ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း မန္တလေးတက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူများအား မီဒီယာပညာပေးဆွေးနွေးပွဲပြုလုပ်

      ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဖေဖော်ဝါရီလ ၈ ရက်တွင် မန္တလေးမြို့ ရတနာပုံခန်းမ၌ ကျင်းပသည့် မန္တလေးရှိ တက္ကသိုလ်နှင့်ကောလိပ်များမှ ကျောင်းသားကျောင်းသူများအား “တားဆီးကာကွယ် မီဒီယာအဆိပ်သင့်မှုအန္တရာယ်” နှင့် “နိုင်ငံတော်တည်ဆောက်ရေးနှင့် မီဒီယာ၏အခန်းကဏ္ဍ” ပညာပေးဆွေးနွေးပွဲသို့ တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲ၌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက-

  • အချို့သော သတင်းမီဒီယာများသည် နိုင်ငံကို အမှောင်ထဲသို့ကျအောင် ချောက်ချလျက်ရှိသည်ကို တွေ့ရကြောင်း၊ သတင်းမှားများကို ခွဲခြားသိရှိရှောင်ရှားပြီး သတင်းမှန်များကို ကောင်းမွန်စွာအသုံးချတတ်မည်ဆိုပါက မိမိတို့နေ့စဉ်လူမှုဘဝအတွက် များစွာ အကျိုးကျေးဇူးရှိမည် ဖြစ်ပါကြောင်း။
  • အချို့သော သတင်းများသည် စိတ်ခံစားမှုကိုအခြေမခံသင့်ဘဲ ဦးနှောက်နှင့် ချင့်ချိန်စဉ်းစားသင့်ပါကြောင်း၊ စိတ်ခံစားမှုများလာပါက အမှားကိုအမှန်ထင်တတ်ကြောင်း။
  • ယနေ့မြန်မာနိုင်ငံတွင် အချို့လူငယ်များသည် အတွေးအခေါ်အယူအဆများ လွဲမှားနေသည့်အတွက် လမ်းမှားသို့ ရောက်နေကြရာတည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှုကို ဆောင်ရွက်ကာ လူငယ်များက တိုင်းပြည်တည်ဆောက်ရေးတွင် ကြိုးပမ်းဆောင်ရွက်သင့်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က-

  • ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး မဏ္ဍိုင်သုံးရပ်ကို ထိန်းကျောင်းပေးနေသည်မှာ စတုတ္ထမဏ္ဍိုင်ဖြစ်သည့် သတင်းမီဒီယာဖြစ်သောကြောင့် သတင်းမီဒီယာကဏ္ဍကို အားကောင်းအောင် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
  • သတင်းမှန်များကိုသာ စားသုံးသင့်ပြီး သတင်းမှားများကို အဆိပ်အတောက်ကဲ့သို့ သတ်မှတ်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပါသည်။

ဆွေးနွေးပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုး​အောင်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တက္ကသိုလ်ကောလိပ် ၁၂ ခုမှ ပါမောက္ခချုပ်များနှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၂-၂၀၂၄)

 

  • အချို့သော သတင်းမီဒီယာများသည် နိုင်ငံကို အမှောင်ထဲသို့ကျအောင် ချောက်ချလျက်ရှိ၊ အချို့သောသတင်းများသည် စိတ်ခံစားမှုကိုအခြေမခံသင့်ဘဲ ဦးနှောက်နှင့် ချင့်ချိန် စဉ်းစားသင့်၊ အချို့လူငယ်များသည် အတွေးအခေါ်အယူအဆများ လွဲမှားနေသည့်အတွက် လမ်းမှားသို့ ရောက်နေကြ။
  • သတင်းမှန်များကိုသာ စားသုံးသင့်ပြီး သတင်းမှားများကို အဆိပ်အတောက်ကဲ့သို့ သတ်မှတ်ရန် လိုအပ်။

 

 

Add new comment