက်ပြေးရာတွင် မြို့တွင်းရှိ အပြစ်မဲ့ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ရာ ကျေနပ်မှုမရှိသည့် ဒေသခံပြည်သူအချို့၏ ရိုက်ကူးထားသော မှတ်တမ်းဓာတ်ပုံများကို နာကြည်းမှုဖြင့် ပေးပို့လာကြောင်းတွေ့ရှိရ။
vidos: 

Add new comment