နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယကဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်အား သွားရောက်ဖူးမြော်ကြည်ညို

        နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှတို့သည် တာဝန်ရှိသူများ လိုက်ပါ၍ ဖေဖော်ဝါရီလ ၈ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင် ကျောင်းတိုက် ပဓာနနာယက နိုင်ငံတော် ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါသည်။

ထို့နောက် ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယကအဖွဲ့တွင် ပါဝင်သည့် သီလဓမ္မကုန်းသာတောရကျောင်းတိုက် ဦးစီးပဓာနနာယက (ဝစီပိတ်) ဆရာတော် အမှူးပြုသည့် ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနားအား စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် ကျင်းပနိုင်ရေး လျှောက်ထားဆွေးနွေးပြီး ဆရာတော်ကြီးများထံသို့ အန္တိမအဂ္ဂိဈာပန ပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။

အဆိုပါနဂါးနှစ်ကောင်ကျောင်းတိုက်ပဓာနနာယကဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင်ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ ၄ ခုကို ဖွင့်လှစ်ထူထောင်ထားရှိကြောင်း၊ စာသင်တိုက်များ၌ ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေများအား အစိုးရပါဠိပထမပြန်မူအတိုင်း ဂုံရှမ်းဘာသာဖြင့် စာပေသင်ကြားပို့ချပေးခဲ့ကြောင်း၊ ၁၃၅၅ ခုနှစ်မှစတင်၍ ပိဋကတ်သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက်အက္ခရာတင်ပြီး တာချီလိတ်မြို့၊ ရွှေတိဂုံစေတီတော်ရင်ပြင်တွင် စိုက်ထူတည်ထားကိုးကွယ်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထို့ပြင် တာချီလိတ်မြို့အတွင်းရှိ လူမှုရေးအဆောက်အဦများနှင့် မြေနေရာများ ဆောက်လုပ်လှူဒါန်းပေးခြင်းများစသည့် သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခဲ့ကြောင်း၊ ထိုကဲ့သို့ ဆောင် ရွက်တော်မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံမှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရကြောင်း သိရှိရပါသည်။

သတင်းရင်းမြစ်။ (မြဝတီသတင်းစာ ၉-၂-၂၀၂၄)

 

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့သည် ဖေဖော်ဝါရီလ ရက်က ဘဝနတ်ထံပျံလွန်တော်မူခဲ့သည့် ရှမ်းပြည် နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက် ပဓာနနာယက ဆရာတော်ကြီး၏ ဥတုဇရုပ်ကလပ်တော်အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပနပူဇာသဘင်အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့။

 

Add new comment